ဥတုရာသီ ဖေါက်ပြန်မှုကို တစ်ဖက်တစ်လမ်း မှ လျော့နည်း သက်သာ စေမည့် စိုက်ပျိုး နည်းစနစ်

12/01/2018 15:42 PM တွင် U Thein Su U Thein Su မှ ရေးသား

ရာသီဥတုဖေါက်ပြန်ရသည့်အကြောင်းအရင်း- ဥတုရာသီ ဖေါက်ပြန်ရမှု၏ အဓိက အကြောင်းအရင်းသည် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်ရပြီး ကမ္ဘာ လေထုအတွင်း ကာဗွန်ဒိုင် အောက်ဆိုက် ဓါတ်ငွေ့ အပါအဝင် မှန်လုံအိမ် ဓါတ်ငွေ့များ၏ ပမာဏ ပိုမို များပြားလာခြင်းကြောင့် ဖြစ်သည်ကို အားလုံး သိရှိပြီးဖြစ်ပါသည်။ ကမ္ဘာ့လေထုအတွင်း မှန်လုံအိမ်ဓါတ်ငွေ့များ ထုတ်လုပ်မှုတွင် စိုက်ပျိုးရေး ကဏ္ဍမှလည်း ပုံစံ အမျိုးမျိုးဖြင့် ပါဝင်လျက်ရှိရာ တောင်ယာခုတ် မီးရှို့သည့် ရွေ့ပြောင်း တောင်ယာစနစ် မှန်လုံအိမ် ဓါတ်ငွေ့များ ထုတ်လုပ်ရာ အဓိက အကြောင်းအရင်း တစ်ခုလည်း ဖြစ်ပါသည်။

(က) တောင်ယာခုတ်မီးရှို့၍ စိုက်ပျိုးသည့် ရွေ့ပြောင်းတောင်ယာစနစ်

ဤစနစ်သည် တောင်ပေါ်တိုင်းရင်းသား ဒေသအားလုံးတွင် ကျင့်သုံးနေကြရဆဲ ဖြစ်သည့် နည်းစနစ် တစ်ခု ဖြစ်ပါသည်။ အခြားအစားထိုးစရာ နည်းစနစ်များဖြင့် အောင်မြင်စွာ လွှဲပြောင်းမပေးနိုင်မှီ ရွေ့ပြောင်းတောင်ယာ လုပ်ကိုင်ရင်းဖြင့်သာ အဓိက ဝမ်းစာ( စပါး/ပြောင်း)တို့ကို စိုက်ပျိုးစားသောက် နေကြရသည်။ တောင်ယာခုတ်ပြီးပါက မီးရှို့ပစ်မှသာ စိုက်ပျိုး၍ ရသည်ဟု လည်း တစ်သက်လုံး စွဲမှတ် လာခဲ့ကြပါသည်။

(ခ) မီးရှို့-မထွန်မြေသြဇာထိန်း စိုက်ပျိုးနည်းစနစ်

ဤနည်းစနစ်သည် တောင်ယာခုတ်ပြီးပါက မီးမရှို့ပဲ ထားသည့် နည်းစနစ် ဖြစ်ပါသည်။ တောင်ယာခုတ် ပြီးနောက် ရရှိလာသည့် အပင်အစိတ်အပိုင်း အားလုံးကို ဖြတ်တောက်၍ တောင်ယာကွက်ပေါ်တွင် မြေပြင်အနှံ့ လုံခြုံစွာ ဖုံးအုပ် ထားပေးရသည်။ ဤကဲ့သို့ အရွက်အကိုင်းအခြောက် တို့ဖြင့် မြေပြင်အနှံ့ လုံခြံုစွာ ဖုံးအုပ် ပေးထားခြင်းဖြင့် ပေါင်းပင်များ ပေါက်ရောက် ရှင်သန်ရန် ခဲယဉ်း သွားပါသည်။ အပင်အစိတ်အပိုင်းများကို မီးမရှို့ပဲ ထားခြင်းဖြင့် မှန်လုံအိမ် ဓါတ်ငွေ့ ထွက်ပေါ်မှုလည်း ဖြစ်မလာတော့ပါ။ အပင်အစိတ်အပိုင်းများသည် တဖြေးဖြေးခြင်း ဆွေးမြေ့သွားကာ မြေဆီမြေသြဇာ အဖြစ်တစ်ဖန် ပြန်လည်ရောက်ရှိသွားပါသည်။ အပင်အစိတ်အပိုင်းများ ဖုံးအုပ်ပေးထားခြင်းဖြင့် မိုးရွာသည့်အခါ မိုးရေသည် မြေမျက်နှာပြင်ပေါ်တွင် လွယ်ကူစွာ စီးဆင်း မသွားတော့ပဲ မြေကြီး ထဲသို့ စိမ့်ဝင်အား ပိုမို ကောင်းမွန်စေပါသည်။

