မုန်လာဥနီ စိုက်ပျိုးနည်း

Shwe-Yee-linn     08/12/2017 22:29 PM     Content Provider - Greenway
Photo - ခါကြက်ဥ ခေါ် မုန်လာဥနီ သည် မျက်လုံးအားကောင်းသည်ဟု လူသိများကြသော ဟင်းသီးဟင်းရွက် ဖြစ်သည်။ ကမ္ဘာနှင့်အဝှမ်း စိုက်ပျိုးကြသော ဟင်းသီးဟင်းရွက် များထဲမှ အာဟာရဓာတ် အများပြားဆုံး ပါဝင်သော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်သည်။

ခါကြက်ဥ ခေါ် မုန်လာဥနီ သည် မျက်လုံးအားကောင်းသည်ဟု လူသိများကြသော ဟင်းသီးဟင်းရွက် ဖြစ်သည်။ ကမ္ဘာနှင့်အဝှမ်း စိုက်ပျိုးကြသော ဟင်းသီးဟင်းရွက် များထဲမှ အာဟာရဓာတ် အများပြားဆုံး ပါဝင်သော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်သည်။

မုန်လာဥနီကို နေရာဒေသ အတော်များများတွင် စိုက်ပျိုး ဖြစ်ထွန်းသည် ကိုတွေ့ရသော်လည်း အာရှမှ စုစုပေါင်း ထုတ်လုပ်မှု၏ ခြောက်ဆယ် ရာခိုင်နှုန်းကို ဒိုင်ခံထုတ်လုပ်သည်။ အာရှမှ မုန်လာဥနီကို လိမ္မော်ရောင်သမ်းသော အဝါရောင်အပြင် ခရမ်းရောင်၊ အနီရောင်တို့ကိုလဲ စိုက်ပျိုး ထုတ်လုပ်ကြသည်။ မျိုးကောင်း မျိုးသန့်ရွေးချယ် စိုက်ပျိုးခြင်း၊ ကောင်းမွန်သော ခြံတွင်း စီမံခန့်ခွဲမှု နည်းစနစ် လက်တွေ့ လုပ်ဆောင်ချက်များနှင့် ဆိုလျှင် အထွက်နှုန်းကောင်းစွာ ထွက်ရှိ နိုင်သည်။ ပုံမှန် အားဖြင့် နှစ်ရာသီ သက်တမ်း ရှိသော မုန်လာဥနီကို ပထမတစ်ရာသီတွင် အမြစ်ကို ကြီးထွားလာပြီး ဒုတိယတစ်ရာသီတွင် အရွက်နှင့် ပန်းခိုင်ပွင့်သည်။ စားသုံးသူများသည် တစ်ခါတစ်ရံ တွင်သာ မုန်လာဥနီ၏ အရွက်ကို စားကြ သည်။

၁။ ရာသီဥတု လိုအပ်ချက်

မုန်လာဥနီသည် နွေးသမပိုင်းဒေသနှင့် အေးသမပိုင်းဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ အပင် မျိုးရင်း အေပီအေးစီးတွင် ပါရှိပြီး မျိုးစိပ်ကွဲမှာ ဒါဟူးကပ် ဖြစ်သည်။ ဥရောပ နှင့် အာရှ အနောက်ပိုင်းမှ ဆင်းသက်လာသော ဟင်းသီး ဟင်းရွက် ဖြစ်သည်။ ဖန်လုံအိမ် ၊ ပလစ်စတစ်စ မိုးသောအိမ် တို့တွင်လည်း ကောင်းစွာ စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။
မျက်လုံးကို အားကောင်းစေသည်။ အသက်ရှုကြပ်ခြင်းကို သက်သာစေသည်။ နှလုံးကို ကောင်းစေပြီး အသားအရည်ကို လှပစေသည်။ ရုပ်ပျိုကိုယ်နုစေပြီး ကင်ဆာရောဂါကို ကာကွယ်ကာ ခန္ဓာကိုယ် ၏ ကိုယ်ခံအားကို မြင့်တင်ပေးသည့် ကောင်ကျိုးများ ရရှိစေသည်။

ကောင်းမွန်သောအထွက်တိုးမျိုး အချို့မှာ လူသိများသော်လည်း မိမိစိုက်ပျိုးမည့် ဒေသနှင့် ရာသီဥတု ကိုလိုက်၍ သင့်တင့်လျောက်ပတ်သော မျိုးကို ရှာဖွေစိုက်ပျိုး သင့်သည်။ ခရမ်းရောင်၊ အနီရောင်၊ နှင့် အခြား အရောင်ရှိသော မုန်လာဥမျိုး များကိုလည်း တွေ့ရနိုင်သည်။

