ထောပတ်သီး အကြောင်း သိကောင်းစရာနှင့် စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် Shwe-Yee-linn Shwe-Yee-linn မှ ရေးသား

(၁) မူလဒေသ

မူလဒေသမှာ- မက်ဆီကိုတောင်ပိုင်းမှ မူလ အရင်းတည်ဟု ဆိုသော်လည်း ရီယိုဂရန်းမှ ပီရူး အလယ်ပိုင်းသို့ရောက်၍ ဥရောပသို့ရောက်ရှိ ဖြစ်ထွန်းခဲ့သည်။ ထိုမှ တဆင့် အိန္ဒိယ အနောက်ပိုင်း၊ ပြီးနောက် ကောင်းမွန်သော ရာသီဥတုရှိသော ပတ်ဝန်းကျင်ရှိ အပူပိုင်း နှင့်နွေးသမပိုင်းများဆီသို့ ပျံ့နှံ့ရောက်ရှိသွားသည်။

ကိုင်းဖြတ် စိုက်ပျိူးခြင်းကို ၁၈၉၀တွင် စတင် အသုံးပြုလာကြပြီး အသီးသီး ကာလ ကြာရှည်အောင် ပြုလုပ်ရန်အတွက် ကိုင်းဖြတ် စိုက်ပျိုးခြင်းကို အသုံးပြုလာကြသည်။ ယခု လက်ရှိတွင် ကာရေဘီယန်နှင့် အပူပိုင်း အမေရိကတွင် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နေကြသည်။

(၂) ကြီးထွားမှု အလေ့အထ

ထောပတ်သည် သိပ်သည်းပြီး၊ အမြဲစိမ်းပင် ဖြစ်၍ နွေဦး အစောပိုင်းတွင် အရွက် များစွာကြွေတတ်သည်။ ကြီးထွားမှု့ လျင်မြန်သော အပင်ဖြစ်ပြီး အမြင့် ၂၄ မီတာ(၇၈ပေ)ထိရောက်နိုင်သော အပင် ဖြစ်သည်။ အပင်ကြီးမျိူး အုပ်အုပ် ဆိုင်းဆိုင်းနှင့် ကြီးထွားတတ်သော အပင်မျိူး ဖြစ်သည်။ ကြီးထွားမှုသည် အရွက်များကြွေခြင်းကို တောင်ပိုင်းဒေသတွင် မကြာခဏ ဖြစ်သော်လည်း ပိုမိုအေးမြသော ဒေသများတွင် တနှစ်တွင် တကြိမ်သာ ကြွေသည်။

က။ အရွက်များ

ထောပတ်ရွက်များသည် ကိုင်းပေါ်တွင် တလှည့်စီ ထွက်ပြီး၊ ဘဲဥပုံအဝိုင်းရှိခါ အစိမ်းဖျော့ရောင် အကြောများရှိပြီး အရွက်မှာ အစိမ်းရင့်ရောင်ရှိသည်။ အရွက် တရွက်သည် နှစ်နှစ်မှ သုံးနှစ်ကြာထိ အပင်ပေါ်တွင် ရှိနိုင်သည်။ အိန္ဒိယမျိူးတွင် အရွက်မှာ အနံံ့မရှိသော်လည်း ဂွတီမာလာမျိူးတွင်မူ အနည်းငယ် စူးရှသော အနံ့ရှိသည်။ ဆေးဖက် ဝင်သည်။ မက်ဆီကန် မျိုးများသည်လည်း ပြင်းရှသော အနံ့တခု ရှိသည်။ အဆီဓာတ် ပါဝင်မှု များပြီး မြေဆွေးဖြစ်ရန် ကြာချိန် ကြာမြင့်ကာ ထောပတ်ပင်ကြီးများ၏ အပင်အောက်တွင် စုပုံနေသည်ကိုတွေ့ရလေ့ရှိသည်။

