ခရမ်းချဉ်ပင်ရဲ့ ရန်သူတော် ၇ ပါးနဲ့ မိတ်ဆွေ ၄ ပါး

07/12/2022 11:00 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

ခရမ်းချဉ်ပင်တွေရှင်သန်ကြီးထွားဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ အဖော်ပင်တွေနဲ့ အတူစိုက်တာပဲ ဖြစ်ပါတယ်။ သူနဲ့ကိုက်ညီတဲ့အဖော်ပင်နဲ့ စိုက်တဲ့အခါ မြေဆီဩဇာကို ဖြည့်တင်း ပေးနိုင်သလို အင်းဆက်ပိုးမွှားတွေ ဖျက်စီးမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမဲ့ တချို့မတည့်တဲ့ အဖော်ပင်တွေကို စိုက်ပျိုးမိတဲ့အခါမှာတော့ အပင်တွေကို အာဟာရတွေရဖို့ တွန်းထုတ်တာမျိုး၊ နေရောင်တွေမရတော့တာမျိုး၊ အင်းဆက်တွေကို ပိုလာအောင် ဆွဲဆောင်ပြီး ဒုက္ခပေးနိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ မိတ်ဆွေကောင်းမဟုတ်တဲ့ အပင်တွေပေါ့။ ဆိုတော့ ခရမ်းချဉ်အပင်အတွက် အဖော်မွန်ကောင်းမဟုတ်တဲ့ ရန်သူအပင် ၇ မျိုးနဲ့ မိတ်ဆွေ ၄ မျိုးကို ဖော်ပြပေးသွားပါမယ်။

(၁) မုန်ညှင်း၊ မုန်လာမျိုးနွယ်ဝင်များ

ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ဘရိုကိုလီ နဲ့ ကိုက်လန် တို့ဟာဆိုရင် ခရမ်းချဉ်ပင်ရဲ့ ကြီးထွားမှုကို နှေးကွေးစေပါ တယ်။ ဘာလို့လဲဆိုတော့ ဒီအပင်တွေအကုန်လုံးက ခရမ်းချဉ်ပင်နဲ့  မျိုးရင်းတူ အုပ်စုတစ်ခုထဲမှာ ဖြစ်တာကြောင့် အာဟာရတွေကို ယှဉ်ပြိုင်စားသုံးနိုင်လို့ပါ။ ဂေါ်ဖီထုပ်နဲ့ ခရမ်းချဉ် မျိုးစေ့တွေဟာ ဆိုရင် ရှင်သန်ကြီးထွားဖို့ အာဟာရတွေအများကြီးလိုပါတယ်။ ဘေးကပ်ရပ်စိုက်ထားမိရင် အာဟာရ တွေ လုကုန်ကြကော။ ဒီလိုလုတဲ့ ပွဲမှာ ရှုံးနိမ့်တဲ့သူက ခရမ်းချဉ်ဖြစ်မှာဆိုတော့ အဖူးတွေထွက်ချိန် ထွက်မလာတော့ပါဘူး။ အဖူးထွက်မလာတော့ အသီးမသီး။ အသီးမသီးတော့ စိုက်ရာသီသိမ်းချိန် အရှုံးပေါပြီပေါ့။

(၂) ပြောင်းဖူး

ပြောင်းဖူးနဲ့ ခရမ်းချဉ်သီးက ချက်စားရင်တော့အရမ်းကောင်းပေမဲ့ အတူတွဲမစိုက်ရမဲ့ အပင်ထဲမှာတော့ ပါပါတယ်။ သူတို့တွေက တူညီတဲ့ ဖျက်ပိုးတွေနဲ့ မှိုရောဂါတွေကို စွဲဆောင်နိုင်လို့ပါ။ ပိုးလောင်းကောင် တွေဟာဆိုရင်လည်း ခရမ်းချဉ်နဲ့ ပြောင်းဖူးတို့ရဲ့ ကြီးထွားမှုဖြစ်နိုင်တာမှန်သမျှကို ဖျက်ဆီးပါတယ်။ ဆိုတော့ ဒီလိုတူညီတဲ့ ဖျက်ပိုးတွေကြိုက်တဲ့ အပင်တွေကို အတူစိုက်မိရင်တော့ အင်းဆက်တွေကို ၂ ဆ စွဲဆောင်သလိုဖြစ်ပြီပေါ့။

