အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ မြန်မာနိုင်ငံမှာရှိတဲ့ သွင်းအားစုကုမ္ပဏီတွေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေအကြောင်း အခမဲ့လေ့လာလို့ရပါပြီရှင့်
အဆင့်(၁) ဝိုင်ဖိုင် (သို့) အင်တာနက်ဖွင့်ပြီး အစိမ်းရောင်လမ်းဆော့ဝဲအတွင်းသို့ဝင်ပါ။
အဆင့်(၂) အောက်ဆုံးဘားတန်းရှိ ဈေးဆိုင်ပုံလေးကိုနှိပ်ပါ။ ထို့နောက်ညွှန်ပြထားသော နေရာကိုနှိပ်ပါ။
အဆင့် (၃) မြန်မာနိုင်ငံမှာရှိတဲ့ သွင်းအားစုကုမ္ပဏီများကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
အဆင့် (၄) မိမိလေ့လာလိုတဲ့ ကုမ္ပဏီကိုနှိပ်ပြီး ထိုကုမ္ပဏီမှ ထုတ်ကုန်တွေကို စိတ်ကြိုက်ဝင်ရောက် လေ့လာလို့ရပါတယ်။
အဆင့် (၅) ကုမ္ပဏီအကြောင်းနှိပ်လိုက်ပါက လိပ်စာ၊ ဖုန်းနံပါတ်များအပြင် ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေကိုပါ လေ့လာခွင့်ရနိုင်ပါပြီ။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်