တစ်ပတ်စာသီးနှံ ဈေးကွက်သုံးသပ်ချက်

09/02/2026 15:06 PM တွင် AMIA AMIA မှ ရေးသား

အိန္ဒိယ၊ ထိုင်း အပါအ၀င် ပြည်ပနိုင်ငံများ၏ ၀ယ်လိုအားမျှော်လင့်ချက်ကြောင့် ယခုရက်သတ္တပတ် မြန်မာ့လယ်ယာပို့ကုန်များ ပြည်တွင်း ပြည်ပမှာ ဈေးမြင့်တက်လာသည်။

ဈေးဆက်မာနေသည့် မြန်မာ့မတ်ပဲ

အိန္ဒိယနိုင်ငံတွင်း လိုအပ်ချက် ရှိနေသော မတ်ပဲက ယခုရက်သတ္တပတ်တွင်လည်း ဈေးထပ်မံမြင့်တက်နေသည်။ အိန္ဒိယဈေးကွက်တွင် မတ်ပဲ (CNF)ဈေးက တစ်တန် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာဈေးမြင့်သွားသည်။ ယခုရက်သတ္တပတ်၌ အိန္ဒိယဈေးကွက်တွင် မြန် မာ မတ်ပဲ FAQ အမျိုးအစား တစ်တန် ဒေါ်လာ ၈၆၅ မှ ၈၈၀ သို့‌ဈေးပြောင်းပြီး မတ်ပဲ SQ တစ်တန် ဒေါ်လာ ၉၆၅ မှ ၉၈၀ သို့ဈေးပြောင်းသွားသည်။

အိန္ဒိယပြည်တွင်း မတ်ပဲဈေးကွက်အခြေအနေ၏ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတွင်လည်း မတ်ပဲ ပြည်ပရောင်းချသည် (FOB (free on board)ဈေးက တစ်တန်လျှင် ၃၅ ဒေါ်လာ အနည်းဆုံး ဈေးမြင့်သွားသည်။ 

ယခုရက်သတ္တပတ် မတ်ပဲ FAQ တစ်တန် ၏ FOBဈေးက ဒေါ်လာ ၇၆၀ - ၇၇၀မှ ၇၉၅ - ၈၀၅သို့ဈေးပြောင်းသွားသည်။ မတ်ပဲ SQတစ်တန် ဒေါ်လာ ၈၄၀ - ၈၅၀မှ ၈၉၅ - ၉၀၅သို့ ဈေးပြောင်းသည်။

ပြည်တွင်းဈေးကွက်တွင်လည်း မတ်ပဲဈေးက အနည်းဆုံးတစ်တန် ကျပ် ၇၀,၀၀၀ကျော် ဈေးမြင့်သွားသည်။ ပြည်တွင်းဈေးကွက်တွင် မတ်ပဲFAQ တစ်တန် ကျပ် ၃,၀၀၅,၀၀၀ မှ ၃,၀၈၃,၀၀၀ သို့ဈေးပြောင်းသွားပြီး မတ်ပဲSQတစ်တန် ကျပ် ၃,၃၄၅,၀၀၀ မှ ၃,၄၄၅,၀၀၀ သို့ ဈေးပြောင်းသွားသည်။

မတ်ပဲက အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာ စားသောက်ကုန်တစ်မျိုးဖြစ်ပြီး အိန္ဒိယ နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်မှု မလုံလောက်သဖြင့် မြန်မာ၊ ဘရာဇီးအပါအ၀င် ပြည်ပနိုင်ငံများမှ တင်သွင်းနေရသည်။ ယခုနှစ် အိန္ဒိယ ဆောင်းရာသီ မတ်ပဲစိုက်ပျိုးမှု အနည်းငယ်လျော့နည်းသည်ဆိုသည့် သတင်းများကလည်း မတ်ပဲဈေးဆက်တက်ရန် တွန်းအားဖြစ်စေသည်ဟု သုံးသပ်မှုများလည်းရှိနေသည်။

ပဲစင်းငုံဈေးတက်

အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံက မတ်ပဲနှင့် ပြောင်းပြန် ဈေးအနည်းငယ်ပျော့လာသည်။ ပြီးခဲ့သည့်လက ဈေးဆက်တိုက်မြင့်ခဲ့သည့် ပဲစင်းငုံက ဖေဖော်ဝါရီလ ပထမရက်သတ္တပတ်တွင် ဈေးအနည်းငယ်ပြန်ပျော့သွားသည်။ ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံ (CNF)ဈေးက တစ်တန် ဒေါ်လာ၂၀ ဈေးကျသွားသည်။ 

အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံ (၂၀၂၅ crop) တစ်တန် ဒေါ်လာ ၉၁၀မှ ၉၀၀၊ ပဲစင်းငုံ( ၂၀၂၆ crop) တစ်တန် ဒေါ်လာ၉၄၅ မှ ၉၂၅သို့ဈေးပြောင်းသွာသည်။ သို့သော် မြန်မာနိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံ(နီ) ပြည်ပရောင်းချသည့်(FOB)ဈေးက ပဲစင်းငုံ (၂၀၂၄ -၂၅crop) တစ်တန် ဒေါ်လာ ၅၀ ဈေးမြင့်သွားသည်။

ပဲစင်းငုံ(နီ) (၂၀၂၄-၂၅ crop) ၏ FOBဈေး တစ်တန် ဒေါ်လာ ၇၇၀ - ၇၈၀မှ ၈၂၀ - ၈၃၀သို့ဈေးပြောင်းသွားသည်။ ပဲစင်းငုံ (၂၀၂၅-၂၆ crop) ၏ FOB‌ဈေး ကတစ်တန် ဒေါ်လာ ၈၆၀ - ၈၇၀ ဈေးဖွင့်သည်။

ပဲစင်းငုံ (နီ)ပြည်ပဈေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းဈေးမှာလည်း အပြောင်းအလဲများရှိနေသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ (နီ)(၂၀၂၆ crop)တစ်တန် ကျပ် ၃,၂၂၀,၀၀၀မှ ၃,၁၄၇,၀၀၀ သို့ကျပြီး ကျပ် ၃,၂၄၁,၀၀၀သို့ ဈေးပြောင်းသွားသည်။ ထို့အပြင် မန္တလေးဈေးကွက်တွင်လည်း ပဲစင်းငုံဈေးကအပြောင်းအလဲရှိနေသည်။ ယခုရက်သတ္တပတ်တွင် ပဲစင်း ငုံ(နီ)သစ် တစ်တန် ကျပ် ၃,၁၁၀,၀၀၀ ကျော်မှ ၃,၁၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

မျှော်လင့်ချက်ဖြင့်ပြောင်းဈေးအနည်းငယ်တက်

အခွန်သက်သာခွင့်ဖြင့် ထိုင်းနိုင်ငံမှ ပြောင်းစတင်၀ယ်ယူသည့်ကာလကို ရောက်ရှိလာချိန် ပြည်တွင်းပြောင်းဈေးအနည်းငယ်တက်လာသည်။

ပြည်တွင်းဈေးကွက်တွင် အရောင်းအ၀ယ်လည်း တိုးလာနေသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးက ပြည်ပရောင်းချသည့် FOBဈေး ငြိမ်နေသော်လည်း ပြည်တွင်းဈေး အနည်းငယ်အ ပြောင်းအလဲရှိနေသည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းတစ်ပိဿာ ကျပ် ၁,၄၆၀ - ၁,၄၈၀မှ ၁,၄၈၀ - ၁,၄၉၀သို့ဈေးပြောင်းလဲသွားသည်။ ပြည်ပသို့ ရောင်းချသည့် ပြောင်း FOBဈေးက တစ်တန်‌ဒေါ်လာ ၂၄၀/၂၅၀ ဖြင့်ဈေးငြိမ်နေသည်။

မန္တလေးဈေးကွက်တွင်လည်း ပြောင်းကအမျိုးအစားအလိုက် ဈေးနှုန်းအပြောင်းအလဲများရှိနေသည်။ ပြောင်း (CP )သစ် တစ်တန် ကျပ် ၈၆၁,၀၀၀ကျော် ဖြင့်ဈေးငြိမ်နေသော်လည်း ရှမ်းပြောင်းကတစ်တန် ကျပ် ၈၄၄,၀၀၀ကျော်မှ ၈၃၉,၀၀၀ ကျော်သို့ဈေးပြောင်းသွားသည်။

မြေပဲဈေးတက်

ဆီထွက်သီးနှံအမျိုးအစားဖြစ်‌သော မြေပဲက ယခုရက်သတ္တပတ်တွင် လုံးဆန်နှင့်ဆီဆန် နှစ်မျိုးစလုံးဈေးမြင့်တက်လာသည်။ ပြည်ပရောင်းချသည့် မြေပဲလုံးဆန်(FOB)ဈေးငြိမ်နေသည်။