(၃) စမုန်စပါး

မုန်ညင်း၊ မုန်လာ မျိုးနွယ်ဝင်တို့လိုပဲ စမုန်စပါးကလည်း ခရမ်းချဉ်ကြီးထွားဖို့မှာ ဟန့်တားပြန်ပါတယ်။ စမုန်စပါးက ဟင်းသီးဟင်းရွက်နဲ့ သီးနှံပင်တော်တော်များများနဲ့ကို တွဲမစိုက်သင့်တာပါ။ သူ့ကို စိုက်မယ်ဆို သီးသီးသန့်သန့် အိုးလေးနဲ့ ဒါမှမဟုတ် အကွက်လေးဖော်ပြီးပဲ စိုက်သင့်တာပါ။ စမုန် စပါးပင်က ဟင်းချက်ရာမှာ တော်တော်များနဲ့တွဲဖက်ညီပေမဲ့ စိုက်ခင်းထဲမှာတော့ မဟုတ်ပါဘူးနော်။

(၄) ဇီယာစေ့

တွဲမစိုက်သင့်တဲ့ အပင်ထဲမှာ ဇီယာစေ့လည်း ပါ ပါတယ်။ ဇီယာစေ့ပင်အသေးက ခရမ်းချဉ်ပင်ကို ပျပိုးတွေနဲ့ ဂျပိုးသေးတွေလာဖျက်ဆီးအောင် စွဲဆောင်နိုင်ပါတယ်။ ဇီယာစေ့အပင်ကြီးသွားပြီး အစေ့တွေ ခူးဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်မှာဆို ခရမ်းချဉ်ပင်တွေကြီးထွားဖို့ကို တားဆီးပါပြီ ဦးကြီးတို့ရေ။

(၅) အာလူး

အာလူးကလည်း ခရမ်းချဉ်ပင်နဲ့ မျိုးနွယ်တူအပင်ပါ။ ဒီတော့ ရှင်သန်ကြီးထွားဖို့တူညီတဲ့ အာဟာရ လိုအပ်တဲ့ အပင်ပဲပေါ့။ အတူသာ ယှဉ်တွဲစိုက်မိရင် အာဟာရတွေယှဉ်ပြိုင်တော့ အကျိုးတွေရမလာဘဲ နောက်ဆုံး တူညီတဲ့ရောဂါတွေကိုပါ ခံနိုင်ရည်မဲ့လာနိုင်ပါတယ်။ ဒီရောဂါတွေကပဲ မြေကြီးထဲကို ပျံ့နှံပြီး တစ်ပင်ကတိုက်ခိုက်ခံရရင် နှစ်ပင်လုံးပါ သေနိုင်ပါတယ်။ မလှမ်းမကမ်းမှာ အတူစိုက်ထားမိရင်တောင် ရိတ်သိမ်းတဲ့အခါ ခရမ်းချဉ်ရဲ့ အမြစ်ကိုလည်း ထိခိုက်နိုင်ပါသေးတယ်။

(၆) ခရမ်းသီး

အာလူးလိုပဲ ခရမ်းသီးကလည်း မျိုးနွယ်တူ ယှဉ်ပြိုင်မဲ့သူပါ။ ခရမ်းသီးက လောင်မည်းရောဂါကို ခံနိုင် ရည်မရှိဘူး ဒီတော့ ခရမ်းချဉ်ပင်ကို ပိုပြီးခံနိုင်ရစေနိုင်ပါတယ်။ လောင်မည်းဆိုတဲ့ မှိုရောဂါက လေအားဖြင့် စပိုးတွေက ပျံ့နှံ့သွားပြီး ရိတ်သိမ်းတဲ့အခါ ဧရိယာတစ်လျှောက် အကုန်လုံးကို ဒုက္ခ ပေးမှာပါ။ ရုတ်တရက် သီးနှံတွေရဲ့ အရွက်က ညိုခြင်း၊ ဝါခြင်း၊ အစက်အပြောက်များဖြစ်ပေါ်ခြင်း၊ အရွက်ခြောက်ခြင်းတွေက လောင်မည်းရောဂါရဲ့ လက္ခဏတွေပဲဖြစ်ပါတယ်။