ခ။ ပန်းပွင့်ချိန်

တစ်ရာသီ၏ စတင် အပွင့်ပွင့်ချိန်သည် ဇန်​နဝါရီမှ မတ်လဖြစ်ပြီး အကိုင်းတခုတွင် အပွင့့်ဝါငယ်လေးများ ၂၀၀မှ ၃၀၀ထိ ပွင့်သည်။ အကိုင်းတခုတွင် အသီးတစ်လုံးမှ သုံးလုံးထိ သီးနိုင်သည်။ အပွင့်များတွင် မနက်ပိုင်း ဝတ်မှုန်ကို လက်ခံပြီး နေ့လည်ပိုင်းတွင် ဝတ်မှုန် ခြွေတတ်သော အပွင့်နှင့် နေ့လည်ပိုင်း ဝတ်မှုန်ကို လက်ခံပြီး မနက်ခင်းပိုင်းတွင် ဝတ်မှုန် ပြန်ခြွေတတ်သော အပွင့်ဟူ၍ နှစ်မျိုး နှစ်စား ရှိသည်။ အကိုင်းအခက်တခုမှ ပွင့်လိုက်သော အပွင့်များ၏ ၅ရာခိုင်နှုန်းသော အပွင့်များသည် မြုံနေတတ်သည်။ ယင်းနှစ်မျိုးနှစ်စားကို တခြံထဲတွင် စိုက်ပျိုးပါက ထုတ်လုပ်မှုတွင် အထွက်နှုန်း မြင့်သည်။ ဆောင်းတွင်မှ လွဲ၍ တနှစ်ပတ်လုံး ပင်ခြား ဝတ်မှုန်ကူးခြင်းကို ကောင်းစွာ ဖြစ်ပေါ်နိုင်သည်။ ရာသီချိန်ခါမဟုတ် ဝတ်မှုန် ကူးခြင်းလဲ ဖြစ်ပေါ်နိုင်သည်။ အသီးသီး နိုင်သည်။ အချို့သော မျိူးများတွင် တစ်နှစ်ခြားစီ ပွင့်ပြီး အသီးသီး နိုင်သည်။

ခ။ ပန်းပွင့်ချိန်

ဂွာတီမာလာမျိုးများသည် မကြီးမငယ်လွန်း၊ ဘဲဥပုံ သို့မဟုတ် သစ်တော်သီး အစိမ်းရောင်ရှိပြီး ရင့်မှည့်ချိန်တွင် အနက်ရောင် ကဲသော အစိမ်းရင့်ရောင်သို့ ပြောင်းသွားသည်။ မက်ဆီကန်မျိုးတွင်မူ အခွံပါးလွန်းပြီး အလုံးသေးငယ်ခါ ရင့်မှည့်ချိန်တွင် အနက်ရောင်စိုစို သို့မဟုတ် အစိမ်းရောင် ခပ်စိုစိုသို့ ပြောင်းလဲသွားသည်။ ထောပတ် အသားသည် အခွံနားတွင် အစိမ်းရောင်ရှိပြီး အစေ့နဲ့ နီးလာလေ အသားအရောင် ပိုဝါလာလေ ဖြစ်သည်။ အသားသည် အနည်းငယ် မာသော်လည်း ထောပတ်ကဲ့သို့ နူးညံ့သည်။ လေတိုက်၍ အသီးပြုတ်ကြခြင်း အသီးနာခြင်းတို့သည် အတွင်းရှိ ထောပတ် အသားထိတိုင် ပျက်​စီးစေသည်။

ထောပတ်သီး အတွင်းတွင်မူ အဆီ ပါဝင်မှုသည် သံလွင်သီးပြီးလျှင် အမြင့်ဆုံးဖြစ်ပြီး တခါတရံ သံလွင်သီး ထက်ပင် များပြားသေးသည်။ သို့တစေ ကျန်းမာရေးစောင့်ရှောက်မှု အသင်းများက ကျွေးမွေးမှုများကိုလေ့လာထားသူများ၏ သိပ္ပံ နည်းကျ ထုတ်ပြန်မှုတွင် ထောပတ်ဆီသည် သွေးအတွင်းရှိ ကိုလက်စထရောကို လျော့ကျစေသည်ဟု ဆိုသည်။

