အန္တရာယ်ထိန်းချုပ်ပုံအဆင့်ဆင့်

23/06/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး ILO Myanmar, VISION ZERO FUND ILO Myanmar, VISION ZERO FUND မှ ပေးပို့ထားပါသည်။

အလုပ်လုပ်ရုံ၊ စက်ရုံ၊ လယ်ယာစိုက်ခင်းများထဲတွင် အန္တရာယ်ဖြစ်နိုင်ချေလေ့လာဆန်းစစ်မှုကို ပြုလုပ်ပြီပါက ၎င်းဖြစ်လာနိုင်သည့်အန္တရာယ်ကို ဖြေရှင်းနိုင်သည့်နည်းလမ်းများဖြင့် ပြုပြင်ရပါမည်။ သို့မှသာ မတော်တဆထိခိုက်မှုများကို လျော့ချနိုင်မည်ဖြစ်ပါသည်။ ဖြစ်လာနိုင်သည့်ဘေးအန္တရာယ်များကို ထိန်းချုပ်မှုအဆင့်အဆင့်ကို လိုက်နာဆောင်ရွက်မည်ဆိုပါက ဘေးအန္တရာယ်ကင်းသည့်လုပ်ငန်းခွင် ဖြစ်လာပါလိမ့်မည်။ ထိရောက်သည့်ထိန်းချုပ်ပုံဆင့်ဆင့်များမှာ - အန္တရာယ်ကို ဖယ်ရှားခြင်း၊ အစားထိုးခြင်း၊ စက်မှုပိုင်းဆိုင်ရာကြီးကြပ်ကွယ်ကဲခြင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲခြင်း၊ တကိုယ်ရေသုံးအကာအကွယ်ပစ္စည်း အသုံးပြုခြင်းစသည်တို့ဖြစ်ပါသည်။ ထိရောက်မှုအများဆုံးသည် အန္တရာယ်ဖြစ်နိုင်သည့် မူလရင်းမြစ်ကို ဖယ်ရှားခြင်းပဲဖြစ်ပါသည်။ 

ပုံ (၁) 

ဥပမာ - မိမိအိမ်၊ ရပ်ကွက်၊ ကျေးရွာမှာ လူကိုအန္တရာယ်ပေးနေသည့် ခြင်ကိုကာကွယ်နှိမ်နင်းပုံ အဆင့်ဆင့်ကို အကျဉ်းချုပ်ပေးပြပါရစေ။ ထိရောက်မှုအများဆုံးအဆင့်မှ စပါရစေ။ ခြင်ကိုက်ခြင်းကို ကာကွယ်တားဆီးရန်အတွက် လက်ဖြင့်သော်လည်း၊ ခြင်ရိုက်တံဖြင့်သော်လည်းကောင်း ကာကွယ်နှိမ်နင်းခြင်း၊ ရပ်ကွက်ကျေးရွာအတွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ချုံနွယ်များ သန့်ရှင်းရေးပြုလုပ်ခြင်းဖြင့် ခြင်ကြောင့်ဖြစ်လာနိုင်သည့် အန္တရာယ်(ရောဂါ)အရင်းအမြစ်ကို ဖယ်ရှားခြင်းသည် အန္တရာယ်ကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်သည့်နည်းများဖြစ်သည်။ ၎င်းနည်းစနစ်များသည် ထိရောက်မှုအများဆုံးဖြစ်ပါသည်။ နောက် ခြင်နှင့်ဆိုင်သည့် ပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ အဖြူရောင်အကျီဝတ်ဆင်ခြင်းတို့သည်လည်း အတော်အသင့် ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်သော်လည်း အထိရောက်မှုနည်းပါသည်။ ပုံ (၂)ကို ကြည့်ပါ။

ပုံ (၂)

ဥပမာ (၂) - စိုက်ခင်းသွားရာလမ်းတွင် လူတစ်ဦးတစ်ယောက်က ငှက်ပျောသီးအခွံနင်းပြီး မတောတဆချော်လဲရာမှ ခါးနာသွားပါသည်။ တစ်စုံတစ်ယောက်က ငှက်ပျောသီးကိုစားပြီး အခွံကို အမှိုက်ခြင်းထဲသို့မထည့်ဘဲ လမ်းပေါ်ပစ်ချသည့်အတွက် ဖြစ်ရခြင်းဖြစ်ပါသည်။ ယခုအဖြစ်အပျက်၏ အန္တရာယ်အရင်းအမြစ်သည် ငှက်ပျောသီးအခွံကို စနစ်တကျမပစ်ခြင်းဖြစ်သောကြောင့် ငှက်ပျောသီးအခွံကို စနစ်တကျပစ်မည်ဆိုပါက အတော်တဆမှုဖြစ်နိုင်ချေ မရှိပါ။ 

တောင်သူဦးကြီးတို့၏ လယ်ယာလုပ်ငန်းခွင်မှာလည်း အန္တရာယ်အရင်းအမြစ်ကို ဖယ်ရှားနိုင်မှသာ မတော်တဆမှုများကို လျော့ချနိုင်ပြီး ကျန်းမာပြီးဘေးကင်းလုံခြုံသည့် လုပ်ငန်းခွင်ဖြစ်လာမည်ဖြစ်ပါသည်။ 

ILO Myanmar

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်