တစ်ပတ်စာဈေးကွက်သုံးသပ်ချက်

02/02/2026 12:35 PM တွင် AMIA AMIA မှ ရေးသား

မြန်မာ့အိမ်နီးချင်းနိုင်ငံများ၏ ၀ယ်လိုအားမျှော်လင့်ချက်ကြောင့် ပြည်ပလယ်ယာပို့ကုန်များ ဈေးမြင့်တက်နေသည်။

ဈေးဆက်မာနေသည့် မတ်ပဲ

အိန္ဒိယနိုင်ငံအတွင်း ၀ယ်လိုအားကောင်းနေသောမြန်မာ့ မတ်ပဲက ယခုရက်သတ္တပတ်တွင်လည်း ဈေးထပ်မံမြင့်တက်လာသည်။ မိုးရာသီစိုက်ပျိုးသည့် မတ်ပဲအထွက်နှုန်း အားပျော့နေခြင်းကြောင့် အန္ဒိယဈေးကွက်တွင် ဈေးတက်ခြင်းဟု သုံးသပ်မှုများရှိနေသည်။

ယခုရက် သတ္တပတ်တွင်အိန္ဒိယနိုင်ငံအတွင်း မတ်ပဲ ( CNF) ဈေးက  တစ်တန် အမေရိကန်ဒေါ်လာ ၃၅ဒေါ်လာခန့် ဈေးမြင့်တက်သည်။ မတ်ပဲ FAQအမျိုး အစားတစ်တန် ဒေါ်လာ ၈၆၀၊ မတ်ပဲSQ တစ်တန်ဒေါ်လာ ၉၅၀ဈေးဖွင့်သည်။ ရက်ပိုင်းအတွင်း မတ်ပဲဈေးက ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။

အိန္ဒိယ ဈေးကွက်၏ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင်လည်း မတ်ပဲဈေးကဆက်လက်မြင့်တက်သည်။ ပြည်တွင်း ရောင်းဝယ်သည့် ဈေးသာမက ပြည်ပဈေးလည်းမြင့်တက်သည်။ ရန်ကုန်ဈေးကွက်တွင် မတ်ပဲ ပြည်ပရောင်းချသည့် FOB( free on board)ဈေးက တစ်တန် ဒေါ်လာ၂၀ ဈေးမြင့်တက်သည်။ မတ်ပဲ FAQတစ်တန် FOBဈေးက ဒေါ်လာ ၇၄၀ - ၇၅၀မှ ၇၆၀ - ၇၇၀ဈေးဖွင့်ပြီး မတ်ပဲ SQ တစ်တန် ဒေါ်လာ ၈၂၀ - ၈၃၀မှ ၈၄၀ - ၈၅၀သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်းမတ်ပဲဈေးကလည်း တစ်တန် ကျပ် ၁၇၀,၀၀၀ ကျော် ဈေးမြင့်တက်လာသည်။ မတ်ပဲ ၂၀၂၅ FAQ တစ်တန် ကျပ် ၂,၈၇၅,၀၀၀မှ ၃,၀၄၉,၀၀၀ သို့ ဈေးပြောင်းသွားပြီး မတ်ပဲ၂၀၂၅ SQ တစ်တန်ကျပ် ၃,၁၇၅,၀၀၀မှ ၃,၃၇၉,၀၀၀သို့ဈေးပြောင်းလဲသည်။

ဈေးအတက်ကြမ်းသည့် ပဲစင်းငုံ

အိန္ဒိယနိုင်ငံ မိုးရာသီတွင် စိုက်ခင်းများပျက်ဆီးမှု ကြုံခဲ့ရသည့် ပဲစင်းငုံက ဈေးအတက်ကြမ်းနေသည်။ ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံ CNF ဈေး တစ်တန် ဒေါ်လာ ၉၀ကျော် ဈေးမြင့်တက်သွားသည်။

ပဲစင်းငုံကတစ်ရက်ပြီး တစ်ရက် ဈေးဆက်တိုက်မြင့်တက်လာပြီး ဇန်နဝါရီ ၂၉ အိန္ဒိယ CNF ဈေးက ပဲစင်းငုံ ၂၀၂၆ crop တစ်တန် ဒေါ်လာ ၉၃၅ဈေးဖွင့်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အိန္ဒိယ ဈေးကွက်၌ ပဲစင်းငုံ CNFဈေးက တစ်တန် ဒေါ်လာ ၈၄၀ ၀န်းကျင်ဈေးဖွင့်သည်။

အိန္ဒိယတွင် ဈေးမြင့်တက်နေသော ပဲစင်းငုံက မြန်မာ နိုင်ငံတွင်လည်း ပြည်တွင်းပြည်ပဈေးမြင့်တက်လာသည်။ ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ(နီ) FOBဈေးက တစ်တန် ဒေါ်လာ ၃၀ဈေးမြင့်တက်သည်။ ပဲစင်းငုံ (နီ) တစ်တန် ဒေါ်လာ ၇၄၀ - ၇၅၀မှ ၇၇၀ - ၇၈၀သို့ ဈေးပြောင်းသွားသည်။