(၇) သစ်ကြားသီးပင်

သစ်ကြားသီးပင်က ထုတ်လွှတ်လိုက်တဲ့ ဓာတုဒြပ်ပေါင်းကလည်း သူ့ဘေးနားမှရှိတဲ့ ခရမ်းချဉ်ပင်ရဲ့ ရှင်သန်ကြီးထွားမှုကို ရပ်တန့်စေပါတယ်တဲ့။

ကဲ... တွဲမစိုက်သင့်တဲ့ အပင်တွေကို သိသွားပြီဆိုတော့... မိတ်ဆွေကောင်း အပင် (၄) မျိုးကိုလည်း ဆက်ပြောပြပါ့မယ်။

(၁) ကညွတ်

ခရမ်းချဉ်နဲ့ ကညွတ်ကတော့ တကယ်ကို လိုက်ဖက်တဲ့အတွဲပါပဲနော်။ ခရမ်းချဉ်ပင်က ကညွတ်မှာ ကျရောက်တဲ့ ကျိုင်းကောင်းတွေကို တွန်းလှန်နိုင်ပြီး ကညွတ်ကလည်း မြေကြီးထဲကနေ ခရမ်းချဉ်ကို ဒုက္ခပေးတဲ့ နီမတုတ်ကို အဝေးကိုပြေးစေပါတယ်တဲ့။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပေါ့။

(၂) ငရုတ်သီး

မြန်မာလူမျိုးတွေအကြိုက် ရှုးရှုးရှဲရှဲ ငရုတ်သီးက ပျ၊ နီမတုတ် နဲ့ မွှားတွေကို တိုက်ခိုက်နိုင်တဲ့ အစွမ်းရှိတာဆိုတော့ ငရုတ်ရှိရင် ခရမ်းချဉ်အတွက် စိတ်ချရတာပေါ့။

(၃) ဆလပ်

ခရမ်းချဉ်ကို မြေအစိုဓာတ်ပေးချင်လို့ရယ်နဲ့ ပေါင်းပေါက်ရောက်ခြင်းကိုဖယ်ရှားဖို့ မြေဖုံးပင် စိုက်ချင်တယ်ဆို အနီးအနားမှာ ဆလပ်သာ စိုက်ထားလိုက်ပါ။ ခရမ်းချဉ်က ကျတဲ့ အရိပ်ကလည်း ဆလပ်ပင်တွေကို ဖုံးအုပ်ထားတာကြောင့် ရေငွေပျံခြင်းမဖြစ်အောင်ကူညီပေးပါလိမ့်မယ်။ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ အပင်လို့ဆိုနိုင်ပါတယ်။

(၄) ထပ်တစ်ရာပန်း

အရောင်တောက်တောက်နဲ့ လှပတဲ့ထပ်တစ်ရာပန်းတွေက ပျားတွေနဲ့ လိပ်ခုံးကျိုင်းတွေကို ဆွဲဆောင် ပေးပါတယ်။ ဒါတင်ဘယ်ကမလဲ။ ပျ၊ ခရု၊ ခရမ်းချဉ်ကိုဒုက္ခပေးတဲ့ မြေအောင်းကောင်တွေ နဲ့  ပက်ကျိတွေကိုလည်း ခရမ်းချဉ်နားမလာအောင် လုပ်ဆောင်ပေးပါတယ်။ ဆိုတော့ ထပ်တစ်ရာပန်းဟာ ခရမ်းချဉ်ပင် အထွက်တိုးအောင် စိုက်သင့်တဲ့ အပင်တစ်မျိုးလည်းပဲဖြစ်ပါတယ်။

www.southernliving.com/garden/edible/tomato-companion-plants

 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်