ဆေးဖျန်းပုံးရွေးချယ်ဝယ်ယူနည်း
စိုက်ပျိုးရေးလုပ်သူတိုင်း ဆေးဖျန်းပုံးကတော့မဖြစ်မနေ ဝယ်ရမှာပဲ။
ဆိုတော့ ဆေးဖျန်းပုံးဝယ်ရင် ဘာတွေ စစ်ဆေးကြမလဲ?
ဝယ်နေကြပေမဲ့လို့ သေချာစစ်ဆေးဖို့လိုအပ်ပါတယ်။ ဈေးကလည်း အခုအခြေအနေအရဆိုရင် နည်းတော့တဲ့ ပမာဏလည်းမဟုတ်ဘူးဆိုတော့ အသစ်ဝယ်ရင်လည်းသေချာစစ်ဆေးရမယ်။ ရှိတဲ့ အဟောင်းလေးကိုလည်း ရိုရိုသေသေနဲ့ သုံးရမယ်ပေါ့..
ဆိုင်ရောက်သွားလို့ ဆေးဖျန်းပုံးတွေပြခိုင်းပြီးတော့ ဘာတွေ စစ်ရမလဲဆိုရင်
(၁) ဘယ်လောက်ဆန့်သလဲ ကြည့်ပါ။
ဆေးတော်တော်များများက ဂါလန်(၂၀) ပုံးနဲ့ ဆေးညွှန်းကြတာရှိသလို (၁၆)ဂါလန်နဲ့လည်း ညွှန်းကြပါတယ်။ ဆေးဖျန်းဖို့ ဝယ်တာဖြစ်တဲ့အတွက်ကြောင့်မို့ အဲ့ ၂ မျိုးထဲကနေ ဆေးရည် ဝင်ဆံ့မှုကို ကြည့်ပြီးတော့ ရွေးချယ်နိုင်ပါတယ်။ ဂါလန် (၂၀) ကို မနိုင်လို့ (၁၆)ဂါလန် ပေါ့ပေါ့ပါးပါးရွေးတာမျိုးက ပြဿနာမရှိပေမဲ့လို့ ကြားဆိုဒ်လေးတွေ ထွက်လို့ရွေးလာတယ်ဆိုရင် ဆေးပမာဏ မှန်မှန်ကန်ကန် ထည့်ဖို့အတွက် ပြန်ပြီးတော့ တွက်ချက်ရနိုင်ပါတယ်။ အဲ့လိုဆို ဆေးလောင်တာမျိုး၊ မထိရောက်တာမျိုးဖြစ်နိုင်ပါတယ်။
(၂) နော်ဇယ်ခေါင်းလေးတွေ
အနည်းဆုံး ၃ ခုလောက်ခေါင်းအပိုလေးတွေ ပါကြပါတယ်။ ပုံစံမတူတဲ့ ဖျန်းခေါင်းလေးတွေ အပိုထည့်ပေးထားကြတာလေးကိုလည်း စစ်ဆေးဖို့ လိုပါတယ်။ ကိုယ်က ဘာသီးနှံစိုက်တာလဲ ဘာဆေးဖျန်းရဖို့များသလဲဆိုတာနဲ့ ချိန်ဆ နိုင်ဖို့ဖြစ်ပါတယ်။ အောက်မျက်နှာပြင်မှာ ပိုးတွေများတယ်ဆိုရင် ထိသေဖျန်းမယ်ဆို အောက်ဖက် မျက်နှာပြင်ကို လှန်ပြီး ဖျန်းရင် နော်ဇယ်ခေါင်းက တစ်မျိုး၊ ရွက်ဖျန်းလိုမျိုး ပေါင်းသတ်ဆေးလိုမျိုး သုံးမယ်ဆိုရင်ကျတော့ အပင်ကို အကုန်စိုအောင် ပက်ပေးရမယ်ဆိုတော့ ခေါင်းက တစ်မျိုးအဲ့လို ခေါင်းလေးတွေ လဲသုံးရမှာဆိုတော့ ခေါင်းတွေကိုလည်း စစ်ပေးဖို့ လိုပါမယ်။
(၃) ပြင်းအား