၂။ မြေဆီလွှာ လိုအပ်ချက်

အေးမြသော ရာသီဥတုပိုကြိုက်နှစ်ပြီး ၁၂ မှ ၂၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် တွင် စိုက်ပျိုးပါက အရောင်ထွက်မှု အလွန်ကောင်း သည်။ မြေချဉ်ငန်ဓာတ် ၆မှ ၇.၅ ကြားရှိ သဘာဝမြေဆွေး အာဟာရဓာတ်များနှင့် ပြည့်ဝသော ရေသွင်းရေထုတ် ကောင်းသောနုန်းမြေသည် အထွက်နုန်း အကောင်းဆုံးကို ပေးသည်။ ၆ ဒီဂရီ ဆဲဆီးရပ် မှ၂၅ ဒီဂရီ ဆဲဆီးရပ်သည် အစေ့အညှောက်ပေါက်ရန် အကောင်းဆုံး အပူချိန်ဖြစ်ပြီး ၁၇ ဒီဂရီ ဆဲဆီးရပ်မှ ၂၄ ဒီဂရီ ဆဲဆီးရပ်သည် အမြစ်ကြီးထွားရန် အကောင်းဆုံး ဖြစ်သည်။ အပူချိန် အလွန်မြင့်ခြင်း ကျခြင်းတို့သည် အထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။

၃။ မြေပြုပြင်ခြင်း

အမြစ်ကောင်းကောင်း ဆင်းနိုင်ရန် မြေကိုပြုပြင်ရာတွင် ထယ်ထိုးထွန်မွှေ သုံးကြိမ်မှ လေးကြိမ်ထိ ပြုလုပ်သင့်သည်။ စိုက်မြေ ဧက ၂.၇၅ အတွက် ကောင်းစွာဆွေးမြေ့သည့် ခြံတွင်းဖြစ် မြေဆွေးကို တန်နှစ်ဆယ်မှအစိတ်ထိ ထည့်သွင်းရမည်။ ၃ပေဘောင် အရှည် ထားခြင်းသည် သင့်တင့်လျောက်ပတ်သော အရှည်ဖြစ်ပြီး စိုက်မြောင်း တစ်မြောင်းနှင့် တစ်မြောင်းကြား အကွာသည် (၁၂လက်မ) သုံးဆယ် စင်တီမီတာ ထက်မပိုသင့်ပေ။ တန်းကြား ပင်ကြား ၃၀×၈ (၁၂ လက်မ × ၃ လက်မ) စင်တီမီတာ တွင် အနက် ၀.၅ လက်မ၌ စိုက်ပျိုး သင့်သည်။ အညှောင့်ပေါက် အားကောင်းစေရန် အစေ့ကို ဆယ့်နှစ်နာရီမှ နှယ်ဆယ့်လေးနာရီကြာ ရေတွင် စိမ်ထားသင့်သည်။

မုန်လာဥနီကို ဇန်နဝါရီမှ ဖေဖော်ဝါရီ၊ ဇွန်၊ ဇူလိုင်လ နှင့် အောင်တိုဘာမှ နိုဝင်ဘာလအထိ စိုက်ပျိုးကြသည်။ တစ်နှစ်ပတ်လုံး စိုက်ပျိုးကြသော ဟင်းသီးဟင်းရွက် တစ်မျိုးလည်း ဖြစ်သည်။ နှစ်ဧက သုံးမတ်တွင် မျိုးစေ့ ၂ ကီလိုဂရမ် မှ ၅ ကီလိုဂရမ် အထိ မြေအခြေအနေ၊ မျိုးစေ့ အမျိုးအစားပေါ် မူတည်၍ မျိုးစေ့နုန်းထား ရှိကြသည်။ နွားချေး သုံးဂရမ်ကို ရေတစ်လီတာ နှင့်ဖျော်၍ စိမ်ပါ။ ထရိုင်ဂိုဒါးမား ဗိုက်ရိုက်ဒေး ဆယ်ရာခိုင်နုူန်းနှင့် စိမ်ပါ။