ရန်ကုန်ဈေးကွက်တွင် ပြည်ပရောင်းချသည့် မြေပဲ FOBဈေးက တစ်တန် ဒေါ်လာ ၁,၅၂၅/ ၁,၅၃၅ဖြင့် ဈေးငြိမ်နေသည်။ မန္တလေးဈေးကွက်တွင် မြေပဲပြည်တွင်းဈေးက အမျိုးအစားအလိုက် မြေပဲ (လုံးဆံနှင့် ဆီဆံ)တစ်တန် အမြင့်ဆုံး ကျပ် ၄၀၀,၀၀၀ ကျော်အထိဈေးတက်လသည်။ မြေပဲ(S1)လုံးဆံတစ်တန် အမြင့်ဆုံးဈေး ကျပ် ၅,၈၇၀,၀၀၀ကျော်မှ ကျပ်သိန်း၆၀ ကျော်၊ အနီ(လုံးဆံ)တစ်တန် ကျပ် ၅,၃၂၀,၀၀၀ကျော်မှ ၅,၄၅၀,၀၀၀ ကျော်၊ ပြန့် (လုံးဆံ)တစ်တန် ကျပ် ၅,၅၁၀,၀၀၀ ကျော် မှ ၅,၉၄၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

မြေပဲ(ဆီဆံ)ကလည်း S1(ဆီဆံတစ်တန် အမြင့်ဆုံးကျပ် ၅,၃၈၀, ၀၀၀ကျော်မှ ၅,၅၁၀,၀၀၀ ကျော်၊ အနီ(ဆီဆံ) တစ်တန် ကျပ် သိန်း၅၀ ကျော်မှ ၅၂ သိန်းကျော်၊ ပြန့် (ဆီဆံ) တစ်တန် ကျပ် ၅,၃၈၀,၀၀၀ ကျော်မှ ၅,၈၁၀,၀၀၀ ကျော်သို့ဈေးပြောင်းသွားသည်။

အမျိုးအစားအလိုက်နှမ်းဈေးတက်

ဆီထွက်သီးနှံ နှမ်းကလည်း ယခုရက်သတ္တပတ်တွင် အမျိုးအစားအ လိုက် ပြည်တွင်းဈေးသာမက ပြည်ပဈေးပါလိုက်ပါ မြင့်တက်လာသည်။

တရုတ်နိုင်ငံက အဓိက၀ယ်ယူသည့် နှမ်းနက်(စမုံ)က ဈေးငြိမ်နေသော်လည်း နှမ်းညိုနှင့် နှမ်းဖြူ ပြည်ပရောင်းချသည့် FOBဈေးမြင့်တက်လာသည်။

ရန်ကုန်ဈေးကွက်တွင် နှမ်းနက်(စမုံ)၏ FOBဈေးက တစ်တန် ဒေါ်လာ၂,၆၃၅/၂,၆၄၅ဖြင့် ဈေးငြိမ်သော်လည်း နှမ်းဖြူက တစ်တန် ဒေါ်လာ၂၀ နှမ်းညို တစ်တန် ဒေါ်လာ ၅၀ဈေးတက်သည်။ နှမ်းဖြူတစ်တန် FOB ဈေး ဒေါ်လာ ၁,၁၅၅/၁,၁၆၅မှ ၁,၁၇၅/၁,၁၈၅သို့ဈေးပြောင်းပြီး နှမ်းညို တစ်တန် ‌ဒေါ်လာ ၁,၀၃၀/ ၁,၀၄၀မှ ၁,၀၈၀/၁,၀၉၀သို့ဈေးပြောင်းသွားသည်။

မန္တလေးဈေးကွက် ပြည်တွင်းနှမ်းဈေးက နှမ်းနက်(စမုံ)တစ်တန် ကျပ် ၁၀၂သိန်းကျော်၊ နှမ်းညို(သစ်) တစ်တန် ကျပ် ၄,၂၁၀,၀၀၀ကျော်ဖြင့်ဈေးငြိမ်နေပြီး နှမ်းဖြူ(ဂျပန်) တစ်တန် ကျပ် ၂၀၀,၀၀၀ ကျော်ဈေးမြင့်သွားသည်။ နှမ်းဖြူ(ဂျပန်) တစ်တန် ကျပ် ၄,၂၁၀,၀၀၀ ကျော်မှ ၄,၄၉၀,၀၀၀ကျော်သို့ ဈေးပြောင်းသွားသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်