အပင်အစိတ်အပိုင်းများ ဖုံးအုပ်ထားသည့် မြေကွက်ကို စိုက်ချိန်ရောက်သည့် အခါတွင်လည်း မထွန်ယက်တော့ပါ။ စူးထိုးစနစ်ဖြင့် ဖြစ်စေ၊ ပေါက်ပြားဖြင့် ကျင်းရာကလေး ဖေါ်၍ ဖြစ်စေ မျိုးစေ့ကို ထည့်သွင်း စိုက်ပျိုး ပေးရပါသည်။ မြေကွက်တစ်ခုလုံးကို ထယ်ထိုးပေးရခြင်း သို့မဟုတ် ပေါက်ပြားဖြင့် တူးဆွပေးရခြင်းနှင့် နှိုင်းယှဉ်လျှင် စိုက်မည့် နေရာလေး ကိုသာ တူးဆွ ပေးရ သည်မှာ လွန်စွာ လုပ်အား သက်သာစေပါသည်။ တစ်ကွက်လုံး ထွန်ယက်မှု မပြုလုပ် တော့သည့် အတွက် မြေကွက်ပေါ်တွင် ဖုံးအုပ်ထားသည့် အပင်အစိတ်အပိုင်းများ သည်လည်း အနှောက်အယှက် ဒုက္ခပေးစရာ ဖြစ်မလာတော့ပါ။ မြေလွှာကို ထွန်ယက်မှုမပြုတော့သည့်အတွက် ကာဗွန်ဓါတ်ပြုမှု အမျိုးမျိုးကိုလည်း မဖြစ်စေတော့သဖြင့် မှန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု ကိုလည်း ဖြစ်မလာတော့ပါ။  မိုးရွာသည့်အခါ တွင်လည်း အပေါ်ယံ မြေဆီလွှာများ ရေတိုက်စားခံရမှု မဖြစ်စေ တော့ပါ။

ပေါင်းပေါက်ရောက် မှုသည်လည်း မီးရှို့သည့်စနစ်၊ ထွန်ယက်သည့်စနစ်ထက် များစွာ လျော့နည်း စေပါသည်။ တောင်ယာကွက် ကို မီးရှို့လိုက်သည့်အခါ မီးရှို့ပြီး မကြာမှီမှာပင် ပေါင်းပင်များ စိမ်းထလာသည်ကို သတိထားမိကြ ပါလိမ့်မည်။ ထွန်ယက်လိုက် သည့် အခါတွင်လည်း သီးနှံမျိုးစေ့ မစိုက်မှီမှာပင် ပေါင်းက အရင် ထလာသည်ကို တွေ့မြင်နေ ကြရပါသည်။ မရှို့-မထွန် စနစ် တွင် မြေပြင်အနှံ့ အပင်အစိတ်အပိုင်း အခြောက်များဖြင့် လုံခြုံစွာ ဖုံးအုပ်ကာကွယ် ပေးထားသဖြင့် ပေါင်းပင် ပေါက်နိင်မှု အခွင့်အလမ်း တော်တော် နည်းပါးသွား၍ ပေါင်းထမှု အတော်လေး လျော့နည်းပါသည်။ ပေါက်လာသည့် ပေါင်းကိုလည်း သီးနှံပင် မစိုက်မှီ ပေါင်းသတ်ဆေးကို နည်းစနစ် ကျစွာဖြင့် တစ်ကြိမ်တစ်ခါလောက် ပက်ဖြန်းပေးရုံဖြင့် ကာကွယ်ပေး နိုင်ပါသည်။ ဤနည်းစနစ်ကို နှစ်စဉ်နှစ်တိုင်း ဆက်တိုက် ကျင့်သုံးသွားပါက တဖြေးဖြေးဖြင့် ပေါင်းပေါက်ရောက်မှုလည်း လျော့နည်း သွားစေပါသည်။

(ဂ) သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး (Conservation Agriculture)

