ဝမ်းချုပ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

19/11/2021 11:50 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    “ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး” ဆိုသော ဆိုရိုးအတိုင်း ဝမ်းပုံမှန်မသွား၊ ဝမ်းချုပ်ခြင်းနောက်ဆက်တွဲအနေဖြင့် ခန္ဓာကိုယ်အတွက် ပြဿနာများစွာရှိပါတယ်။ ပုံမှန်အားဖြင့် လူ့ခန္ဓာကိုယ်မှ အစာအာဟာရများကိုစုပ်ယူပြီး အူမှတစ်ဆင့် ကျန်အစာဟောင်းအညစ်အကြေးများကို အများဆုံးတစ်နေ့သုံးကြိမ်မှ အနည်းဆုံးတစ်ပတ်သုံးကြိမ်အတွင်း ဝမ်းအဖြစ်စွန့်ပစ်ပါသည်။ ထို့ကြောင့် ဝမ်းသွားခြင်းသည် ခန္ဓာကိုယ်ရှိ အညစ်အကြေး အဆိပ်အတောက်များ ဖယ်ရှာပေးသော ဇီဝကမ္မဖြစ်စဥ်တစ်ခုဖြစ်ပါသည်။ လူတစ်ဦးနှင့်တစ်ဦး အူလမ်းကြောင်းလှုပ်ရှားမှု Bowel Movement နှင့် အခြားစားသောက်နေထိုင်မှုများ အပေါ်မူတည်ပြီး ဝမ်းသွားသည့်အကြိမ် ပုံသေမရှိပဲ ကွာခြားတတ်ပါသည်။

    တစ်ပတ်တွင် ၃ ကြိမ်ထက်နည်းပြီး ဝမ်းသွားခြင်း၊ ဝမ်းပုံမမှန်မာခြင်း၊ ဝမ်းပမာဏ ပုံမှန်ထက်နည်းခြင်း၊ ဝမ်းကျန်သလိုခံစားရခြင်း၊ ဝမ်းသွားလျှင် အားစိုက်ပြီးညှစ်ရခြင်း၊ ဝမ်းဗိုက်ပေါ်မှ ဖိနှိပ်ပေးရခြင်း၊ နာကျင်ခြင်း၊ အစာဟောင်းအိမ်မှ ပေါက်ဆို့နေသောဝမ်းအမာများကို လက်ဖြင့်နှိုက်ရခြင်း စသည်တို့ခံစားရခြင်းကို ဝမ်းချုပ်ခြင်းဟုခေါ်ဆိုပါသည်။ အဆိုပါလက္ခဏာများအနက် အနည်းဆုံးနှစ်ခုကို ကာလအားဖြင့်သုံးလကြာ ခံစားနေရလျှင် ကာလတာရှည်ဝမ်းချုပ်ခြင်းဟု သတ်မှတ်နိုင်ပါသည်။

    ဝမ်းချုပ်ခြင်းဟာ အသက်အရွယ်မရွေး လူတိုင်းနီးပါး ကြုံဖူးလေ့ရှိသည့် ပြဿနာတစ်ခုဖြစ်ပါသည်။ အသက်အရွယ်ကြီးသူများ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်များ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ၊ ဝမ်းသွားချင်သည့်အချိန် ပုံမှန်မသွားဘဲ အောင့်ထားခြင်း၊ ရေသောက်နည်းခြင်း၊ အမျှင်ဓာတ်စားသုံးမှုနည်းခြင်း၊ စိတ်ကျရောဂါရှိသူ၊ စိတ်ဖိစီးမှုများသူများ၊ စားသောက်မှုဆိုင်ရာ ပုံမှန်မဟုတ်တဲ့ရောဂါ Eating Disorder ရှိသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများတွင် ဝမ်းချုပ်ခြင်းဝေဒနာခံစားရနိုင်ပါသည်။ သံဓာတ်အားဆေး၊ စိတ်ကျရောဂါဆေး၊ အနာသက်သာဆေးအချို့၊ သွေးကျဆေးနှင့် နှလုံးခုန်နှုန်းထိန်းညှိဆေး စသည့်သောက်သုံးနေသော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဝမ်းချုပ်ခြင်းဖြစ်တတ်ပါသည်။