အညှောင့်ထွက်ပြီးစ စိုက်မြေတွင် မစိုက်ခင် ဆူဒိုမိုးနပ်စ် ဖလော်ရပ်ဆင့်နှင့် စိမ်ပြီးမှ စိုက်ပါ။ စိုက်ကြောင်းကို ၂၅မှ ၃၀ စင်တီမီတာ ခြားဆွဲပြီး မျိုးစေ့ကို သဲလေးဆ မျိုးစေ့တစ်ဆ ရောမွှေ၍ ချပါ။ မြေ နှစ်ဧက သုံးမတ်တွင် ကောင်းစွာ ဆွေးမြေ့သော ခြံတွင်းဖြစ် တိရိစ္ဆာန် အညစ်အကြေးမြေသြဇာကို တန်သုံးဆယ်မှ သုံးဆယ့်ငါးတန်ထိ ထည့်သွင်းနိုင်သည်။ ဓာတုကင်းလွတ် မြေသြဇာတွင်မူ တန်ငါးဆယ် အထိ ထည့်သွင်းရမည်။ GAP တွင် N:P:K သည် 90:90:90 ကို မြေခံ အဖြစ် ထည့်သွင်းနိုင်ပြီး ဇင့်ဓာတ် အနည်းလို အာဟာရဓာတ်ကိုလဲ ၂၅ ကီလိုဂရမ် တည့်သွင်းးရမည်။ စိုက်ပြီး လေးဆယ်ငါးရက် အကြာတွင် 45:45:45 ကို ခွဲထည့်ပေးနိုင်သည်။

မျိုးစေ့ချ ပြီးသည်နှင့် ရေခပ်ပါးပါး သွင်းပေးရမည်။ ပုံမှန်အားဖြင့် ရေကို လေးရက် ငါးရက်ခြားတခါ သွင်းပေးရန်လိုအပ်သည်။ ပူပြင်းခြောက်သွေ့သော ရာသီဥတုတွင်မူ ဖွဲအိတ်အစို၊ စပါးခွဲ အစိုတို့နှင့် ဖြူး၍ ဖုံးအုပ်ထားသင့်သည်။ အစိုဓာတ်ကို ထိန်းသိမ်း ထားရုံမျှမက အညှောင့်ပေါက်ခြင်းကိုလဲ အားပေးသည်။ ပေါင်းနှိမ်ခြင်း ပုံမှန်အားဖြင့် ပေါင်းနှိမ်ခြင်း ကို ပုံမှန်ပြုလုပ်သင့်သည်။ ပေါင်းသတ်ဆေး ဖလူကလိုရာလိုင်းကို တစ်လီတာကိုဖျော်၍ ဖျန်းပါ။ စိုက်ပြီး တစ်ဆယ့်ငါးရက်အကြာမှသာ လက်ပေါင်းလိုက်ခြင်းကို ပြုလုပ်သင့် သည်။ တစ်လအကြာတွင် အပင်မှုန်းခြင်းနှင့် ဘောင်တင်ခြင်းကို ပြုလုပ်သင့်သည်။

၄။ ကျရောက်တက်သော ရောဂါများ

မုန်လာဥနီတွင် အဖျက်ပိုးများ များများ စားစား ကျရောက် ဖျက်ဆီးခြင်း မရှိသော်လည်း အောက်ပါ ပိုးများရောဂါများကို သိရှိထားသင့်သည်။ နီမတုတ်ခေါ် အပ်ချည်မျှင်သဏ္ဍာန် အပင်ရည် စုပ်စား၍ အမြစ်တွင်းတွင် ရှင်သန်နေထိုင်ပြီး အမြစ်ထုံးစေတတ်သော ကပ်ပါးပိုးတစ်မျိုးဖြစ်သည့် နီမတုတ်၏ ရန်မှ ကာကွယ်ရန် ရေတစ်လီတာတွင် မန်ကိုဇက် နှစ်ဂရမ် ဖျော်၍ သုံးနိုင်သည်။ ဘတ်တီးရီးယား လောင်မီးကျရောဂါ အရွက်ကိုအညိုရောင် ဖြစ်ပြီးပျက်စီးစေသည်။ ပန်းပွင့်များကို ညိုး၍ ပျက်စီးစေသည်။ အရွက်ပေါ်ရှိ အနာကွက်များကြီးလာပြီး နောက်ဆုံး ပျက်စီးဆုံးရှုံးစေသည်။ ကော့ပအောက်ဆီကလိုရိုက် ၀.၂၅ ရာခိုင်နှုန်းကို အသုံးပြုပြီး ကာကွယ်နိုင်သည်။