စာရေးသူသည် ဖေါ်ပြပါခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို VOICE ဂျာနယ်တွင် ရေးသားတင်ပြခဲ့ဖူးပါသည်။ အဓိကအာဖြင့် မရှို့-မထွန် စိုက်ပျိုးနည်းစနစ်ပင် ဖြစ်ပါသည်။ ဤနည်းစနစ်အတိုင်း လားရှိုးမြို့နယ် စံဖြတ်ကျေးရွာမှ ဦးအိုက်စောသည် Welthungerhilfe (WHH) စီမံကိန်းထံမှ နည်းစနစ်များကိုသာ ရယူကာ ၂၀၁၁ခုနစ်၊ မိုးရာသီတွင် သူ၏ တောင်ယာကွက် အဟောင်း၌ ပြောင်းဖူးကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပါသည်။ တောင်ယာကွက်၏ အပိုင်းတစ်ဝက်ကို မရှို့-မထွန်နည်းစနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး ကျန်တစ်ဝက်ကို သမရိုးကျနည်းစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ရာ မရှို့-မထွန်နည်းစနစ် သည် ပိုမို ကောင်းမွန်ခဲ့ကြောင်း လက်တွေ့ စိုက်ပျိုး သိရှိခဲ့ရသဖြင့် ယခုလာမည့်နှစ်တွင် တစ်ကွက်လုံး မရှို့-မထွန် နည်းစနစ်ကိုသာ ကျင့်သုံးစိုက်ပျိုး တော့မည် ဖြစ်ပါသည်။ ယခု ဖေဖော်ဝါရီလ ပထမအပတ် အတွင်းမှာပင် ယခုနှစ်က ပြောင်းဖူးပင်ဟောင်း အားလုံးကို ခုတ်ပိုင် းဖြတ်တောက် ပြီး တောင်ယာကွက် မြေပြင်အနှံ့ ကောင်းစွာ ဖုံးအုပ်ထားပြီး ဖြစ်နေပါသည်။

(ဃ) Welthungerhlife (WHH) စီမံကိန်းနှင့် မရှို့-မထွန်စိုက်နည်းစနစ်

Welthungerhilfe(WHH) အဖွဲ့အစည်းသည် ဂျာမဏီနိုင်ငံ အခြေစိုက်သည့် INGO အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရုံးချုပ်ကို ဖွင့်လှစ် ထားရှိပြီး ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ တွင်လည်း စီမံကိန်းရုံးခွဲ တစ်ခု ဖွင့်လှစ်ထားကာ ကျေးရွာ(၂၆)ရွာတွင် ဆင်းရဲသားဖွံ့ဖြိုးရေး ဘက်စုံအကူအညီပေးမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ မရှို့-မထွန် နည်းစနစ်ကို ၂၀၁၁ခုနစ် မိုးရာသီကတည်းက စီမံကိန်းကျေးရွာ တောင်သူများ အကြား ဖြန့်ဝေပေးခဲ့ပြီး ဦးအိုက်စော၏ ပြောင်းဖူး စံပြကွက် သို့လည်း မိသားစုပေါင်း (၈၀၀)ကျော် ကို ခေါ်ယူ ပြသပေးခဲ့ပါသည်။ ၂၀၁၂ခုနစ်၊ ဖေဖေါ်ဝါရီလဆန်းပိုင်း တွင်လည်း မရှို့-မထွန် နည်းပညာပေး သင်တန်းများကို စီမံကိန်းကျေးရွာမှ တောင်သူများအတွက် ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။ လာမည့် ၂၀၁၂ မိုးရာသီတွင် ဤနည်းစနစ်ကို စီမံကိန်း ကျေးရွာများမှ တောင်သူ အများအပြားသည် လက်တွေ့ ကျင့်သုံးကြတော့မည် ဖြစ်သဖြင့် ယခုအချိန်မှ စတင်ပြီး ယမန်နှစ်ကပြောင်းဖူးကွက် အဟောင်းများကို စတင်၍ ခုတ်ဖြတ်ကာ စိုက်ကွက် မြေပြင်အနှံ့ ဖုံးအုပ် ပေးသည့် အလုပ်ကို လုပ်ကိုင် ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။

မရှို့-မထွန်နည်းစနစ်ကို ကမ္ဘာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံး ဆောင်ရွက်နေကြရာ အာဖရိကနှင့် တောင်အမေရိက တိုက် တို့တွင် အများအပြား လုပ်ဆောင်လျက် ရှိကြပါသည်။ အာရှတိုက်တွင်မူ တရုတ်ပြည်နှင့် ဗီယက်နမ်နိုင်ငံ တို့တွင် ကျယ်ကျယ် ပြန့်ပြန့် လိုက်နာ လုပ်ဆောင်နေ ကြပါသည်။ မြန်မာနိုင်ငံတွင်မူ (WHH) စီမံကိန်းသည် ပထမဦးစွာ နည်းပညာ ဖြန့်ဖြူးပေးသည့် အဖွဲ့အစည်း ဖြစ်မည် ထင်ပါသည်။