(ဂ) ထောပတ် စိုက်ပျိုး နည်းစနစ်များ

ပင်ကြား တန်းကြားသည် မျိုးနှင့် မြေကြီး အမျိုးအစားပေါ်တွင် မူတည်သေးသည်။ မြေဖွာသည့် အမျိုးအစားတွင် နှစ်ဆယ်ပေ အကွာတွင် စိုက်သင့်ပြီး မြေဆီလွှာကောင်းပြီး မြေ နည်းနည်း သိပ်သည့် အမျိုးအစားတွင် ပေနှစ်ဆယ့်ခြောက်မှ သုံးဆယ့်နှစ်ပေထိ ကွာထားရန် လိုအပ်ကြသည်။

ပင်ကြား တန်းကြား စိပ်ပါက ကိုင်းဖျားခြောက်၍ သေတတ်သည်။ အချို့က ခုနှစ်ပေ ရှစ်ပေ အကွာသာ စိုက်ကြပြီး ရှစ်နှစ်သားရောက်သောအခါ ပေနှစ်ဆယ်ကြား တပင်ချန်၍ ကျန်သော အပင်များကို ခုတ်ပစ်လိုက်ကြသည်။ အရင်းမှ ခုတ်လှဲပြီး အပင်ငုတ်တိုသာ ထားကြသည်လည်း ရှိသည်။

အပင်ပေါက်ကလေးကို ကျင်းအနက် တပေခွဲတွင် မြေဆွေး သုံးပုံနှစ်ပုံထိရောက်အောင် ထည့်၍ စိုက်ပါ။ စိုက်ပြီးလျှင် ရေ ပုံမှန်လောင်းခြင်း၊ ပေါင်းရှင်းခြင်းကိုအခါ အားလျော်စွာ ပြုလုပ်သင့်သည်။ အစက်ချ၍ရေပေးခြင်းသည် အပင် ပတ်ဝန်းကျင်၏ မြေမျက်နှာ အပေါ်ဖက်ကို စိုစွတ်အောင် ထားခြင်းက အာဟာရဓာတ်ကို တခါထဲ ထည့်ကျွေးထားပါက ပိုမို ထိရောက်သည်။

စီးပွားဖြစ် စိုက်ခြင်းဖြစ်သဖြင့် အချို့က အပင်ကို ရှစ်ပေထက် ပိုပေးမကြီးစေပဲ အမြဲ တစေတိ၍ ထားခြင်းက အသီးကိုလည်း ပိုမို သီးစေအောင် ဖန်တီးကြသည်။ သို့တစေ ဂရုစိုက်ရန်မှာ အပင်ကြီးများ၏ သဘော သဘာဝအရ ခေါင်နှိမ်ခြင်းသည် ထပ်မံ၍ ပိုမြင့်အောင် ကြီးထွားတတ်သော သဘောရှိပြီး ဘေးကိုင်းများတွင် အသီးများ ပိုမိုသီးစေခြင်းက ကိုင်းများ ကျိုးကျခြင်းကိုလည်း ဖြစ်စေတတ်သဖြင့် ဂရုစိုက်ရန် လိုအပ်သည်။

