မြေပဲ၊ ပဲတီစိမ်း၊ ပြောင်းကစျေးတက်လာပြီး မတ်ပဲနဲ့ပဲစဥ်းငုံက စျေးတန်းထပ်ကျဆင်း

07/12/2024 10:00 AM တွင် AMIA AMIA မှ ရေးသား

“ အခုတစ်ပတ်မှာ မြေပဲ၊ ပဲတီစိမ်း၊ ပြောင်းကစျေးတက်လာပြီး မတ်ပဲနဲ့ပဲစဥ်းငုံက စျေးတန်းထပ်ကျဆင်းလာပါတယ်”

ပဲတီစိမ်း

ပဲတီစိမ်းကတော့  ခုတစ်ပတ်မှာလည်း စျေးတွေဆက်တိုက်ထပ်မံမြင့်တက်လာပါတယ်။

ခရမ်းရွှေဝါနဲ့ ပဲခူးရွှေဝါက ဆောင်းရာသီစိုက်ပျိုးမှုစတင်ချိန်ဖြစ်လို့မျိုးဝယ်ယူသူတွေရှိတာကြောင့် စျေးတက်ပြီး မိုးပဲတီစိမ်းအညာအသစ်တွေကတော့စျေးကွက်ထဲဝင်ရောက်နေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ  ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၃၀၀ ကျပ်၊  (ပဲခူးရွှေဝါ)က ၅၁၃၀ ကျပ်၊   ပဲတီစိမ်းအညာကတစ်ပိဿာ ကို ၄၅၈၀ မှ ၄၆၀၀ ကျပ်၊ ဝါးခယ်မ FAQ  က ၄၅၅၀ မှ ၄၅၇၀ကြားရှိပြီးအရင်တပတ်ကထက် တစ်ပိဿာကို ၅၀ မှ ၈၀ ကျပ်လောက် ထပ်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး  ၃၀၀၀၀၀ ကျပ်ရှိနေပါတယ်။ 

ပြောင်း

 ပြောင်းဆံစျေးကတော့  ခုတပတ်မှာလည်း စျေးထပ်တက်လာပါတယ်။ ပြောင်းဆံကို ပြည်ပကဝယ်လိုအားကောင်းနေတာကြောင့် စျေးတန်းဆက်တိုက်မြင့်တက်လာနေတာဖြစ်ပါတယ်။ ပြည်တွင်းအစာစပ်စက်ရုံတွေကလည်း ဝယ်ယူမှုရှိနေတာကြောင့် စျေးတက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၀၀ မှ ၁၆၂၀ ကျပ်ရှိပြီး တစ်ပိဿာ  ၅၀ ကျပ်ထပ်တက်လာတာဖြစ် ပါတယ်။ 

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၁၀၀၀ မှ ၈၂၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၃၀၀၀ မှ ၈၄၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်တပတ်ကထက် ၃၀၀၀ ကျပ်ထပ် တက်လာပါတယ်။ 

 မြေပဲ

မြေပဲကတော့ ပြည်ပဝယ်လိုအားနဲ့ တရုတ်ယွမ်ငွေစျေးတက်လာလို့ စျေးတန်းအတက်ဘက် ပိုရောက်လာပါတယ်။ မြေပဲအသစ်တွေ လည်း စျေးကွက်ထဲဝင်ရောက်နေပြီး ဆီစက်တွေအကြော်စုံလုပ်ငန်းတွေကလည်းဝယ်လိုအားရှိနေပါတယ်။

