တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၂ - ၆.၆. ၂၀၂၅)

09/06/2025 10:09 AM တွင် AMIA AMIA မှ ရေးသား

ပဲစဥ်းငုံ စျေးအကျကြမ်းသလို မတ်ပဲလည်းအနည်းငယ်ထပ်ကျပါတယ်။  ပြောင်းစျေးကတက်လာပြီး ပဲကြီးလည်းတက်လာပါတယ်။  

မတ်ပဲ

မတ်ပဲကတော့   အခုတစ်ပတ်မှာလည်း စျေးတန်းအနည်းငယ်ထပ်ကျလာတာ တွေ့ရပါတယ်။ တစ်တန်ကို ၂၀၀၀၀ လောက်ထပ်ကျတာဖြစ်ပြီး  နယ်စျေးကွက်မှာလည်း  မတ်ပဲပိဿာ ၂၀ တစ်တင်းကို ၉၅၅၀၀ ဝန်းကျင်နဲ့ ၅၀၀ ကျပ်လောက်ထပ်ကျ လာပါတယ်။ 

မတ်ပဲကို အိန္ဒိယနိုင်ငံက ဝယ်လိုအားရှိပေမယ့် အ၀ယ်နည်းတဲ့အပြင် စျေးကွက်လည်းအေးနေတာကြောင့် မတ်ပဲစျေးအကျဘက်မှာသာရှိနေတာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၂၉၇၅၀၀၀ မှ ၃၀၁၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိခဲ့ပါတယ်။

အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို၂၉၉၅၀၀၀ မှ ၃၀၂၀၀၀၀ ကျပ် ရှိခဲ့တာကြောင့်   အခုတစ်ပတ်အတွင်းမှာ   တစ်တန်ကိုမှ  ၁၀၀၀၀ မှ ၂၀၀၀၀   ကျပ် ဝန်းကျင်စျေးထပ်ကျပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးအကျကြမ်းလာပြီး တစ်တန်ကိုအများဆုံး ၁၀၀၀၀၀ ကျော် လောက်အထိကို ထပ်ကျလာတာဖြစ်ပါတယ်။ စျေးကျဆင်းမှုနဲ့အတူ  ပြည်တွင်းစျေးကွက်မှာလည်း ပဲစဥ်းငုံ ဝယ်လိုအားနည်းနေပါတယ်။ 

 ပြည်ပဝယ်လက်အိန္ဒိယက ဝယ်လိုအားနည်းပြီး စျေးကွက်အေးတာကြောင့် ​ဖြစ်ပါတယ်။ မတ်ပဲနဲ့ပဲစဥ်းငုံက အိန္ဒိယရဲ့ ဝယ်လိုအားပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်  ၂၇၁၅၀၀၀ မှ ၂၇၆၆၀၀၀ ကျပ်အတွင်းသာ စျေးတန်းရှိခဲ့ပါတယ်။

အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်မှာတော့  ပဲစင်းငုံနီတစ်တန်ကို  ၂၈၂၆၀၀၀ မှ ၂၈၇၃၀၀၀ ကျပ် အတွင်းစျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့်  အခုတစ်ပတ်မှာ တစ်တန်ကို ၁ သိန်းကျော် လောက်ထပ်ပြီး စျေးကျလာပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ လက်ရှိပြည်တွင်းမှာ ဝယ်လိုအားများလာပြီး ပြောင်းလက်ကျန်နည်းလာတဲ့အခြေအနေတွေကြောင့် စျေးတန်းမြင့်တက်လာပါတယ်။ ပြည်ပကို ပြောင်းဆံတင်ပို့ဖို့အတွက် ပြောင်းလိုအပ်ချက်ရှိနေတဲ့အတွက် ကုန်သည်တွေက ပြောင်းကို စျေးပေးပြီးဝယ်ယူနေတာကြောင့် စျေးမြင့်တက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၇၃၀ မှ ၁၇၅၀ ကျပ်ရှိလာပါတယ်။ တောင်ကြီး အေးသာယာမှာတော့ ပြောင်းတစ်ပိဿာကို ၁၅၅၀ ဝန်းကျင်နဲ့ မန္တလေးမှာ တစ်ပိဿာကို ၁၆၀၀ ဝန်းကျင်အထိရှိလာပါတယ်။

ပဲကြီး

ပဲကြီးက ယခုအပတ်မှာ စျေးတန်းမြင့်တက်လာပါတယ်။ ပဲကြီးက အဓိကပြည်တွင်းစားသုံးမှုများတဲ့ ပဲတစ်မျိုးဖြစ်တာကြောင့် ပြည်တွင်းစားသုံးမှုနဲ့ ဝယ်လိုအား၊ ပစ္စည်းလက်ကျန်အနည်း အများပေါ်လိုက်ပြီး စျေးပြောင်းလဲမှုရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာ ပဲကြီးကို လုပ်ငန်းသုံးသမား၊ လက်လီသမားတွေအဝယ်ပုံရှိနေတာကြောင့် စျေးတက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၀၈၅ ကျပ်မှ ၄၄၃၅ ကျပ်ရှိပြီး  ပဲကြီး (ရွှေကျွန်း)တစ်ပိဿာကို ၅၁၃၀ မှ ၆၁၉၅ ကျပ် ရှိပါတယ်။

မန္တလေးစျေးကွက်မှာ ပဲကြီး (ကြီး ) က ၅၅.၂၅ ပိဿာကို ၃၀၀၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ်၊ပဲကြီး (လတ်) ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ကျပ်၊ ပဲကြီး (သေး)က ၂၃၀၀၀၀ မှ ၂၄၀၀၀၀ ကျပ်စျေးရှိတယ်လို့သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်