အချို့က ထောပတ် မကြီးခင် ငှက်ပျောပင်များ ကြားညှပ် စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရှာကြသည်။ တောင်စောင်းနှင့် ချိုင့်ဝှမ်းများတွင် စိုက်ပျိုးရာတွင် ပူသောလေသည် အပေါ်သို့ တက်သည့် သဘောရှိသဖြင့် အောက်ပိုင်းချိုင့် အတွင်းတွင် စိုက်ထားသော အပင်များ၌ အစိုဓာတ်များခြင်းအပြင် ဆီးနှင်းကိုက်သည့် ဒဏ်ကိုလည်း ခံရနိုင်သဖြင့် ရှောင်ရှားရမည့်အပြင် တောင်စောင်းများ မတ်စောက်လေ သီးနှံခြံကို စီမံခန့်ခွဲရာတွင် ပိုမို အကုန်အကျများလေဖြစ်ကြောင်း သိထားသင့်သည်။

(၉) မြေဆီလွှာကျွေးခြင်း

အပင် တနှစ်သား အထိ မြေဆီသြဇာကို သုံးလ တကြိမ်ကျွေးပါ။ တစ်နှစ်ထက်ပိုသော အပင်များကို ဆောင်းရာသီကုန်ခါနီး သို့မဟုတ် နွေဦး အစောပိုင်းတွင် နိုက်ထရိုဂျင် ပါဝင်မှု့များသော မြေသြဇာကျွေးခြင်းက ပိုမို ထိရောက်သော မြေဆီသြဇာ ကျွေးနည်း ဖြစ်သည်။ ယေဘုယအားဖြင့် နှစ်လတကြိမ် မြေသြဇာ ပမာဏ အနည်းငယ်ကို အသီးကင်း မဝင်သေးသည့် အချိန်ထိ ပုံမှန် ထည့်ပေးခြင်းကိုလည်း ပြုလုပ်နိုင်သည်။

အသီးမသီးမှီ အပင်ပိုင်း ကြီးထွားမှု ဖြစ်နေစဉ်အတွင်း တနှစ်လျှင် မြေသြဇာ နှစ်ပိသာ မှ သုံးပိသာ အထိ ကျွေးပေးရန် လိုအပ်သည်။ အပွင့်ပွင့်နေသော အချိန်တွင် မြေသြဇာ မကျွေးရပါ။ ကျွေးလိုလျှင် အသီးကင်း ဝင်ပြီးသောအခါမှသာ ကျွေးသင့်သည်။ နိုက်ထရိုဂျင်သည် အပင်ပိုင်းဆိုင်ရာ ကြီးထွားမှု့ကို အားပေးသဖြင့် အအေးဓာတ် ခံနိုင်မှု၊ အသီး အရွယ်အစားနှင့် အထွက်နှုန်းပေါ်တွင် များစွာ လွှမ်းမိုးမှု့ ရှိသည်။

မြေအမျိုးအစားပေါ် မူတည်၍ မြေသြဇာ အမျိုးအစားလည်း ကွဲပြားခြားနားမှု ရှိသည်။ အရွက်ပေါ်တွင် အဝါရောင်ပျောက်များ ဖြစ်ပေါ်ခြင်းသည် အနည်းလို အာဟာရဓာတ် ဖြစ်သော အိုင်းယွန်းချို့တဲ့မှု့ကို ပြသော လက္ခဏာဖြစ်ပြီး အနည်းလို အာဟာရဓာတ်ကို ရွက်ဖြန်းဆေး အသုံးပြု၍ ဖြည့်တင်းပေးနိုင်သည်။ နှစ်သက်တမ်းရင့်သော အပင်များတွင် ဇင့်ဓာတ် ချို့တဲ့မှု့ မကြာခဏ ဖြစ်ပေါ်တတ်သည်။

