“ငါးရံ့မွေးမြူရေးအကြောင်း”
ငါးရံ့ကိုမွေးမြူသင့်သည့်အကြောင်းအရင်းများ
- ဈေးကွက်တွင် လူကြိုက်များသော ငါးဖြစ်နေခြင်း။
- ရောဂါမရှိဘဲ အကြမ်းခံနိုင်ခြင်း။
- အစာချေးမများခြင်း။
- အသေအပျောက်နည်းခြင်း။
- ကျွေးသလောက်စားပြီး စားသလောက် အရွယ်အစားကြီးထွားနိုင်သော ငါးဖြစ်နေခြင်း။
- ငါးစိုရော ငါးခြောက်ပါ ဝယ်လိုအားကောင်းမွန်ခြင်း။
ငါးရံ့မျိုးစိတ်များ
တိုင်းရင်းငါးရံ့မျိုးစိတ်များ မြောက်များစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် ငါးရံ့ (၅) မျိုးရှိကြပါသည်။
(၁) ငါးရံ့အောက်
(၂) ငါးရံ့ဒိုင်
(၃) ငါးရံ့အုံးမတ်
(၄) ငါးရံ့ပနော်
(၅) ငါးရံ့ခေါင်းတို တို့ဖြစ်ကြပါသည်။
ထိုထဲတွင်မှ ငါးရံ့အောက်အမျိုးအစားမှာ ကြီးထွားနှုန်းကောင်းမွန်သဖြင့် ယခုအခါ ငါးရံ့အောက်ကို ဆေးထိုးသားဖောက်စနစ်ဖြင့် သားပေါက်များ ထုတ်လုပ်နေကြပါပြီ။ သားပေါက်များကို သဘာဝမှ လိုက်လံစုဆောင်းထားခြင်း၊ ရှော့တိုက်ဖမ်းယူထားခြင်းမဟုတ်သောကြောင့် အစာကျင့်စရာမလိုသလို အချင်းချင်းစားသုံးခြင်း၊ ကိုက်ခြင်းလည်း မရှိကြပေ။
မွေးမြူသင့်သည့် မြေနေရာ
- တစ်နှစ်ပတ်လုံး ရေနေနိုင်သည့်မြေဖြစ်၍ ရေကို ကောင်းစွာထိန်းသိမ်းနိုင်သည့် ရွံ့စေးမြေ၊ ရွံ့နုန်းမြေဖြစ်ရပါမည်။
ကန်တူးဖော်ခြင်းနှင့် အကျယ်အဝန်း
- ကန်တူးဖော်ရာတွင် တစ်နိုင်တစ်ပိုင်ကန်များ၌ မွေးမြူနိုင်သကဲ့သို့ စီးပွားဖြစ် မွေးမြူလိုပါက (၁) ဧကကန်များ၊ ဒဿမ (၃၀)၊ (၅၀) ကန်များကို တူးဖော်၍ မွေးမြူနိုင်ပါသည်။
- ရေအနက် (၃-၄) ပေခန့်အထိ တူးဖော်ရမည်။ ရေကို အမြဲထိန်းထားရပါမည်။ မိုးများသည့်အခါ ကန်ရေလျှံပြီး ငါးများ ဘေးသို့မထွက်စေရန် ဇာပြာဖြင့် ကာရန်ပေးထားရပါမည်။
ကန်အခြောက်ခံခြင်း(သို့) ကန်ပြုပြင်ခြင်း
- ကန်အခြောက်ခံသည့်အခါတွင် ကန်အောက်ခြေမြေကြီး ပက်ကြားအက်ကွဲသည်အထိ အခြောက်ခံရမည်။
- ဖောက်ထုံး Ca(OH)2 ထည့်ရမည်ဖြစ်ပြီး ကန်ဘောင်အပေါ်ပတ်လည်တွင်လည်း ပက်ဖြန်းပေးရမည်။
ရေကန်ပြုပြင်ဆောင်ရွက်ခြင်း
- အဓိကအားဖြင့် ငါးရံသည် တချို့မွေးငါးများကဲ့သို့ ရေဩဇာဖြည့်စွက်ရန် မလိုအပ်ပါ။ ကန်ကို သေချာစွာသန့်စင်ပြီး ရေကောင်းရေသန့်ရရှိရန်သာ လိုအပ်ပါသည်။
သားပေါက်ထည့်သွင်းနှုန်း
- ငါးရံ့သားပေါက်ကို တစ်ဧက (၈၀၀၀ – ၁၀၀၀၀) နှုန်းဖြင့် ထည့်သွင်းမွေးမြူနိုင်ပါသည်။
- ငါးရံ့ငါးမှာ အသားစား (carnivorous) များဖြစ်ကြသဖြင့် တခြားငါးများနှင့် တွဲဖက်ရောနောမွေးမြူရန် မသင့်တော်ပေ။
- သားပေါက်များကို အတတ်နိုင်ဆုံး အရွယ်အစားညီအောင် ဆိုဒ်များကို စနစ်တကျသန့်စင်ပေးထားရပါမည်။
- ဆေးထိုးသားဖောက်ခြင်းဖြင့် ပြုစုပျိုးထောင်ထားသော ငါးသားပေါက်များသည် အဖတ်တင်နှုန်းကောင်းမွန်ပြီး ကြီးထွားနှုန်းကောင်းပါသည်။
