“သံပုရာသီးကို အစိမ်းဈေးကွက်အပြင် Value Added (တန်ဖိုးမြှင့်ထုတ်ကုန်) အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းသင့်”

27/08/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    သံပုရာသီးဈေးကွက် တစ်နှစ်ပတ်လည်လုံး ခိုင်မာမှုရရှိနိုင်စေရန်မှာ တောင်သူများအနေဖြင့် ဈေးကွက်သစ်များ ကိုယ်တိုင်ကိုယ်ကျ နားစွင့်ရှာဖွေသင့်ပြီး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

ကိုဗစ်ကာလဆိုတော့ ဈေးကွက်က နဂိုလောက်တော့မကောင်းဘူး။ အော်ဂဲနစ်အသီးဆိုတော့ ဝယ်ယူသူတော့မပျက်ပါဘူး။ ပုံမှန်ရောင်းနေကြအတိုင်းပဲ ရောင်းရပါတယ်။ လူတိုင်း စားသုံးနိုင်အောင်လို့ ဈေးနှုန်းကိုတော့ တင်မရောင်းပါဘူး။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့တွေကို တင်ပို့နေပါတယ်။ ဈေးကွက်ပျက်မပျက်ဆိုတာက အဓိကကတော့ ဈေးကွက်ရှာနိုင်တဲ့အပေါ်ပဲ မူတည်ပါတယ်။ ခြံထဲမှာထိုင်နေပြီး အသီးမရောင်းရဘူးဆိုပြီး ညည်းနေတယ်ဆိုရင်တော့ ဘယ်ရောင်းရမလဲ။ ကျွန်တော်တို့တောင်သူတွေလည်း ကိုယ်ကိုယ်တိုင် ဈေးကွက်သစ်တွေ ရှာဖွေသင့်ပါပြီ။ တန်ဖိုးမြှင့်ထုတ်ကုန်အနေနဲ့ ထုတ်လုပ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်ပါတယ်။ Value Added လုပ်နိုင်ရင် အကျိုးအမြတ်လည်း ပိုရနိုင်ပါတယ်။

ဟု နေပြည်တော်ရှိ ပြည့်ဝအော်ဂဲနစ်သံပုရာခြံမှ စီမံအုပ်ချုပ်သူ ကိုပြည့်ဝက ပြောသည်။

    သံပုရာသီးကို အစိမ်းဈေးကွက်အပြင် Value Added (တန်ဖိုးမြှင့်ထုတ်ကုန်) အဖြစ် အရည်အသွေးမြှင့်တင် ထုတ်လုပ်နိုင်ပါက ဈေးကွက်သစ်များပေါ်ပေါက်လာနိုင်ပြီး၊ အသီးထွက်နှုန်းများသည့် ကာလများ၌ ဈေးကွက်ကျဆင်းခြင်းဒဏ်ကို ကာမိနိုင်မည်ဖြစ်သည်။

သံပုရာသီးက အများအားဖြင့်တော့ နွေရာသီ မတ်လ၊ ဧပြီလတွေမှာ ဈေးအမြင့်ဆုံးပေါ့။ ဧပြီလကျော်လာပြီးရင် ဈေးက တဖြည်းဖြည်းပြန်ကျသွားတယ်။ ဇွန်လ၊ ဇူလိုင်လ မိုးတွင်းပိုင်းတွေမှာတော့ အသီးထွက်နှုန်းများလာတဲ့အချိန်ဖြစ်လာတော့ ဈေးက အနိမ့်ဆုံးပြန်ရောက်သွားတာပေါ့။ နှစ်တိုင်းကြုံတွေ့နေရတာပါ။ အခုကတော့ ကိုဗစ်ကာလဆိုတော့ ပိုပြီးတော့ ဆိုးတာပေါ့။ အရောင်းအဝယ်တွေ ကမောက်ကမဖြစ်ပြီး၊ ရောင်းအားဝယ်အား မမျှတော့ ခြံသမားတချို့လည်း ဒုက္ခရောက်တာပေါ့။

ဟု ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ သံပုရာရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုစိုးကြီးက  ပြောသည်။

    မြန်မာနိုင်ငံတွင် သံပုရာပင် စီးပွားဖြစ်စိုက်ပျိုးရေးကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အစရှိသည့် ဒေသများ၌ စိုက်ပျိုးထုတ်လုပ်နေသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်