ကြက်၊ ဘဲ များတွင် ဖြစ်ပွားတတ်တဲ့ ခံတွင်းပျက်အစာမဝင်ခြင်းရောဂါအကြောင်း

22/03/2022 12:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

 

ကြက်၊ဘဲ မွေးမြူသူတွေအနေနဲ့  ကြက်၊ဘဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေအကြောင်းကို သိရှိနိုင်ရန် အတွက်ရေးသားဖော်ပြလိုက်ရပါတယ်။

ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကတော့

 

၁။ အစာနဲ့သောက်ရေ မကောင်းခြင်း။

 

၂။ နေထိုင်ရာနေရာမှာ အကောင်အရေအတွက်များပြီး ကျပ်တည်းခြင်း။

 

၃။ ပူလွန်းခြင်း၊ အေးလွန်းခြင်း။

 

၄။ နှုတ်ခမ်းမှာ ရောဂါအနာတွေဖြစ်ပေါ်ခြင်း။

 

၅။ အစာလမ်းကြောင်းအတွင်း ကပ်ပါးပိုးများ ရှိနေခြင်း။

 

၆။ ဖျားနာခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။

 

ရောဂါလက္ခဏာများမှာ

 

၁။ အစာမစားလိုခြင်း။

 

၂။ အစာရှာ မထွက်လိုခြင်း။

 

၃။ လန်းဆန်းနိုးကြားမှု မရှိခြင်း။

 

၄။ ကိုယ်အလေးချိန် တိုးမလာခြင်းတို့ပဲဖြစ်ပါတယ်။

 

ကာကွယ်ခြင်း

၁။ အစာကို ရုတ်တရက် တစ်မျိုးမှတစ်မျိုးသို့ ပြောင်းပြီး မကျွေးပါနှင့်။

 

၂။ လတ်ဆတ်သန့်ရှင်းပြီး အာဟာရဖြစ်စေမည့် အစာများကို ကျွေးပါ။

 

၃။ ကြက်၊ဘဲ နေသည့်အိမ်ကို သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းထားပါ။

 

၄။ ကြက်ခြံပတ်ဝန်းကျင်ကိုလည်း အမြဲမပြတ် သန့်ရှင်းနေအောင်ထားပါ။

 

ရိုးရာကုသခြင်း

 

၁။ အကယ်၍ ဝမ်းသွားခြင်း၊ အအေးမိချောင်းဆိုးခြင်းများ ဖြစ်ပါက ထိုရောဂါများအတွက် သီးသန့် ကုသပါ။

 

၂။ အစာကို ပြောင်းပြီးကျွေးပါ။

 

၃။ လတ်ဆတ်တဲ့ ပုစွန်ဆိတ်၊ အသားတစ်မျိုးမျိုးရဲ့ အသားစများ၊ အသည်းများကို စဉ်းပြီး ကျွေးပါ။ ထိုအစာတွေက ကြက်၊ဘဲတို့ရဲ့ အစာချေစနစ်ကို နှိုးဆွကောင်းမွန်စေပါတယ်။

 

၄။ ကြက်သွန်ဖြူ ၃၊၄မွှာကိုထောင်း၍ အစာနှင့် ရောကျွေးပါ။ 

 

၅။ ဂျင်း ၁ကျပ်သားကိုထောင်း၍ အစာနှင့်ရောကျွေးပါ။ 

 

၆။ ပျဉ်းတော်သိမ်ရွက် ၁၀ မွှာ မှ ၁၅ မွှာကိုထောင်းပြီး အစာနှင့်ရောကျွေးပါ။

 

၇။ ငရုပ်သီး ၅ တောင့်ကိုထောင်းပြီး အစာနှင့်ရောကျွေးပါ။

 

၈။ ရေကိုလုံးဝမတိုက်ဘဲ ရေအစားလတ်ဆတ်သော အုန်းစိမ်းရည်ကိုသာ ရက်အနည်းငယ် ဆက်တိုက်ပေးပါ။

 

ထိုကဲ့သို့ပြုလုပ်ပေးပါက ကြက်၊ဘဲများ ခံတွင်းပျက်ပြီး အစာမဝင်သည့်ရောဂါမှ သက်သာ ပျောက်ကင်းစေမည် ဖြစ်ပါသည်။

 

ကြက်၊ဘဲများ ရောဂါဘယကင်းဝေးပြီး မွေးမြူသူများလည်း အဆင်ပြေကြပါစေခင်ဗျ။

 

မှီငြမ်း-ဖတ်မှတ်လေ့လာခဲ့သော မွေးမြူရေးစာစောင်များ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်