(င) တိုက်တွန်းနှိုးဆော်ချက်

၂၀၁၂မိုးရာသီ စိုက်ပျိုးရာသီလည်း မကြာခင် ရောက်ရှိတော့မည် ဖြစ်ပါသည်။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းမှ ပြောင်းဖူးကို နှစ်စဉ် စိုက်ပျိုးလျက် ရှိကြသည့် တောင်သူ အများအပြားသည် မတ်လကုန်ပိုင်း လောက်တွင်မှ ယခင်နှစ် ပြောင်းဖူးပင်ဟောင်း များကို ခုတ်ပစ်ကာ မီးရှို့၍ ထွန်ယက်သည့် အလုပ်ကို လုပ်ဆောင်လေ့ ရှိကြပါသည်။ ဆွေးမြေ့ပြီး မြေသြဇာ ပြန်ဖြစ်သွား ကြရမည့် အပင် အစိတ်အပိုင်း များကို နှစ်စဉ်နှစ်တိုင်း မီးရှို့ဖျက်ဆီးပစ် နေကြသည်မှာ ဆုံးရှုံးမှု များလှပါသည်။ ထိုကဲ့သို့ မီးရှို့ ဖျက်ဆီးပစ်မည့် အစား မရှို့-မထွန် နည်းစနစ်ကို လိုက်နာ ကျင့်သုံး၍ ကိုယ့်မြေကွက်ထဲသို့ သဘာဝမြေဆွေး မြေသြဇာများကို နှစ်စဉ် နှစ်တိုင်း ပြန်လည် ဖြည့်စည်းသင့် လှပါသည်။ မရှို့-မထွန်နည်းစနစ်ကို လိုက်နာ ကျင့်သုံးမည် ဆိုပါက ယခု ဖေဖေါ်ဝါရီလ အတွင်းမှာပင် ပြောင်းဖူး အကွက်ဟောင်း များကို ခုတ်ထွင်ပြီး မြေပြင်အနှံ့ ဖုံးအုပ် ပေးထားရမည့်အချိန် ဖြစ်ပါသည်။

အသေးစိတ် အချက်အလက်များ သိရှိလိုပါက လားရှိုး(WHH) ရုံး(၀၈၂-၂၃၉၂၂၊ ၀၈၂-၃၀၀၅၀၊ ၀၉-၄၇၃၀၂၄၅၇) သို့ ဆက်သွယ် စုံစမ်းနိုင် ပါသည်။ စံဖြတ်ရွာမှ ဦးအိုက်စော၏ အကွက်သို့ လာရောက် လိုပါကလည်း ဝမ်းမြောက်စွာ ဖိတ်ခေါ်အပ်ပါသည်။

ဤရာသီတွင် တောင်ပေါ် တိုင်းရ င်းသားဒေသ အနှံ့အပြား၌ တောင်ယာခုတ်၍ တောမီးရှို့ကြခြင်းကို အများအပြား လုပ် ဆောင်လျက် ရှိကြရာ ကောင်းကင်အနှံ့ သစ်ရွက်ခြောက် ပြာမှုန့်များ အနှံ့အပြား ရှိနေတတ် ကြပါသည်။ လေထုထဲသို့ မှန်လုံအိမ် ဓါတ်ငွေ့များစွာ ထုတ်လုပ် ပေးသကဲ့သို့ ရှိပါသည်။ ဤကိစ္စကို တစ်ဖက် တစ်လမ်းမှ လျော့နည်းစေရန် နှင့် မရှို့-မထွန် နည်းစနစ်ကို ကျင့်သုံးခြင်း အားဖြင့်လည်း ဆုံးရှုံး ပျောက်ကွယ် သွားမည့် မြေဆီသြဇာများကို ထိန်းသိမ်းထားရာ ရောက်ရှိကာ ရေရှည် တည်တံ့မည့် စိုက်ပျိုးရေး စနစ်ဆီသို့ ဦးတည်ရာ ရောက်ရှိသွားမည် ဖြစ်ပါသည်။

သိန်းစု(စိုက်ပျိုးရေးတက္ကသိုလ်)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်