ဘရိုကိုလီ(အစိမ်းရောင်ပန်းမုန်လာ) စိုက်ပျိုးခြင်း

08/12/2017 22:29 PM တွင် ko khun ko khun မှ ရေးသား

ဘရိုကိုလီသည်ဒေါက်ခွရွက်ကဲ့သို့သော အအေးပိုင်းသီးနှံ ဖြစ်ပြီး အနောက်နိုင်ငံများ (မြောက်ကမ္ဘာခြမ်း) တွင် နွေဦးပေါက် (မတ်လ) သို့မဟုတ် ဆောင်းဦးပေါက်ရာသီ (စက်တင်ဘာလ) များတွင် စိုက်ပျိုးနိုင်သည်။ စိုက်ချိန်ကို သေချာဂရုပြုစိုက်ပါက ထိုရာသီဥတု (၂) မျိုးလုံးတွင် တောက်လျောက် ရိတ်သိမ်းနိုင်သည်။ မြန်မာနိုင်ငံတွင် ဆောင်းတွင်းပိုင်းတွင်သာ စိုက်ပျိုးကြသည်။ ဂေါ်ဖီအုပ်စုဝင် သီးနှံဖြစ်ပြီး အိမ်ခြံဝင်းတွင် စိုက်သင့်သည့် အပင်မျိုး ဖြစ်သည်။ အသုပ်များတွင် အစိမ်းလိုက် ထည့်စားလျင်သော်လည်းကောင်း အနည်းငယ်ပေါင်းစားလျှင်သော်လည်းကောင်း အရသာရှိလှသည်။ အေးခဲပြီးလည်း ကြာကြာထားနိုင် ပါတယ်။ ကျေးလက်လူထု၏ စီးပွာရေးတွက်ချေကိုက်သည့် သီးနှံဖြစ်သည်။

၁။ ရာသီဥတုနှင့်မြေအမျိုးအစား လိုအပ်ချက်

ဆောင်းသီးနှံ ဖြစ်သော်လည်းနွေးပြီး စိုစွတ်သည်ကို ကြိုက်တဲ့သီးနှံပင်ဖြစ်ပါတယ်။ နေ့စဉ်ပျှမ်းမျှအပူချိန်၁၈-၂၃ ဒီဂရီစင်တီဂရိတ်တွင် အကောင်းဆုံး ဖြစ်ထွန်းသည်။ ဘရိုကိုလီသည်နေရောင်ခြည် အပြည့်အဝ ရရှိခြင်းကို နှစ်သက်သည်။ နွေးသောရာသီ အပိုင်းအခြားတွင် နေရောင်ခြည် အပြည့်အဝမရခြင်း (သို့) အရိပ်များ ကျခြင်း ဖြစ်ပါက ပန်းခိုင်များ ထွက်ပေါ်လာတက်သည်။ မြေဆွေးများများနှင့် ရေဆင်းကောင်းပြီး မြေဆီထက်သန်သော မြေဖြစ်သင့်သည်။

၂။ စိုက်ပျိုးခြင်းနှင့် အပင်အကွာအဝေး

၁။ ၅ ဒီဂရီစင်တီဂရိတ်ရှိပြီး အေးလျှင်ပင်မြေတွင် အပင်ပေါက်နိုင်သည်။

၂။ စွတ်စိုပြီး၊ နေရောင်ကောင်းစွာ ရရှိရန်လိုသည်။ မြေဆီသြဇာ ထက်သန်ပြီး အနည်းငယ်ချဉ်သော မြေဖြစ်ရမည်။ မစိုက်ပျိုးခင် နွားချေးဆွေး (သို့) သဘာဝမြေဆွေး၂ လက်မ မှ ၄ လက်မခန့် ထည့်ပေးပါ။

၃။ ပျိုးသက်တမ်း ၂၅-၃၀ ရက် (သို့) အရွက်စစ် ၄-၅ ရွက်ထွက်သောအခါ ရွေ့ပြောင်းစိုက်ပါ။ ၃ပေ-၃ပေခွဲ ကျယ်သောဘောင်တစ်ခြင်းစီတွင် တစ်ဘောင်နှစ်တန်း စိုက်စနစ်အတွက် ပင်ကြား ၁၆-၁၈ လက်မ အပင်တစ်တန်းနှင့် တစ်တန်းကြား၂ပေ-၂ပေခွဲခန့် ထား၍ စိုက်ပျိုးပါ။