- အစာကျင့်စရာမလိုပေ။ အစာတောင့်များကို အခြားမွေးမြူရေးငါးများကဲ့သို့ ကျွေးနိုင်ပါသည်။
- ငါးရံ့များသည် အသားစားငါးများဖြစ်ကြသဖြင့် ကြီးထွားနှုန်း ပိုမိုကောင်းမွန်စေသည့် ၃၀%, ၃၅%, ၄၀% ပါသော အစာအမျိုးအစားများကိုသာ ကျွေးရပါမည်။
မွေးမြူကာလ
မွေးမြူကာလမှာ ဈေးကွက်အလိုက် ၃ လ၊ ၄ လ၊ ၅ လ၊ ၆ လ၊ ၈ လ အထိ မွေးမြူနိုင်ပါသည်။
အစာကျွေးနှုန်း
သားပေါက်များကို ပထမ(၁)လနှင့် ဒုတိယလတွင် ပရိုတိန်း (protein) အနည်းဆုံး ၄၀% ရာခိုင်နှုန်းပါသော အစာတောင့်များကို ကျွေးသင့်ပါသည်။ ဖွဲနု ၃၀%၊ ငါးအကြေမှုန့် ၄၀%၊ ပဲဖတ် ၃၀%စပ်၍လည်း ကျွေးနိုင်ပါသည်။
ကြီးထွားနှုန်း
ကြီးထွားနှုန်းမှာ (၂၀-၈၀) ကျပ်သားအထိ လအလိုက် မွေးမြူသူ၏ အသုံးပြုသော နည်းပညာနှင့် အစာပေါ်မူတည်၍ ကြီးထွားနှုန်းကောင်းမွန်စေပါသည်။
ငါးရံ့၏ ဂုဏ်သတ္တိနှင့် အသုံးဝင်ပုံများ
ငါးရံ့သည် ချိုဆိမ့်၏။ ခါး၏။ ဖန်၏။ လေ၊ သည်းခြေ၊ သလိပ်တို့ကို နိုင်၏။ နှုတ်ကို မြိန်စေတတ်၏။ ကြေလွယ်၏။ ဝမ်းမီးကို တောက်စေတတ်၏။ ငါးရံ့အသားကို စားသုံးခြင်းဖြင့် အူရောင်၍ ဝမ်းဗိုက်ကြီးသောရောဂါ၊ အစာမစားခြင်း၊ နှုတ်မမြိန်သောရောဂါ၊ ကလေးသူငယ် ပျို့အန်သောရောဂါ၊ ကျောက်ပေါက်သောရောဂါ၊ ငှက်ဖျားရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်ဟု ဆိုကြသည်။ အစာချေအားနည်းသူနှင့် နလန်ထလူနာများအတွက် ငါးရံ့ကိုပြုတ်၍ အသားဖယ်ယူပြီး ဆန်ပြုတ်နှင့်ရောကာ ' ငါးရံ့ဆန်ပြုတ်'အဖြစ် ဓါတ်စာပြုလုပ်ပေးနိုင်ပါသည်။ အစားအသောက်ပျက်၍ ခံတွင်းမတွေ့သူများကို ဂျင်း၊ စပါလင်၊ ကြက်သွန်ဖြူတို့နှင့်ရောပြီး ' ငါးရံ့ဆန်လှော်ဟင်း' ချက်ကျွေးလေ့ရှိကြသည်။
ငါးရံ့ကို အစိုအဖြစ်စားသုံးသလို အခြောက်လှန်းပြီးလည်း ငါးရံ့ခြောက်အဖြစ် မီးကင်ပြီးစားသုံးလေ့ရှိကြသည်။ နှမ်းဆီစစ်စစ်ဆမ်းထားသော ငါးရံ့ခြောက်ဖုတ်သည် သက်ကြီးရွယ်အိုများနှင့် အလွန်သင့်တော်ပေသည်။
ပင်လယ်ပြာ (ငါးဦးစီး)
Ref; သိလိုသည်များကို မေးမြန်းလိုပါက ၀၉- ၇၈၃၀၀၃၆၀၁ ကိုဖုန်းဆက်ပြီး မေးမြန်းနိုင်ပါသည်။
ခင်ခင်လေး
လွန်ခဲ့သော ၂ နှစ် ကငါးရန့မွေးထားတဲ့ကန်ရဇိရင်ကြည့်ချင်ပတယ်
ခင်ခင်လေး
လွန်ခဲ့သော ၂ နှစ် ကငါးရံကိုမွေးလျှင်အများအားဖြင့်ရှုံးတယ်ဟုပြောကြပါသည်အကြောင်းအရင်းသိချင်ပါသည်
ဇင်မင်းခန့်
လွန်ခဲ့သော ၃ နှစ် ကမှန်ကန်ထဲမှာ မွေးရင်အဆင်ပြေမလားဗျ
ဝဏ္ဏစိုး
လွန်ခဲ့သော ၃ နှစ် ကခုမှစမွေးဖိုးလုပ်နေပါတယ်ခင်ဗျာ
C thu
လွန်ခဲ့သော ၄ နှစ် ကရေငံ အရပ်ဒေသမှာ မွေးလို့ရလား ငံတာမှ တူးနေအောင်ငံတာပါ ရေချိုမထွက်တဲ့ဒေသပါ ရေချိုသောက်ရေ လူသောက်ဖို့အတွက်တောင် တခြားနေရာက သဘောဖြင့် မှာယူသောက်ရတဲ့ ဒေသ ဖြစ်နေလို့ပါ ပြန်လည်ဖြေကြားပေးပါဦး ဆရာသမားတို့ ကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026