သဘာဝပတ်ဝန်းကျင်ကြီး စိတ်ဆိုးနေတယ်..

17/09/2024 17:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ရာသီဥတုပြောင်းလဲခြင်းနဲ့ သစ်တောပြုန်းတီးမှုများရဲ့ အကျိုးဆက်ကို ကျနော်တို့ စတင်ထိတွေ့ခံစားနေရတာ ဆယ်စုနှစ်တခုစာမက ကြာခဲ့ပါပြီ။

မိုးခေါင်လာတာ၊ မုန်တိုင်းတွေနဲ့ ရေနဲ့ပတ်သက်တဲ့သဘာဝဘေးတွေ အဖြစ်များလာတာစသည်ဖြင့် သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်မှုနည်းပါးတာကြောင့် သဘာဝပတ်ဝန်းကျင်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ပြင်းပြင်းထန်ထန်ခံလာကြရတာက အခုရေကြီးတာက သက်သေပါပဲ။

Global Forest Watch မှာ တွေ့ရတဲ့ ၂၀၂၃ ခုနှစ်က မီးလောင်ခြင်း၊ မီးရှို့ခြင်း၊ ခုတ်ထွင်ခြင်း စသည်တို့ကြောင့် သစ်တောပြုန်းတီးခြင်းအခြေအနေတွေကို လေ့လာကြည့်တဲ့အခါ ...

လူတို့နေထိုင်ရန်မြေကွက်များအတွက် သစ်တောခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ယာလုပ်ငန်းချဲ့ထွင်ရန် သစ်တောခုတ်ထွင်ရှင်းလင်းခြင်း၊ သဘာဝအတိုင်းသစ်တောမီးလောင်ခြင်းနှင့် သဘာဝအတိုင်းသစ်တောများမီးလောင်မှုဖြစ်ခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံ၏ သစ်တောဧရိယာဆုံးရှုံးမှု ပမာဏသည် ၂၀၂၃ ခုနှစ်အတွင်း ဟက်တာ ၃ သိန်းကျော်ရှိခဲ့ကြောင်း Global Forest Watch တွင်တွေ့ရပါတယ်။

၂၀၁၈ ခုနှစ်မှ ၂၀၂၁ အထိ အထက်ပါအကြောင်းများကြောင့် သစ်တောဧရိယာဆုံးရှုံးမှုများမြင့်တက်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် အနည်းငယ်ပြန်လည်လျော့ကျခဲ့ကြောင်းလည်းတွေ့ရပါသည်။ ၂၀၂၃ ခုနှစ်တွင် ပြန်လည်မြင့်တက်ခဲ့ရာ သစ်တောဆုံးရှုံးမှုပမာဏ ဟက်တာ ၃ သိန်း(ဧက ၇ သိန်းလေးသောင်းကျော်)ရှိခဲ့ကြောင်းတွေ့ရပါတယ်။

ပြည်နယ်တိုင်းများအလိုက်လေ့လာရာတွင် ရှမ်းပြည်နယ်သည်အများဆုံးဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ဟက်တာ ၁၀၃ သိန်းကျော်(ဧက ၂ သိန်း ၅ သောင်း ၄ ထောင်ကျော်)ရှိခဲ့ကြောင်းတွေ့ရပါတယ်။ အခြားပြည်နယ်တိုင်းများမှ သစ်တောပြုန်းတီးမှုများသည် ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်လောက်မများပါ။

"အရင်းစစ်တော့ အမြစ်မြေက" ဆိုသလို ဒီနေ့ ကျနော်တို့ တွေ့ကြုံခံစားနေကြရတဲ့ မထင်မှတ်ထားတဲ့ သဘာဝဘေးအန္တရာယ်ကြီးကြီးမားမားတွေဟာ ကျနော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ပြုစုမှု၊ ထိန်သိမ်းစောင့်ရှောက်မှုတွေအားနည်းပြီး ပျက်စီးဆုံးရှုံးစေခြင်းတွေကများနေလို့ ဖြစ်လာတာပါ။

ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေ သဘာဝပတ်ဝန်းကျင်ကောင်းကောင်းအောက်မှာ အေးချမ်းဖို့အတွက် သဘာဝပတ်ဝန်းကျင်ကြီး စိတ်ခု-စိတ်ဆိုးမသွားရလေအောင် ကျနော်တို့ကိုယ်တိုင်ဦးဆောင်ပြီးတော့ကာ ကျနော်တို့လုပ်ဆောင်ပြီးခဲ့သမျှအမှားတွေကိုပြုပြင်ကြရမှာပါ။

Photo - Crd

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်