ကြက်ငယ်ချေးဖြူရောဂါ ကာကွယ်ဖို့..

21/02/2022 12:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ကြက်မွေးမြူသူတွေအနေနဲ့ ကြက်ငယ်တွေမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတွေအကြောင်းကို သိရှိကာ ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်စေဖို့ ရည်ရွယ်ပြီး ရေးသားဖော်ပြလိုက်ရပါတယ်...

ချေးဖြူရောဂါဆိုတာ ကြက်ငယ်များမှာ အဖြစ်များတဲ့ ကြက်ရောဂါတစ်မျိုးဖြစ်ပါ။ ဘက်တီးရီးယား(Bacteria) ကြောင့်ဖြစ်ပြီးတော့

ရောဂါလက္ခဏာတွေကတော့

- အစာစားနှုန်း ကျခြင်း၊

- တောင်ပံများ ကျခြင်း၊

- လမ်းလျှောက်ရန် ခက်ခဲခြင်း၊

- ဝမ်းအရည် (သို့) အဖြူဖတ်များပါခြင်း၊

- မှိုင်တွေခြင်းစတာတွေကို တွေ့ရတတ်ပါတယ်..။

ရောဂါရှိနေတဲ့ ဥကြက်မကြီးတွေရဲ့ ဥကပေါက်ဖွားလာတဲ့ ကြက်ငယ်တွေက ရောဂါ ပိုဖြစ်ပွားလွယ်ပါတယ်။ ကြက်ငယ်အသက် ၃ ပတ်သားအရွယ်မှာ ဖြစ်ပွားတတ်ပြီး သေဆုံးမှု များပါတယ်။ အသက်(-)ရက်အတွင်း စတင်သေဆုံးနိုင်ပြီးတော့ ဥကြက်မကြီးတွေမှာတော့ ဖျားနာမှုလက္ခဏာကို တွေ့ရှိရလေ့မရှိပါ။

ကာကွယ်ကုသနည်းကတော့

-ကြက်ငယ်တွေရဲ့ အစာခွက်၊ရေခွက်နှင့် ကြက်ခြံပတ်ဝန်းကျင်ကို အထူးသန့်ရှင်းရန် လိုအပ်ပါတယ်။

-ရောဂါဖြစ်ပွားနေတဲ့ ကြက်ခြံတွေမှာ ဖျားနာနေတဲ့ ကြက်တွေကို သီးသန့်ခွဲထားသင့်ပြီးတော့ ကြက် သေဆုံးရင် မီးရှို့မြေမြှုပ်ခြင်းကို ပြုလုပ်ရပါမယ်။

-ချေးဖြူရောဂါကို ပဋိဇီဝဆေးများဖြင့်လည်း ကာကွယ်ကုသနိုင်ပါတယ်။

 ကြက်ငယ်တွေချေးဖြူရောဂါကြောင့် သေဆုံးမှုနည်းပြီး ကြက်မွေးမြူသူများလည်း အဆင်ပြေ ကြပါစေဗျာ..

 

ရေးသားသူ- ဦးဇော်(dof)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်