တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက်(၂၅-၂၉.၈. ၂၀၂၅)

01/09/2025 10:30 AM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ

မတ်ပဲကတော့ ယခုတစ်ပတ်မှာလည်း စျေးတန်းထပ်ကျလာပြီး  တစ်တန်ကို ၂၉ သိန်းအောက်အထိစျေးတန်းပြုတ်ကျသွားတာတွေ့ရပါတယ်။ FOB စျေးလည်းကျလာပြီး အမေရိကန်ဒေါ်လာ  ၇၀၀ မှ ၇၁၀ သာရှိပါတော့တယ်။ လက်ရှိမှာ အိန္ဒိယဘက်က ဝယ်လိုအားနည်းနေတဲ့အပြင်အရောင်းအဝယ်အေးနေတာကြောင့်စျေးကွက်လည်းအကျသာရှိနေတာဖြစ်ပါတယ်။ 

ရွှေစျေးဒေါ်လာစျေးဂယက်ကြောင့်လည်း ပို့ကုန်ပဲစျေးက အကျဘက်ကိုပြုတ်ကျခဲ့တာဖြစ်ပါတယ်။ နယ်စျေးကွက်မှာလည်း မတ်ပဲတစ်တင်းကို ၉၀၀၀၀ မှ  ၉၂၀၀၀ ကျပ်သာရှိပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာ မှာ ၂၈၉၂၀၀၀၊ အင်္ဂါ‌နေ့မှာ ၂၈၈၄၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၈၈၅၀၀၀ ၊ ကြာသပတေး‌နေ့မှာ ၂၈၈၀၀၀၀ ၊သောကြာ‌နေ့မှာ ၂၈၈၄၀၀၀  စျေးတန်းသာရှိပါတယ်။

အရင်အပတ်က  မတ်ပဲ FAQ တစ်တန်ကိုတနင်္လာ မှ သောကြာနေ့အတွင်း ၂၉၅၁၀၀၀ မှ ၂၉၇၈၀၀၀ ကျပ်ရှိခဲ့တာကြောင့် တပတ်အတွင်းမှာ ၈၀၀၀၀ ကျပ်လောက်စျေးထပ်ကျခဲ့ပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးတန်းထပ်ကျပြီး တစ်တန်ကို ၂၆ သိန်းကျပ်အောက်ကိုစျေးတန်းပြုတ်ကျသွားပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁သိန်းကျော်လောက် ထပ်မံ စျေးကျဆင်းတာတာတွေ့ရ ပါတယ်။ ပဲစင်းငုံကလည်း ပြည်ပအဝယ်နည်းပြီး စျေးကအေးနေပါတယ်။လက်ကျန်လည်းနည်းနေပါတယ်။ FOB စျေးလည်းကျလာပါတယ်။ အရင်က အမေရိကန်ဒေါ်လာ ၆၆၀ မှ ၆၇၀ ရှိရာကနေ ယခု အမေရိကန်ဒေါ်လာ ၆၄၀ မှ ၆၅၀ သာရှိပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၅၆၄၀၀၀၊ အင်္ဂါ‌နေ့မှာ ၂၅၃၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှ သောကြာ‌နေ့အထိ၂၅၂၀၀၀၀   မှ ၂၅၂၂၀၀၀  စျေးတန်းသာရှိပါတယ်။

အရင်အပတ်တုန်းက တနင်္လာ‌နေ့ကနေ သောကြာနေ့အထိ ပဲစင်းငုံနီတစ်တန်ကို  ၂၆၆၈၀၀၀ မှ ၂၆၂၀၀၀၀ ကျပ်ရှိခဲ့တာဖြစ် ပါတယ်။

စားတော်ပဲ

စားတော်ပဲကတော့ ယခုတစ်ပတ်မှာ စားတော်ပဲ (ကနေဒါ) က စျေးကျဆင်းပြီး စားတော်ပဲ (ကျွန်း) က စျေးတက်လာတာတွေ့ရပါတယ်။ပြည်တွင်းစျေးကွက်မှာ စားတော်ပဲ(ကျွန်း)က လက်ကျန်နည်းပြီး စျေးကွက်အတွင်း ကုန်ပစ္စည်းအဝင်နည်းတာကြောင့် စျေးကွက်အတက်မှာပဲရှိနေပါတယ်။