ရန်ကုန်ဈေးကွက်တွင် ပြည်တွင်း ပဲစင်းငုံ(နီ)က ပြီးခဲ့သည့် ရက်သတ္တပတ်ထက် တစ်တန်ကျပ် ၂၇၀,၀၀၀ ကျော် ဈေးမြင့်တက်သည်။ ပဲစင်းငုံ(နီ)၂၀၂၆ crop တစ်တန် ကျပ် ၃,၀၉၀,၀၀၀မှ ၃,၃၆၁,၀၀၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင်လည်း ပဲစင်းငုံ(နီ)ဈေးက တစ်တန်ကျပ် ၃၀၀,၀၀၀ ကျော် ဈေးမြင့်သွားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပဲစင်းငုံ(နီ)တစ်တန် ကျပ် ၂,၉၃၉,၀၀၀ ကျော်မှ ၃,၂၄၅,၀၀၀ ကျော်သို့ဈေးပြောင်းသွားသည်။

ပြောင်းဈေးတက်လာ

ထိုင်းနိုင်ငံမှာ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်း၀ယ်ယူမည့် ကာလစတင်ရန် အချိန်နီးကပ်လာသဖြင့် မြန်မာ့ပြောင်း ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်းမြင့်တက်လာသည်။ မြန်မာ့ပြောင်း ၀ယ်ယူမှုနှင့်ပတ်သက်၍ ထိုင်းအစိုးရ၏ မူဝါဒ အပြောင်းအလဲများရှိနေသော်လည်း အခြားသောနိုင်ငံများကို တိုးမြှင့်တင်ပို့နိုင်ရန် ပြင်ဆင်နေသည်။ ထို့ကြောင့် ရန်ကုန်ဈေးကွက်တွင် ယခုရက်သတ္တပတ် ပြောင်းဈေးက ပြည်တွင်း၊ ပြည်ပဈေးနှစ်မျိုးစလုံး မြင့် တက်လာသည်။ ပြည်ပရောင်းချသည့် ပြောင်းFOB ဈေးကတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၃၅ - ၂၄၅မှ ၂၄၀ - ၂၅ဝ သို့ပြောင်းလဲသည်။

ရန်ကုန်ဈေးကွက်တွင် ပြည်တွင်းဈေးက ပြောင်းတစ်ပိဿာ ကျပ် ၁,၄၃၀ - ၁,၄၅၀မှ ၁,၄၆၀ -၁,၄၈၀ သို့ ဈေးပြောင်းသွားသည်။

မန္တလေးဈေးကွက်တွင်လည်း ပြောင်းက ရက်သတ္တ ပတ် အတွင်း တစ်တန် ကျပ်၂၀၀,၀၀၀ ကျော် ဈေးမြင့်သွားသည်။ မန္တလေးဈေးကွက်တွင် ရှမ်းပြောင်း နှင့် CP ပြောင်းသစ်တစ်တန် ကျပ်၈၃၉,၀၀၀ ကျော် မှ ၈၆၁,၀၀၀ကျော်သို့ဈေးပြောင်းသည်။

ပဲပုပ်ဈေးအနည်းငယ်မြင့်တက်

ပြည်တွင်းအဓိကသုံးသည့် ပဲပုပ်က ယခုရက်သတ္တပတ်တွင်ဈေးမြင့်တက်လာသည်။ ဆီထွက်သီးနှံအမျိုးအစားဖြစ်ပြီး လုပ်ငန်းသုံးရန်နှင့် ဆီစက်များ၏ဝယ်လိုအားရှိနေသော သီးနှံအမျိုးအစားဖြစ်သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ၀ယ်လိုအားပျော့ခြင်းကြောင့် ပဲပုပ်ဈေးအနည်းငယ်ကျဆင်းခဲ့သည်။ ယခုရက်သတ္တပတ်တွင် ပဲပုပ်ဈေးက အနည်းငယ်ပြန်တက်လာသည်။ ယခုရက်သတ္တပတ် ပဲပုပ် ပြည်တွင်းဈေးက တစ်တန် ကျပ် ၂၅၀,၀၀၀ ကျော်ဈေး ပြန်တက်သည်။ 

မန္တလေးဈေးကွက်တွင် ပဲပုပ်(ဗမာ)တစ်တန် ကျပ် ၃,၆၈၀,၀၀၀ ကျော်မှ ၃,၉၆၀,၀၀၀ကျော်၊ ပဲပုပ်(ရှမ်း)တစ်တန် ကျပ် ၄,၀၇၀,၀၀၀ ကျော်မှ ၄,၁၉၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

အာလူးဈေးကျဆင်း

အရည်အသွေးပိုင်း လိုအပ်ချက်များ‌ကြောင့် ၀ယ်အားလျော့သဖြင့် အာလူးဈေးက ယခုရက်သတ္တပတ်တွင်လည်း ဈေးအနည်းငယ် ထပ်မံကျဆင်းလာသည်။ လုပ်ငန်းသုံးရန် ၀ယ်အားပျော့ခြင်းကြောင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သော အာလူးဈေးကျဆင်းသော်လည်း တရုတ်အာလူးလည်း ဈေးငြိမ်‌နေသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ‌အောင်ပန်းအာလူး(A1)တစ်ပိဿာကျပ် ၃,၅၀၀၊ အောင်ပန်းအာလူးOKတစ်ပိဿာကျပ် ၄,၅၀၀မှ ၄,၀၀၀၊ အောင်ပန်းအာလူး S1တစ်ပိဿာကျပ် ၅,၀၀၀မှ ၄,၅၀၀၊ အောင်ပန်းအာလူး S2 တစ်ပိဿာ ၅,၀၀၀မှ ၄,၅၀၀ သို့ ဈေးပြောင်းသွားသည်။ သို့သော် တရုတ်အာလူးက တစ်ပိဿာကျပ် ၅,၀၀၀ဖြင့် ဈေးငြိမ်နေသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်