သီးနှံဈေးကွက်သုံးသပ်ချက် (၅ - ၉.၅.၂၀၂၅)

13/05/2025 10:58 AM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ၊ ပဲစဥ်းငုံက စျေးပြန်တက်လာပြီး ပဲတီစိမ်းကလည်းစျေးထပ်တက်လာပါတယ်။ မြေပဲကလည်းစျေးတက်လာပါတယ်။ နှမ်းကတော့ အတက်‌ ဈေးနဲ့ စျေးငြိမ်နေပါတယ်။  

မတ်ပဲ

အရင်အပတ်က စျေးတန်းကျခဲ့တဲ့  မတ်ပဲက ခုတစ်ပတ်မှာတော့   စျေးပြန်တက်လာတာ တွေ့ရပါတယ်။ မတ်ပဲစျေးကွက်ပြန်တက်လာတာကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၉၀၀၀ ဝန်းကျင်အထိဖြစ်လာပါတယ်။  

မတ်ပဲက အိန္ဒိယရဲ့ ပဲဝယ်လိုအားပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို သိန်း ၃၀၄၈၀၀၀ မှ ၃၀၆၈၀၀၀ ကျပ် အတွင်းစျေးတန်းရှိခဲ့ပါတယ်။

အရင်အပတ်က တနင်္လာကနေ သောကြာနေ့ အထိ ၃၀၁၅၀၀၀ ကျပ်မှ ၃၀၃၆၀၀၀ ကျပ်ရှိပြီး တစ်ပတ်အတွင်း  တစ်တန်ကို  ၃၀၀၀၀ ကျပ်ကျော် စျေးတက်လာပါတယ်။

ပဲစဉ်းငုံ

ပဲစဥ်းငုံကလည်း အခုတစ်ပတ်မှာ စျေးတန်းပြန်တက် လာတာတွေ့ရပါတယ်။ ပဲစဥ်းငုံက စျေးပြန်တက်လာပေမယ့်လည်း လက်ကျန်နည်းတာကြောင့် အရောင်းအဝယ်အေးတယ်လို့သိရပါတယ်။

ပဲစဥ်းငုံနီကလည်း  အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ်သိန်း  ၂၉၄၀၀၀၀ မှ ၂၉၆၅၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။ 

အရင်အပတ်တုန်းက   ပဲစဉ်းငုံနီ တစ်တန်ကို ကျပ်သိန်း၂၉၁၂၀၀၀ မှ ၂၉၅၀၀၀၀ ကျပ်အတွင်းစျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့်  အခုတစ်ပတ်မှာ တစ်တန်ကို ကျပ် ၂၀၀၀၀ ကျော်စျေးတက်လာပါတယ်။

မြေပဲ

ပြည်တွင်းပဲမျိုးစုံစျေးကွက်မှာ ယခုမေလပထမပတ်အတွင်း မြေပဲစျေးနှုန်းတွေ မြင့်တက်လာပါတယ်။

ပြည်တွင်းမှာ ပဲဆီစားသုံးမှုနှုန်းမြင့်လာတာကြောင့် ဆီစက်တွေကဝယ်လိုအားရှိတဲ့အပြင် ပဲခွဲစက်တွေကလည်း ဝယ်လိုအားရှိနေပြီး မြေပဲလက်ကျန်နည်းလာတဲ့အတွက်  စျေးကွက်လှုပ်လာတာဖြစ်တယ်လို့သိရပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ မြေပဲလုံးဆံဖြူတစ်ပိဿာကို ၉၇၀၀ မှ ၁၀၂၀၀ ကျပ်ရှိပြီး S1 ဆီဆံက တစ်ပိဿာကို ၉၄၀၀ မှ ၉၆၀၀ ကျပ်သာရှိပြီး မြေပဲလုံးဆံအနီက တစ်ပိဿာကို ၈၄၀၀ မှ ၈၈၀၀ ကျပ်ရှိလာပါတယ်။

ပဲတီစိမ်း 

ပဲတီစိမ်းကတော့ အခုတစ်ပတ်မှာလည်း  စျေးတန်းဆက်တိုက်ထပ် တက်လာပါတယ်။   ပဲတီစိမ်းကို တရုတ်အပြင် ပြည်ပဝယ်လက်အချို့က ဝယ်လိုအားရှိနေပြီး ပြည်တွင်းလက်ကျန်နည်းလာတဲ့အတွက်   စျေးတန်း ထပ်မံမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

ပြည်တွင်းမှာလည်း မျိုးပဲအဖြစ် ပြန်လည်ဝယ်ယူမှုများလာတာကြောင့် စျေးကွက်မြင့်လာတာဖြစ်ပါတယ်။

ယခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ  ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်းနဲ့  ပဲခူးရွှေဝါက တစ်ပိဿာကို ၆၆၆၅ ကျပ်ရှိ ပြီး  ပဲတီစိမ်း အညာက ၆၁၃၅ ကျပ်မှ ၆၁၈၅ ကျပ် နဲ့ တစ်ပိဿာကို ၃၃၅ ကျပ်နှုန်း အသီးသီးမြင့်တက်လာတာဖြစ်ပါတယ်။ 

ပဲတီစိမ်း ဝါးခယ်မကတော့   ၅၈၃၀ မှ ၅၈၅၀ ကျပ်နဲ့ ပဲစျေးတန်းငြိမ်နေပါတယ်။ 

နှမ်း 

မေလဆန်းပိုင်းမှာ နှမ်းနက်စမုံကစျေးတက်လာပြီး ကျန်တဲ့နှမ်းအမျိုးအစားတွေက  စျေးအတက်အကျမရှိဘဲ အတက်စျေးမှာပဲငြိမ်နေတယ်လို့သိရပါတယ်။နှမ်းကို ပြည်ပက ဝယ်လိုအားရှိပေမယ့် အရည်အသွေးကောင်းတဲ့ နှမ်းကိုသာ ဝယ်ယူမှုရှိနေတာဖြစ်တယ်လို့သိရပါတယ်။

နှမ်းက တရုတ်ကိုသာ အဓိကအများဆုံးတင်ပို့ရတာဖြစ်ပြီး စျေးတန်းကလည်းတရုတ်ဝယ်လိုအား၊ နိုင်ငံခြားငွေစျေး ပေါ်လိုက်ပြီးစျေးအတက် အကျရှိတာဖြစ်တယ်လို့သိရပါတယ်။

မန္တလေး ကုန်စည်ဒိုင် ဈေးကွက်မှာ နှမ်း နက် စမုံ ၄၅ ပိဿာ တစ်အိတ်ကို  ၇၇၀၀၀၀ မှ ၈၀၀၀၀၀  ကျပ် ရှိလို့ ၄၀၀၀ ကျပ်တက်လာတာဖြစ်ပါတယ်။ နှမ်းဖြူဂျပန်က ၄၀၃၀၀၀၊ နှမ်းဖြူဗမာက ၃၄၀၀၀၀ မှ ၃၅၀၀၀၀ ကျပ်နဲ့ နှမ်းညို က ၃၁၀၀၀၀ မှ ၃၃၀၀၀၀ ကျပ်ရှိပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်