တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၂၁ - ၂၄.၁၀.၂၀၂၅)

27/10/2025 09:00 AM တွင် AMIA AMIA မှ ရေးသား

 

မတ်ပဲ 

မတ်ပဲက ယခုတစ်ပတ်မှာလည်း စျေးကွက်အေးပြီး  တစ်တန်ကို ၁၀၀၀၀ ကျော်လောက် စျေးကျပါတယ်။ မတ်ပဲ FAQ က FOB စျေးပြန်တက်လာပေမယ့် ပြည်တွင်းစျေးကွက်ကတော့ ကျဆင်းနေဆဲဖြစ်ပါတယ်။ မတ်ပဲကို အိန္ဒိယနိုင်ငံက ဝယ်လိုအား နည်းနေတဲ့အတွက် ပြည်ပတင်ပို့မှုလျော့ကျပြီး အရောင်းအဝယ်အေးနေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ အင်္ဂါနေ့က ၂၆၉၅၀၀၀၊  ဗုဒ္ဓဟူးနေ့မှာ ၂၇၀၀၀၀၀၊ ကြာသပတေးနေ့ မှာ ၂၇၁၀၀၀၀၊ သောကြာနေ့မှာ တော့၂၆၉၇၀၀၀ ကျပ်ရှိပါတယ်။

အရင်တပတ်က  မတ်ပဲ FAQ တစ်တန်ကို ၂၆၇၉၀၀၀ မှ ၂၇၂၆၀၀၀ ကျပ်ရှိခဲ့ ပါတယ်။ FOB စျေးကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ  ၇၁၀ မှ ၇၂၀ အထိရှိလာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံကတော့  တစ်ပတ်တာလုံး တစ်တန်ကို ၂၆ သိန်းကျော်ဝန်းကျင်စျေးတန်း မှာရှိခဲ့ပါတယ်။အရင်အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၄၀၀၀၀ ကျော်လောက်တက်လာတာတွေ့ရပါတယ်။

FOB စျေးကလည်း  အရင်တစ်ပတ်ကထပ် အမေရိကန် ဒေါ်လာ ၆၃၀ မှ ၆၄၀ အတွင်းရှိရာကနေ အခုတစ်ပတ်မှာတော့ အမေရိကန်ဒေါ်လာ ၆၅၀ မှ ၆၆၀ အထိရှိ လာတာတွေ့ရ ပါတယ်။ ပဲစင်းငုံက ပြည်တွင်းမှာ လက်ကျန်နည်းနေပြီး  ပြည်ပအဝယ်နဲ့ ပဲခွဲစက်တွေလည်း အဝယ် ရှိနေတာကြောင့် စျေးတန်းအတက်ပြလာနေတာဖြစ် ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အင်္ဂါနေ့က ၂၆၄၀၀၀၀၊  ဗုဒ္ဓဟူးနေ့မှာ ၂၆၆၇၀၀၀၊  ကြာသပတေးနေ့ မှာ ၂၆၉၀၀၀၀၊  သောကြာနေ့မှာ တော့ ၂၆၅၀၀၀၀  စျေးရှိပါတယ်။

ဆန်

ဆန်စျေးကွက်ကတော့ ပြည်ပကို ဆန်တင်ပို့မှု ပမာဏမြင့်နေပေမယ့်လည်း ပြည်တွင်းစျေးကွက်မှာ ဆန်ကိုဝယ်လိုအား အလွန်လျော့ကျလာနေတယ်လို့သိရပါတယ်။ ဝယ်လိုအားလျော့ကျတဲ့အပြင် စျေးနှုန်းကလည်း အကျမှာပဲရှိနေသေးတယ်လို့သိရပါတယ်။

ဆန်ကို လက်ကားဝယ်ယူမှုအလွန်နည်းသွားပြီး လက်လီသာ အရောင်းအဝယ် ရှိနေတာဖြစ်ပါတယ်။ လက်ရှိဆန်စျေးကွက်မှာက ရွှေဘိုပေါ်ဆန်း၊ ဧရာပဒေသာ၊ ဧရာဝတီပေါ်ဆန်း၊ ကောက်ညှင်းဆန် တွေသာစျေးမြင့်တက်နေပြီး ကျန်တဲ့ ပြည်ပတင်ပို့မှုရှိတဲ့ဆန်နဲ့ ပြည်တွင်းစားသုံးမှုရှိတဲ့ဆန်တွေက စျေးကွက်ကျနေတာဖြစ်တယ်လို့သိရပါတယ်။

မြေပဲ

ပြည်တွင်း ကုန်စည်ဒိုင်တွေကို မိုးမြေပဲအသစ်တွေ ဒေသအစုံကနေ ဝင်ရောက်မှုရှိနေပေမယ့်လည်း မြေပဲစျေးကအတက်ဘက်ကို လှုပ်လာတယ်လို့သိရပါတယ်။ မိုးလွတ်မြေပဲ အရည်အသွေးကောင်းတွေက စျေးကောင်းရနေပြီး အရည်အသွေးနိမ့်ကုန်ပစ္စည်းကတော့ စျေးနည်းတယ်လို့သိရပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ S1 ဆံဖြူတစ်ပိဿာကို ကျောက်ပန်းတောင်းဒေသထွက်  တစ်ပိဿာကို ၇၉၀၀ မှ ၈၀၀၀ ကျပ်ရှိပြီး နွားထိုးကြီးဒေသထွက် မြေပဲဆံကတော့ တစ်ပိဿာကို ၈၁၀၀ မှ ၈၂၅၀ ကျပ်နဲ့ မြင်းမူ မြေပဲဆံက ၈၃၀၀ မှ ၈၄၀၀ ကျပ်ရှိနေပါတယ်။

S1ဆီဆံကို ၇၂၀၀ မှ ၇၅၀၀ ကျပ်၊ ၇၆၀၀ မှ ၇၇၀၀ ကျပ်နဲ့  စျေးတန်းနှစ်မျိုးဖွင့်ထားပြီး အနီလုံးဆံကတော့ ၇၈၀၀ ကျပ်မှ ၈၃၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။

ပြောင်း

ပြောင်းဆံကတော့ အခုတစ်ပတ်မှာ မန္တလေးစျေးကွက်မှာ အတက်ပြပြီး ရန်ကုန်စျေးကွက်မှာ စျေးထပ်ကျတာတွေ့ရပါတယ်။  အရည်အသွေးကောင်းတဲ့ပြောင်း အခြောက်တွေက ဝယ်လိုအားရှိပြီး စျေးအတက်ပြတာဖြစ်တယ်လို့သိရပါတယ်။  ပြောင်းဆံကိုပြည်တွင်းကုန်သည်တွေ၊ ပို့ကုန်သမားတွေ၊ အစာစပ်စက်ရုံတွေကဝယ်ယူမှုရှိနေပါတယ်။   

ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့် ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက်  ပြောင်းဆံပြည်ပတင်ပို့မှုကတော့ လျော့ကျနေပါတယ်။ 

မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း ( ရှမ်း)နဲ့ ပြောင်း ( CP) က တစ်အိတ်ကို ၇၄၀၀၀ မှ ၇၅၀၀၀ ကျပ်နဲ့ အရင်တစ်ပတ်ကထက် ၁၀၀၀ ကျပ်အတက်ပြ ပါတယ်။ ပြောင်း ( ဗမာ)  ကတော့စျေးတန်းဖွင့်ထားခြင်းမရှိပါဘူး။ 

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာက ပြောင်းတစ်ပိဿာကို ၁၄၄၀ ကျပ်မှ ၁၄၆၀ ကျပ်စျေးရှိ ပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်