လက်ထိုးပဲဖြစ်ဖြစ်၊ မော်တာပါတာပဲဖြစ်ဖြစ် သူ့ဆီပါတဲ့ ပရက်ရှာဖိအား ပြင်းအားကို စမ်းကြည့်ရမှာဖြစ်ပါတယ်။ စမ်းလိုက်တာက ပြင်းအားအပြင် လက်နှိပ်မှာဆိုရင်လည်း ထွက်နှုန်းကိုလည်း စမ်းပြီးသားဖြစ်သွားမှာပါ။ ကိုယ့်အတွက် လိုအပ်တဲ့ပမာဏကို ချိန်နိုင်တဲ့ ပြင်းအားရနိုင်တဲ့ ဒါမှမဟုတ် ပြင်းအား များတာက ပိုအဆင်ပြေပါတယ်။
(၄) သုံးထားတဲ့ပစ္စည်း
ကော်လား ကွဲနိုင်တဲ့ ကော်ကြွပ်လား ဖိုက်ဘာလား ပလတ်စတစ်လား စတာတွေကို စစ်ဆေးပါ။ တစ်ချို့တွေက သတ္တုကိုသုံးတဲ့ ဆေးဖျန်းပုံးတွေရှိပါတယ်။ အနာအဆာနဲ့ အပေါက်အပြဲကိုစစ်ဆေးကြည့်ဖို့လည်း သတိမမေ့ကြပါနဲ့ခင်ဗျာ။
(၅) လွယ်ကြည့်ပါ။
ကိုယ့်အတွက် သက်တောင့်သက်သာရှိသလား၊ ကြိုးတွေ ခိုင်မခိုင်၊ အလျှော့အတင်းလုပ်လို့ရမရ၊ ကျောခံပြားပါမပါ၊ နာမနာ စမ်းကြည့်ပါ။ လက်နှိပ်နဲ့ဆိုရင်လည်း လက်နှိပ်က သက်တောင့်သက်တာရှိရှိနဲ့ နှိပ်ပြီး လေထိုးလို့ ရ မရဆိုတာတွေ စစ်ဆေးကြည့်ပါ။ တစ်ဧကရှိရင် ၄-၅ ပုံးကတော့ လွယ်ပြီး ဖျန်းရမှာဖြစ်တဲ့အတွက် သက်တောင့်သက်သာရှိဖို့ကလည်း အရေးကြီးပါတယ်။
(၆) ဆေးကြောရတာ လွယ်မလွယ် စစ်ဆေးကြည့်ပါ။
ပေါင်းသတ်ဆေးအတွက် ဆေးဖျန်းပုံး သက်သက်ထားဖို့အတွက် အကြံပြုကြပေမဲ့လို့ မလွဲသာဘူးဆို ဒီဆေးဖျန်းပုံးက စွယ်စုံရ ဖြစ်သွားမှာဆိုတော့ ဆေးကြောတဲ့အချိန်မှာရော သူ့ကို ဆေးရတာ လွယ်ကူမှုရှိမရှိဆိုတာကို စစ်ဆေးကြည့်ပါ။ အချိန်သက်သက် အကြာကြီးပေးနေရတာဆိုရင်လည်း အဆင်သိပ်မပြေတာမို့ ဆေးကြောရတာလွယ်တာကို ရွေးချယ်ပါ။
(၇) စက်ပါရင် ပန့်ကိုကြည့်ကြည့်ပါ။
လေထိုးပန့်လေးပါတယ်ဆိုရင် လေထိုးပန့်အမျိုးအစားကို စစ်ဆေးကြည့်ပါ။ အဝိုင်းပြားလေးနဲ့ဆိုရင်တော့ ဒိုင်ယာဖရင်ပန့် အမျိုးအစားဖြစ်ပြီးတော့ ရှည်ရှည်လေး နဲ့ဆိုရင်တော့ ပစ္စတင်ပန့်ဖြစ်ပါတယ်။ သူတို့အလုပ်လုပ်ပုံတွေမတူညီတဲ့အလျောက် ဆေးရည် ဆေးမှုန်ထွက်တာကလည်း ကွာသွားပါတယ်။
သိသာအောင်ပြောရရင် ဒိုင်ယာဖရင်ပန့်အမျိုးအစားက ငါးကန်လေးတွေမှာ အောက်စီဂျင်ပေးတဲ့အမျိုးအစားပါ။ သားရေပြားလေးပါပြီးတော့ အဲ့သားရေပြားလေးကို လှုပ်အောင်ဖန်တီးပြီး လေကိုထွက်စေပါတယ်။
ပစ္စတင်အမျိုးအစားကတော့ ပစ္စတင်လေးပါပြီးတော့ အလွယ်ပြောရရင်တော့ စက်ဘီး လေထိုးပိုက်လိုမျိုးပါပဲ။