ဘတ်တီးရီးယား ပုပ်ပျော့ရောဂါ ရေစိုနာကွက်များ ဖြစ်ပေါ်လာပြီး အရွက်လယ်ခွက်တွင် ပျော့ပြဲ၍ ပျက်စီးကာ ရေစိုပုပ်များ ဖြစ်ပေါ်သည်။ ခဲရောင်မှ အမဲရောင်သို့ အနာကွက်များဖြစ်ပြီး အလွန်ဆိုးရွားသော အနံ့များ ထုတ်ပေးသည်။ အမြစ်တွင် ဖြစ်ပေါ်ပါက အလွန်မြန်သောကူးစက်မှု့ကို ဖြစ်စေသည်။ ဤရောဂါကို ကာကွယ်ရန် မသိုလှောင်မီတွင် ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ် တစ်ဆ ရေ အဆ ငါးရာနှင့်ဖျော်၍ စိမ်ပြီးမှ သိမ်းဆည်းပါ။

ရွက်ပြောက်ရောဂါ ဖြစ်စတွင် အရွက်နားတလျောက်အလိုက် အနာကွက်များစဖြစ်လာသည်။ အနား မရှိသော အနာကွက်များ၊ အစိမ်းရောင်မရှိတော့သော အနာကွက်များ အလယ်၌ ရှိသော အနာကွက်များ အစက်အပြောက်များပေါ်လာသည်။ အစေ့များကို ကပ်တန် လေးဂရမ်ကို ရေဖျော်၍ အသုံးပြုခြင်းကို စိုက်ပြီးသော်လည်း ကော့ပါးအောက်ဆီကလိုရိုဒ် သို့မဟုတ် မန်ကိုဇက် ကို ဆယ်ရက်ခြား တစ်ကြိမ် ဖျန်းခြင်းဖြင့် တွဲသုံးသင့်သည်။

ဖြူရောင်ကြပ်ခိုးမှို အတွက်လည်း ထိုနည်းအတိုင်းပင် ပြုလုပ်နိုင် သည်။ သိုလှောင်ရာတွင် ကျရောက်မှု့များသဖြင့် အပူချိန်နိမ့်ပြီး လေဝင်လေထွက်ကောင်း၍ မကြာခဏဆိုသလို စစ်ဆေးရန် လိုအပ်သည်။

၅။ ရိတ်သိမ်း ခူးဆွတ်ခြင်း

စိုက်ပျိုးပြီး သုံးမှ လေးလအကြာတွင် စတင်နူတ်ယူနိုင်ပြီဖြစ်သည်။ ရိတ်သိမ်းကာလ ကြာချိန်သည် မိမိရွေးချယ်စိုက်ပျိုး ထားသောမျိုးပေါ်တွင် မူတည်သည်။ အချိုဓာတ်နှင့် အရသာပိုရှိစေရန် နူတ်ယူခါနီး နှစ်ပတ်မှ သုံးပတ်အတွင်း ရေလောင်း၊ ရေသွင်းခြင်းမပြု လုပ်ပါနှင့်။ နုတ်ယူမည့် မနက်ခင်း သို့မဟုတ် ညနေခင်းအချိန်တွင်မူ ရေခပ်ပါးပါး လောင်းခြင်းသည် နူတ်ယူရာတွင်လွယ်ကူစေသည်။

တစ်ဥ ချင်းစီကို နူတ်ယူရခြင်း ဖြစ်ပြီး နူတ်ယူပြီးသည်နှင့် အရွက်စိမ်းကိုဖြတ်၍ ဥများကိုရေစင်အောင် ဆေးပါ။ စနစ်တကျ သိုလှောင်သိမ်းဆည်းပါ။ စိုက်ပျိုးနည်းစနစ်၊ မျိုးရွေးချယ်မှု့၊ ရာသီဥတုနှင့် လိုက်လျော ညီထွေ ဖြစ်မှု့ပေါ် မူတည်၍ ရက်တစ်ရာ၊ တစ်ရာ့နှစ်ဆယ်အတွင်း တန်ချိန် နှစ်ဆယ့်ငါးမှ သုံးဆယ်အထိ ထွက်နိုင်သည်။

စိုက်ပျိုးရေး အကြံပေးအဖွဲ့တွင် တင်ထားသည့် စိုက်နည်းစနစ်ကို အနည်းငယ်မျှ ပြန်လည်မွမ်းမံ၍ မျှဝေပါသည်။

ရွှေရည်လင်း



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ဖွဲထောင်းလို့ ဆန်ကောင်းမရ"