၄။ ရွေ့ပြောင်း စိုက်ပျိုးခြင်း မပြုမီပျိုးပင်များကို ပျိုးဘောင်များမှ နှုတ်ယူရလွယ်ကူရန် ရေများများ လောင်းပေးပါ။ ရွေ့ပြောင်းစိုက်ရာတွင် အပင်မညှိုးစေရန် အမြစ်တွင်မြေများများပါရန် လိုအပ်သည်။ ရွေ့ပြောင်းစိုက်ပြီး ရေသွင်းခြင်းဆောင်ရွက်ပါ။

၅။ မျိုးစေ့ စိုက်ပျိုးလျှင် လက်မဝက်ခန့် အနက်တွင် စိုက်းပြီး၊ အပင်ရွေ့စိုက်လျှင် မူလအနေအထားထက် မြေထဲတွင် နည်းနည်းနှစ်ပြီးစိုက်ပျိုးပါ။

၆။ မျိုးစေ့များများချမိလျှင် အပင်မှုန်းရန် လိုအပ်သည် တစ်ပင်နှင့် တစ်ပင် တစ်ပေလောက် ခြားပေးပါ။

၃။ မျိုးစေ့နှုန်း

တစ်ဧကစာအတွက် မျိုးစေ့ ၁၂၅ ဂရမ် (၇ကျပ်သားခွဲ)ခန့် လိုအပ်သည်။ ပျိုးခင်း (သို့) ပျိုးဘောင်တွင် ပျိုးထောင်ပါ။ အညှောင့်ပေါက်ပြီး၂-၃ ရက်ကြာလျှင် ၁ လက်မခန့် အပင်များအား ခြားပေးပါ။

၄။ မြေဆွေးနှင့်မြေသြဇာ

အာဟာရ ကြွယ်သောမြေတွင် ဘရိုကိုလီသည် ကောင်းစွာ ဖြစ်ထွန်းသည်။ ထို့ကြောင့်မြေဆွေးနှင့် မြေသြဇာများကိုအောက်ပါတိုင်း ဖြည့်သွင်းပေးရမည်။

ပထမအကြိမ်-ရွေ့စိုက်ပျိုးအပင် ပြန်၍ နလန်ထလျှင် အပင်ပတ်ချာလည်တွင် ထည့်ပေးပါ။

ဒုတိယအကြိမ်-ပထမအကြိမ်ကျွေးပြီး ၂ ပတ်ခန့်ကြာလျှင်ဘောင်၏ ပခုံးသားတွင် အတန်းလိုက် ထည့်ပေးပါ။

တတိယအကြိမ်-အဖူးစဖြစ်သည့် အချိန်တွင် ထယ်ကြောင်း၂ ဖက်လုံးတွင် ထည့်ပေးပါ။

၅။ ရေသွင်းခြင်း

အမြစ်တိုသည့် အပင်ဖြစ်ခြင်းနှင့် ခြောက်သွေ့သည့်မြေတွင် ဒဏ်မဖြစ်စေရန် ရေကို မကြာခဏ သွင်းပေးပါ။ မိုးရာသီတွင် ရေထုတ်မြောင်း လုပ်ပေးရမည်။ အရည်သွေးနှင့် အရေအတွက်ကြောင့်ခေါင်ပန်းပွင့်အပြင် အခြားဘေးကိုင်များ ထွက်လာပါက ဖယ်ရှားပေးရန် လိုအပ်သည်။ (မျိုးအလိုက် ကွာခြားမှု ရှိနိုင်ပါသည်)။

၆။ ခူးဆွတ်ရိတ်သိမ်းခြင်း

ကျစ်လစ်ပြီး အရွယ်အစား ပြည့်မီသောအခါ ခူးယူနိုင်သည်။ ဘရိုကိုလီ၏ ခေါင်းသည် ပန်းခိုင်ထွက်သည်ထိ စောင့်ရန် မလိုအပ်ပါ။ ဖြတ်ယူသည့်အခါ စားလို့ရတဲ့အခြေအနေ ရိုးတံအပါအဝင် ၈ လက်မခန့်ပါရန် လိုအပ်သည်။ မနက်ခင်းပိုင်းတွင် ရိတ်သိမ်းခြင်းသည် ပိုမိုကောင်းမွန်ပါသည်။ ရိတ်သိမ်းပြီး မြန်မြန်ထုပ်ပိုးပါ။

၇။ အထွက်နှုန်း

တစ်ဧကတွင် ၃၅၀ဝ ကီလို (သို့) ၃တန်ခွဲ(ပိဿာ ၅၇၀၀)ခန့် ထွက်ရှိသည်။ စိုက်ပျိုးထုတ်လုပ်မှုစရိတ် နည်းသောကြောင့် အကျိုးအမြတ်များ နိုင်ပါသည်။

ကိုခွန်(စိုက်ပျိုးရေး)

Reference; http://www.agrifarming.in/broccoli-farming/


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်