လက်ရှိမှာတော့ စျေးကွက်အတွင်း ယူကရိန်း စားတော်ပဲ ပစ္စည်းအဝင်ပြတ်နေပြီး စားတော်ပဲ (ကျွန်း)  နဲ့ စားတော်ပဲ (ကနေဒါ) သာ ဝင်ရောက်မှုရှိနေပါတယ်။  စားတော်ပဲက ပြည်တွင်းစားသုံးတဲ့ပဲဖြစ်တာကြောင့် စားသုံးမှုများပြီးဝယ်လိုအားကောင်းပါက စျေးတန်းမြင့်တတ်ပြီး ဝယ်လိုအားကျပါက စျေးကွက်လည်းကျဆင်းတတ်တယ်လို့သိရပါတယ်။

မန္တလေးကုန်စည်စျေးကွက်မှာ စားတော်ပဲ ကနေဒါ ၅၉.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်ကို  ၃၉၀၀၀၀ ကျပ်သာရှိပြီး စားတော်ပဲ ( ကျွန်း) ကတော့  တစ်အိတ်ကို ၆၄၀၀၀၀ မှ ၆၇၀၀၀၀ ကျပ်ရှိလာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့  စျေးတန်းအကျဘက်မှာပဲဆက်ရှိနေပေမယ့် အရောင်းအဝယ်သွက်လာတယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်နဲ့နယ်ကုန်စည်ဒိုင်တွေကို ကြက်သွန်ကားအစီးရေ ဝင်ရောက်မှုနည်းသွားတဲ့အတွက် အရောင်းအဝယ်သွက်လာနေတာဖြစ်တယ်လို့သိရပါတယ်။

ယခုအတိုင်းသာ ကြက်သွန်နီကိုထိန်းပြီး ရောင်းမယ်ဆိုရင် စျေးတန်းပြန်လည်မြင့်တက်လာနိုင်တယ်လို့ဆိုကြပါတယ်။ ပြည်ပတင်ပို့မှုအနေနဲ့ကတော့ မြဝတီနယ်စပ်ကနေထိုင်းကိုတင်ပို့မှုရပ်တန့်နေပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ  စျေးတန်းအနေနဲ့ ဆိပ်ဖြူက တစ်ပိဿာကို ၇၅၀ ၁၆၀၀ ကျပ်စျေးဖွင့်ထားပါတယ်။ မုံရွာက ၇၅၀ မှ ၁၅၀၀ ကျပ် နဲ့ မြင်းခြံကြက်သွန်က ၆၀၀ မှ ၁၄၅၀ ကျပ်၊ ပခုက္ကူက ၉၀၀ ကျပ်မှ ၁၅၀၀ ကျပ် စျေးတန်းဖွင့်ထားပါတယ်။

ပြောင်း

ပြောင်းဆံကတော့ အရင်ဖြစ်ပေါ်ခဲ့တဲ့အကျစျေးတန်းမှာပဲ ငြိမ်နေတာတွေ့ရပါတယ်။ ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့်က ယခုဩဂုတ်လကုန်မှာ ကုန်ဆုံးမှာဖြစ်တာနဲ့အညီ စျေးကွက်ကလည်း အေးနေပါတယ်။ စျေးတန်းအေးပေမယ့် ပြောင်းက အရောင်းအဝယ် ပုံမှန်ရှိနေတယ်လို့သိရပါတယ်။

မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း (ဗမာ) က ပစ္စည်းအဝင်မရှိသလို စျေးတန်းလည်းဖွင့်မထားပါဘူး။ ပြောင်း ( ရှမ်း) ကတော့  ၈၆၅၀၀ မှ ၈၆၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၆၀၀၀ မှ ၈၇၀၀၀ ကျပ်နဲ့စျေးငြိမ်နေ ပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာလည်း ပြောင်းတစ်ပိဿာကို ၁၆၃၀ ကျပ်မှ ၁၆၅၀ ကျပ်နဲ့ ငြိမ်နေပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်