စားနပ်ရိက္ခာဖူလုံဖို့ ဒေသမျိုးတွေ ထိန်းသိမ်းစို့

27/12/2021 13:30 PM တွင် အေးပွင့်ဖြူ အေးပွင့်ဖြူ မှ ရေးသား

တောင်သူဦးကြီးတို့အနေနဲ့ မိမိတို့ ဒေသမျိုးတွေ တစ်နှစ်ထက်တစ်နှစ် ပျောက်ကွယ်လာတာကို သတိပြုမိကြမှာပါ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက မိမိတို့ဒေသမျိုးများကို စိုက်ပျိုးပြီး နှစ်စဉ် ကိုယ့်မျိုးကိုယ်ထား၍ စိုက်ပျိုးခဲ့ကြပါတယ်။ ယခုအခါ စပ်မျိုးများသည် အထွက်နှုန်းပိုမိုကောင်းမွန်ခြင်း၊ ရောဂါဒဏ် ခံနိုင်ရည်ရှိသောသီးနှံမျိုးများပေါ်လာသည့်အတွက် စိုက်ပျိုးရေးမှ ဝင်ငွေတိုးရန် စပ်မျိုး(အထွက်နှုန်းမြင့်မျိုး) များကိုသာ အဓိကအားထား၍ စိုက်ပျိုးလာကြပါတယ်။

စပ်မျိုးများသည် အထွက်နှုန်းကောင်းခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ခြင်းစသော ကောင်းကျိုးများရှိသော်လည်း ၎င်းမှ မျိုးစေ့များ ပြန်မရနိုင်သောကြောင့် နှစ်စဥ် မျိုးများကို ပြန်လည်ဝယ်ယူရပါတယ်။ ထို့ပြင် စပ်မျိုးများသည် အထွက်နှုန်းမြင့်မားရန် သွင်းအားစုများစွာထည့်ရသောကြောင့် စိုက်ပျိုးရေးကုန်ကျစရိတ်များလှပါတယ်။

စပ်မျိုးများသည် ခြောက်သွေ့ခြင်း၊ ရေလွှမ်းခြင်းကို သဘာဝဘေးဒဏ်များကို ခံနိုင်ရည်မဲ့ပြီး ရေ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများကို စနစ်တကျစီမံခန့်ခွဲတတ်ရန်လိုအပ်ပါတယ်။ စပ်မျိုးများသည် အစပိုင်း၂-၃နှစ်ခန့်တွင် အထွက်နှုန်းကောင်းသော်လည်း ဖျက်ပိုးများကို ပိုမိုဆွဲဆောင်သောကြောင့် တောင်သူများအနေဖြင့် ဓာတုပိုးသတ်ဆေးများကို ပိုမိုသုံးစွဲလာရသဖြင့် မိတ်ဆွေပိုးများပျောက်ကွယ်ကာ ဂေဟစနစ်ပျက်သုဉ်းစေပါတယ်။ ထို့ပြင် စပ်မျိုးများသည် ခြောက်သွေ့ခြင်း၊ ရေလွှမ်းခြင်းစသော ရာသီဥတုပြောင်းလဲမှုတွင် ရှင်သန်နိုင်စွမ်း နည်းသဖြင့် အထွက်နှုန်းလျော့လာပြီး မျိုးစေ့၊ လုပ်အား၊ မြေဩဇာ၊ ပိုးသတ်ဆေးအတွက် ရင်းနှီးမြှုပ်နှံငွေမှာများလာပြီး တစ်နှစ်ထက်တစ်နှစ် ဆုံးရှုံးမှုများလာပါတယ်။

ဒေသမျိုးများကို စိုက်ပျိုးခြင်းသညိ မိမိတို့ဒေသ၏ရာသီဥတုနှင့် ကိုက်ညီမှုရှိပြီး ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိပါသည်။ ဒေသမျိုးများသည် အဓိကဖျက်ပိုးနှင့် ရောဂါများကို ခံနိုင်ရည်ရှိပြီး ဒေသ၏ ရာသီဥတု၊ မြေအမျိုးစားနှင့် များစွာသင့်တော်သောကြောင့် မြေဩဇာ၊ ပိုးသတ်ဆေး အသုံးပြုမှုကို လျှော့ချနိုင်သဖြင့် ဇီဝမျိုးကွဲမျာနှင့် ဂေဟဗေဒစနစ်ကို ထိန်းသိမ်းပေးပါတယ်။ ဒေသမျိုးများသည် စပ်မျိုးများထက် အာဟာရပါဝင်မှုပိုမိုမြင့်မားပါတယ်။ စပ်မျိုးများမှာ အထွက်နှုန်းကောင်းခြင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်းစသော အချက်များကိုသာ ဦးစားပေးသောကြောင့် အာဟာရပါဝင်မှုနည်းပါတယ်။ ဒေသမျိုးများသည် နှစ်စဥ်မျိုးစေ့ပြန်ယူနိုင်သောကြောင့် စပ်မျိုးများကဲ့သို့ နှစ်စဥ် မျိုးပြန်ဝယ်ယူရခြင်းကို လျှော့ချနိုင်ပြီး ရေရှည်တည်တံသော စိုက်ပျိုးစိုက်ပျိုးရေးကို လုပ်ဆောင်နိုင်စေပါတယ်။ 

ယခုနှစ်စိုက်ပျိုးရာသီတွင် မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးများ စျေးကြီးသဖြင့် တောင်သူများအနေဖြင့် ချင့်ချိန်၍ စိုက်ပျိုးနေရသဖြင့် စာနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်လာနိုင်ပါသည်။ ထို့ကြောင့် တောင်သူဦးကြီးများအနေဖြင့် ဓာတုမြေဩဇာ၊ ပိုးသတ်ဆေးများနေရာတွင် သဘာဝမြေဩဇာ၊ ပိုးသတ်ဆေးများကို အစားထိုးသုံးစွဲခြင်း၊ စပ်မျိုးများအစား ဒေသမျိုးများကို ထိန်းသိမ်းစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချပြီး စာနပ်ရိက္ခာဖူလုံမှုကို ထိန်းသိမ်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါတယ်။

Reference

https://www.gardeningknowhow.com/garden-how-to/propagation/seeds/non-hybrid-seeds-vs-hybrid-seeds.htm

https://readywise.com/blogs/readywise-blog/non-hybrid-vs-hybrid-seeds-whats-the-difference

https://theconversation.com/seeds-under-siege-its-time-to-support-traditional-systems-66415

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်