စံချိန်တင်ဈေးမြင့်ခဲ့တဲ့ မြေပဲ ဒီတစ်ပတ်ဈေးပြန်ကျ (ဈေးကွက်သုံးသပ်ချက်)

30/08/2024 10:25 AM တွင် AMIA AMIA မှ ရေးသား

ပဲစဥ်းငုံနီ

ပဲစင်းငုံနီက တစ်တန်ကို သိန်း ၅၀ အထက်ထိ မြင့်တက်လာပါတယ်။ ပြည်တွင်းမှာတော့ ဈေးကွက်ဖွင့်ပေမယ့် လက်ကျန် မရှိသလောက် ဖြစ်နေတဲ့အတွက် အရောင်းအဝယ်သိပ်မရှိဘူးလို့ ကုန်သည်အချို့က ပြောပါတယ်။

ဆက်တိုက်ကျဆင်းခဲ့တဲ့ ပဲစင်းငုံနီက အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံ လိုအပ်ချက် မြင့်မားနေတဲ့အပြင် အကျဈေးနဲ့ ပြန်လည် ဝယ်ယူတာတွေကြောင့် ဈေးက ပြန်မြင့်တက်လာတာလို့ သိရပါတယ်။

လက်ရှိ ချန်နိုင်းဈေးကွက်မှာ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၀၂၀၀ ရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၄၀၀ ရူပီး ဈေးတက်ပါတယ်။ပြည်တွင်း FOB ဈေးနှုန်းကတော့  တစ်တန်ကို ၁၀၇၅ မှ ၁၀၈၅ ဒေါ်လာ ရှိပြီး တစ်တန်ကို  ၄၅  ဒေါ်လာ ဈေးကျဆင်းသွားခဲ့ပါတယ်။

ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၇၅၀၀၀၀ ကျပ်၊ တနင်္လာနေ့မှာလည်း  တစ်တန်ကို ၄၈၅၀၀၀၀ ၊ အင်္ဂါနေ့မှာ တစ်တန်ကို ၅၀၆၅၀၀၀၊ ဗုဒ္ဓဟူးနေ့မှာတော့ တစ်တန်ကို ၅၁၃၀၀၀၀ ၊ကြာသပတေးနေ့မှာ တစ်တန်ကို ၅၀၅၀၀၀၀ ၊ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၃ သိန်း  ကျပ်ဈေးတက်ပါတယ်။ 

မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်အိတ်ကို ၄၈၀၀၀၀မှ ၄၈၅၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၃၀၀၀၀ ကျပ်ဈေးတက်ပါတယ်။

ကုလားပဲ

ကုလားပဲ က ဒီတစ်ပတ်မှာလည်း ဈေးတက်ပေမယ့် အနည်းငယ်သာ ဈေးတက်တော့တဲ့  အခြေအနေ ဖြစ်ပါတယ်။ နေ့စဉ် အဝင်ပေါ် မူတည်ပြီး အတက်အကျရှိနေတာဖြစ်ပြီး အရောင်းအဝယ်ကတော့ ပုံမှန်ရှိတယ်လို့ ပဲကုန်သည်တွေက ပြောပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲခြမ်းကဈေးပြန်ကျပြီး  တစ်ပိဿာကို ၆၈၀၀ မှ ၇၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ 929 က တစ်အိတ်ကို ၂၉၀၀၀၀ မှ ၂၉၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်နဲ့ ကုလားပဲ ထိုင်ဝမ်က တစ်အိတ်ကို ၂၈၃၀၀၀ မှ ၂၈၅၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ဈေးတက်ပြီး ကုလားပဲလုံး v2 က တစ်အိတ်ကို ၃၁၀၀၀၀ မှ ၃၁၅၀၀၀  ရှိကာ ဈေးအပြောင်းအလဲ မရှိပါဘူး။ 

မြေပဲ

စံချိန်တင် ဈေးမြင့်တက်ခဲ့တဲ့ မြေပဲက ဒီတစ်ပတ်မှာ ဈေးတွေ ပြန်ကျဆင်းပါတယ်။ ဈေးကွက်ထဲအသစ်တွေ အဝင်ရှိနေတဲ့အတွက် ဈေးက ကျဆင်းသွားတာ ဖြစ်ပါတယ်။ အရောင်းအဝယ်ကတော့ ဆီ အတွက် ဝယ်ယူတာတွေ ရှိနေတဲ့အတွက် သွက်နေတယ်လို့သိရပါတယ်။

မန္တလေးဈေးကွက်မှာ မြေပဲအနီလုံးဆံက တစ်ပိဿာကို ၈၅၀၀ မှ ၉၀၀၀ ရှိပြီးတစ်ပိဿာကို ၂၅၀၀ ကျပ် ဈေးကျဆင်းပါတယ်။

အောင်လံဈေးကွက်မှာလည်း မြေပဲလုံးဆံနီက တစ်ပိဿာကို ၈၈၀၀ ရှိပြီး တစ်ပိဿာကို ၁၂၀၀ ကျပ်၊ မြေပဲလုံးဆံဖြူက တစ်ပိဿာကို ၈၈၀၀ မှ ၉၀၀၀ရှိပြီးတစ်ပိဿာကို ၁၅၀၀ ကျပ် ဈေးကျဆင်းပါတယ်။

မြေပဲ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ နီးပါးအသီးသီးဈေးပြန်ကျဆင်းသွားပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီက ဈေးကွက်ထဲ အဝင်များလာပေမယ့် ဈေးကတော့ အမြင့်ဈေးနဲ့ ရှိနေပါတယ်။ နေ့စဉ် ပိဿာချိန် တစ်သိန်းနဲ့အထက် အဝင်ရှိနေပါတယ်။ 

ဘုရင့်နောင်ဈေးကွက်မှာကြက်သွန်နီ (ဆိပ်ဖြူ၊ မုံရွာ၊ မြင်းခြံ၊ တောင်သာတို့က)က တစ်ပိဿာကို အနိမ့်ဆုံး ဈေး ၁၄၀၀ မှ အမြင့်ဆုံးဈေး  ၂၃၀၀ ကြား ရှိပြီး ပြီးခဲ့တဲ့အပတ်ကအတိုင်း ဈေးအပြောင်းအလဲ မရှိပါဘူး။

ငရုတ်

လ အတန်ကြာ ဈေးငြိမ်နေတဲ့ ငရုတ်က ဒီတစ်ပတ်မှာ ‌ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပြီး ငွေကြေးဈေးကြောင့် ပြန်မြင့်တက်လာတာလို့ သိရပါတယ်။

ငရုတ်(ပန်းရဲသစ်)က တစ်ပိဿာကို ၆၀၀၀ မှ ၆၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊မြှားနီ သစ်က တစ်ပိဿာကို ၅၅၀၀ မှ ၆၀၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊ပန်းတနော်က ၅၀၀၀ မှ ၅၅၀၀ ရှိပြီးတ စ်ပိဿာကို ၁၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်ပါတယ်။

ဆင်ဖြူကျွန်း ကတော့ တစ်ပိဿာကို ၉၀၀၀ မှ ၁၁၀၀၀ကျပ်၊မြစ်ဝပုက တစ်ပိဿာကို ၉၀၀၀ မှ ၁၀၅၀၀ကျပ် ရှိပြီး ဈေးအပြောင်းအလဲ မရှိဘဲ ဈေးငြိမ်နေပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်