ဒိုင်ယာဖရင်မှာ က ဖိအားလေး နည်းနည်း နည်းပါတယ်။ သူကဆေးစက်ကျတာ ကြီးပြီးတော့ ပင်လုံးပြန့်ဆေးတို့၊ ရေဖျော်ဆေးမှုန့် တို သုံးမယ်ဆိုရင် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။
ပစ္စတင်က ဖိအားနည်းနည်းလေးပိုများပြီးတော့ ဆေးစက်က သေးပါတယ်။ ဆိုတော့ ထိသေ ဆေးမျိုး၊ မွေးမြူရေး တိရစ္ဆာန်တွေကို ဆေးဖျန်းပေးတဲ့နေရာတွေမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။
(၂) ခုလုံးမှာ သူ့အားသာချက်တွေရှိကြပါတယ်။ ကိုယ်သုံးမဲ့ အခြေအနေမှာ ကြည့်ပြီးတော့ ရွေးချယ်လို့ရနိုင်ပါတယ်။

(၈) ဓာတုဆေးတွေနဲ့ တာရှည်ခံမှု
ဓာတုဆေးတွေက တစ်ချို့ ပစ္စည်းတွေကို ပေါက်ပြဲစေတာ၊ ဆွေးစေတာမျိုး ဖြစ်နိုင်ပါတယ်။ တော်ရုံတန်ရုံ ဆေးဖျန်းပုံး တွေကတော့ ဓာတု တော်တော်များများနဲ့ ကိုက်ညီအောင် လုပ်ထားကြပါတယ်။ တစ်ချို့တစ်လေတော့လည်း ပါမှာပါ။ တာရှည်ခံနိုင်တာကို ရွေးလေလေ ကိုယ့်အတွက် ကုန်ကျစရိတ်လည်း ကြာလေ သက်သာလေ ဖြစ်မှာပါ။
(၉) အာမခံ ပါ မပါ
ဝယ်ပြီး သုံးကြည့်မှ သိရမဲ့ ကိစ္စတွေလည်း ရှိတယ်ဆိုတော့ အာမခံ ဘယ်လောက်ပေးထားတာလဲ။ အာမခံချက် အသေးစိပ်နဲ့ အချိန်အတိုင်းအတာကိုလည်း မေးလာဖို့လိုပါတယ်။
ဈေးကြီးတိုင်းလည်း ကောင်းနေတာမဟုတ်သလို ဈေးပေါတိုင်းလည်း အညံ့မဟုတ်လို့ အရွေးမှန်နိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ ရောဂါပိုးမွှားဖျက်ဆီးမှုတွေနည်းပါးပြီး သဘာဝနဲ့ကိုက်ညီတဲ့ စိုက်ပျိုးတောင်သူကြီးများဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းစျေး သိချင်ပါတရ်
htoo • ဖြေကြားချက် 1 ခု
ကွမ်းကသိပ်အတက်မကောင်းလို့ဗျဘာတွေလိုနေတာလဲပြောပေးပါဦးဆရာတို့
တောသားလေး • ဖြေကြားချက် 2 ခု
မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
thiha • ဖြေကြားချက် 2 ခု
sulfur ဖြန်းပီး နောက်တရက်နေရင် copper oxichloride ဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 3 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....