မန္တလေးစျေးကွက်မှာ S1 လုံးဆံက ၈၅၀၀ မှ ၈၇၀၀ ကျပ်၊ မြေပဲအနီလုံးဆံက ၈၇၀၀ မှ ၈၉၅၀ ကျပ်၊ S1 ဆီဆံက ၈၂၀၀ မှ ၈၅၀၀ ကျပ်၊ S1 လုံးဆံသစ်က ၈၅၀၀ မှ ၈၇၀၀ ကျပ်၊ Mတွဲလုံးဆံက ၈၇၀၀ မှ ၈၉၀၀ ကျပ်ရှိနေပါတယ်။ ဒါကြောင့် မြေပဲဆံစျေးကွက်က အရင်တပတ်နဲ့ယှဥ်ရင် တစ်ပိဿာကို အမျိုးအစားနဲ့အရည်အသွေးပေါ်လိုက်ပြီး ၁၀၀ မှ ၃၀၀ ကျပ်ဝန်းကျင်လောက် စျေးတက်လာပါတယ်။

မတ်ပဲ

မတ်ပဲစျေးကွက်ကတော့ ခုတပတ်မှာလည်းဆက်တိုက်ဆိုသလို  စျေးတန်းထပ်ကျဆင်းလာပါတယ်။  အိန္ဒိယနိုင်ငံမှာ မတ်ပဲပေါ်တဲ့ကာလဖြစ်လို့ မတ်ပဲဝယ်ယူမှုကျဆင်းသွားသလို နိုင်ငံခြားငွေစျေးလည်းကျလာတာကြောင့် မတ်ပဲစျေးဆက်တိုက်ကျလာနေတာဖြစ်ပါတယ်။

ခုတပတ်ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ  မတ်ပဲ (FAQ )တစ်တန်ကို တနင်္လါနေ့  ၃၅၄၀၀၀၀၊   အင်္ဂါနေ့မှာ ၃၅၀၀၀၀၀၊   ဗုဒ္ဓဟူးမှာ  ၃၄၈၇၀၀၀ ၊ ကြာသပတေး ၃၄၅၀၀၀၀ကျပ်နဲ့ သောကြာနေ့မှာ ၃၄၆၇၀၀၀  ကျပ်သာရှိပါတယ်။ အရင်တစ်ပတ်ကထက် မတ်ပဲ တစ်တန်ကို အများဆုံး  ၂သိန်းလောက်အထိ စျေးထပ်ကျပါတယ်။ မန္တလေးစျေးကွက်မှာတော့  မတ်ပဲက  ပိဿာ ၆၀ တစ်အိတ်ကို အဟောင်းက ၃၂၀၀၀၀  ကျပ်ရှိပြီး မတ်ပဲအသစ်က ၂၆၀၀၀၀ မှ ၂၇၅၀၀၀ ကျပ်ရှိလို့ ၅၀၀၀ ကျပ်ပြန်ကျပါတယ်။ 

ပဲစဥ်းငုံ

ပဲစဥ်းငုံကလည်း မတ်ပဲနည်းတူ အိန္ဒိယနိုင်ငံက ဝယ်လိုအားကျဆင်းနေတာကြောင့်   စျေးကွက်ဆက်တိုက်ကျဆင်းလာပါတယ်။ ပဲစဥ်းငုံအသစ်တွေစျေးကွက်ထဲဝင်ရောက်မှုရှိနေတာကြောင့်လည်းစျေးက ကျလာနေတာဖြစ်ပါတယ်။   

ခုတပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို တနင်္လာနေ့မှာ ၃၈၁၇၀၀၀၊  အင်္ဂါနေ့မှာ ၃၇၀၀၀၀၀၊ ဗုဒ္ဓဟူး ၃၆၅၀၀၀၀ ၊ကြာသပတေးမှာ ၃၅၅၀၀၀၀ နဲ့သောကြာနေ့မှာ ၃၅၆၅၀၀၀   ကျပ်ရှိလို့ အရင်တပတ်နဲ့ယှဥ်ရင်  တစ်တန်ကိုအမြင့်ဆုံး  ၄  သိန်းဝန်းကျင်စျေး ကျဆင်းတာဖြစ်ပါတယ်။ 

မန္တလေးစျေးကွက်မှာတော့ ခုတစ်ပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်