    ဝမ်းချုပ်ခြင်းသည် အစားအသောက် အနေအထိုင်ကြောင့် ဖြစ်လေ့ရှိသော်လည်း မပေါ့ဆသင့်သော လက္ခဏာတစ်ခုလည်းဖြစ်ပါသည်။ အထူးသဖြင့် အစာအိမ်အူလမ်းကြောင်းရှိ အလုံးအကြိတ်များ၊ ပိတ်ဆို့မှုဖြစ်စေသော မြစ်ပွားနာ ကင်ဆာအလုံးအကြိတ်များ၊ အူလမ်းကြောင်းလှုပ်ရှားမှုကို ပိတ်ဆို့ထားသော ဝမ်းဗိုက်အတွင်းပိုင်း အင်္ဂါများရှိ အလုံးအကြိတ်များနှင့် အခြားသော သိုင်းရွိုက်၊ ဆီးချိုကဲ့သို့ ဟော်မုန်းမညီမျှသော ရောဂါများကြောင့်လည်း ဝမ်းချုပ်တတ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ပုံမှန် ဝမ်းသွားသည့် အလေ့အထ ရုတ်တရက်ပြောင်းလဲမှုရှိလျှင် သို့မဟုတ် အခြားရောဂါလက္ခဏာများနှင့် ပူးတွဲခံစားလာရရလျှင် မပေါ့ဆပဲ စစ်ဆေးသင့်သည်။

     ဝမ်းချုပ်ခြင်းကို ကြာရှည်စွာခံစားလာရသောအခါ နေ့စဉ်လူမှုဘဝနေထိုင်မှု အရည်အသွေး ထိခိုက်လာခြင်း (Poor Quality of Life)၊ အသားအရည် ကျန်းမာမှုမရှိဘဲ အဖုအပိန့် ဝက်ခြံပေါက်ခြင်း၊ စအိုတစ်ဝိုက်ရှိ အရည်ပြားကွဲနာ Anal Fissures၊ စအိုရှိသွေးပြန်ကြောများ ရောင်ရမ်းလာသဖြင့် လိပ်ခေါင်းရောဂါ၊ မာခြောက်နေသော ဝမ်းများက အစာဟောင်းအိမ်၊ စအိုတို့တွင်ပိတ်ဆို့ပြီး စမျဉ်းခံခြင်း၊ စမျဉ်းပိတ်ခြင်းကြောင့် အရည်ဝမ်းများ တောက်လျှောက်စိမ့်ပြီး ဝမ်းမထိန်းနိုင်ခြင်း Overflow Incontinence၊ ဝမ်းချုပ်ခြင်းကို အားစိုက်ညှစ်ရသဖြင့် အစာဟောင်းအိမ် စအိုမှအပြင်သို့ ကျွံကျခြင်းကဲ့သို့ နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။ ထို့ပြင် တာရှည်ဝမ်းချုပ်ခြင်း ခံစားရသူများအနေဖြင့် အိမ်သုံးဝမ်းပျော့ဆေး၊ ဝမ်းနှုတ်ဆေး၊ ဝမ်းချူခြင်းစသည်တို့ အသုံးပြုခြင်းအပေါ် အလွန်အကျွံမှီခိုခြင်းဖြစ်လာကာ သုံးစွဲတဲ့ ပမာဏလိုတာထက် ပိုလာနိုင်ပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်း ဓာတ်ဆားများဆုံးရှုံးခြင်းမှ  ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်းထိဖြစ်တတ်ပါသည်။

      ထို့ကြောင့် ဝမ်းချုပ်ခြင်း၏ နောက်ဆက်တွဲပြဿနာများမှ ကင်းဝေးစေရန် ကျန်းမာသော နေ့စဉ်စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် ဝမ်းပုံမှန်သွားသည့်အလေ့အထကို လေ့ကျင့်ယူခြင်းတို့ ပြုလုပ်ပေးသင့်ပါသည်။ ဝမ်းချုပ်ခြင်းအပြင် ဝမ်းသွားလျှင်သွေးပါခြင်း၊ ၂ ပတ်ထက်ကြာပြီး ဝမ်းမသွားဘဲ ၀မ်းချုပ်ခြင်း၊ ကိုယ်အလေးချိန် သိသိသာသာကျဆင်းလာခြင်း၊ ခန္ဓာကိုယ်အားမရှိသကဲ့သို့ ဆက်တိုက်ခံစားရခြင်းစသည့် လက္ခဏာများရှိလာလျှင် ဝမ်းနှုတ်ဆေးများ မိမိအလိုအလျောက် သောက်သုံးခြင်းမပြုဘဲ တတ်ကျွမ်းသောဆရာဝန် သမားတော်များ၏ ရောဂါရာဇဝင်မေးမြန်း စစ်ဆေးစမ်းသပ်ခြင်းကို ချက်ချင်းခံယူရန်လိုအပ်ကြောင်း ရေးသားမျှဝေလိုက်ပါတယ်။

Author: Dr. Ye Mon

Source - On Doctor


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်