(၁၀) ရေသွင်းခြင်း

ခြောက်သွေ့သော ရာသီဥတုတွင်သာ လိုအပ်သည်။ ရေဝပ်ခြင်းကို ကြိုက်နှစ်သက်သော အပင် မဟုတ်ပါ။ ရေသွင်းရန် လိုမလိုကို အပင်ခြေတွင် ၃ လက်မအနက် ကျင်းပတ်လည် တူးပါ။ ရေဖြည့်ပါ။ ရေစိမ့်သွားပြီးနောက် မြောင်းထဲမှမြေကို ဆုပ်ကိုင် ကြည့်ပါ။ မြေလုံးမပြတ်လျှင် ရေသွင်းရန် မလိုပါ။ မြေလုံးကွဲ၍ မြေဖွာနေလျှင် သွင်းရန် လိုအပ်သည်။ ထောပတ်သည် ဆားငံဓာတ်ကို အတော်အသင့် ခံနိုင်ရည်ရှိပါသော်လည်း အရွက်ထိပ်များလောင်ခြင်း ဖြစ်ပေါ်လာလျှင် ဆားဓာတ် လွန်ကဲသည့် လက္ခဏာ ပြသည်။ ရေသွင်းမြောင်း ခပ်နက်နက် တူးခြင်းက ဆားဓာတ်လွန်ကဲမှုကို ဖြစ်ပေါ်စေသည်။

(၁၁) နေလောင်ခြင်း (Sun Burn)

အသီးများနေလောင်ခြင်းသည် အရွက်ကြွေများသော အပင် အရိပ်နည်းသော အပင်များ၊ အုပ်အုပ်ဆိုင်းဆိုင်း ရှိမနေသော အပင်များနှင့် ရေသွင်းရေထုတ် မကောင်းသော အပင်များတွင် အဖြစ်များသည်။ ရေဝပ်ခြင်းကြောင့် အမြစ်များ ပုပ်စေတတ်ပြီး အရွက်များ ပိုကြွေခြင်း ရေသုံးစွဲမှုကို နည်းစေသည်။ ထိုကြောင့် နေလောင်ခြင်းများ ဖြစ်ပေါ်တတ်သည်။

(၁၂) ပိုးမွှားနှင့် ရောဂါများ

(က) သီးထိုးယင် (Meditterranean Fruit Fly)

သီးထိုးယင်သည် အလွန်ဆိုးရွားသော ဖျက်ပိုး ဖြစ်သည်။ အသီးကြီး ရင့်လာသောအခါ အသီးခွံလွန်စွာ မမာ၍ ထိုးဖောက်မှုကို ပြုလုပ်နိုင်သည်။ ငယ်ရွယ်စဉ် အခါကမူ အသီးခွံမာ၍ ထိုးဖောက် မရနိုင်သကဲ့သို့ ဥ ဥရန်လဲ အဆင်မပြေချေ။ ထို့ကြောင့် အချို့က ခူးဆွတ်ရန် အခွံအရမ်းမပျော့ချိန်တွင် တင်ကြို ခူးဆွတ်ခြင်းကို ပြုလုပ်ကြသည်။

ဓာတ်ပုံ- သီးထိုးယင်

(ခ) မီလီဂ်ပိုး (Mearly Bugs)

စုပ်စားပိုး ဖြစ်ပြီး အချိုဓာတ် ကြိုက်နှစ်သက်သည်။ ပုရွက်​ဆိတ်​များနှင့် အတူတကွတွေ့ရလေ့ရှိပြီး ဓာတု​ဗေဒ ဆေးထက် သဘာဝ မိတ်ဆွေများဖြစ်သော ငှက်များကို မွေးမြူခြင်းက ပိုမို ထိရောက်သော နှိမ်​နင်​းမှုကို ရစေသည်။

ဓာတ်ပုံ- မီလီဂ်ပိုး

(ဂ) အမြစ်ပုပ်ခြင်း (Root Rot)

မြေဆောင်ရောဂါတမျိုးဖြစ်ပြီး ရေသွင်းရေထုတ် သင့်တင့်မှု မရှိပါက ဆုံးရှံူးမှု ကြီးမားသွားစေသော ရောဂါဖြစ်သည်။ အမြစ်ပုပ်ဆွေးခြင်းကို ဖြစ်စေပြီး ကြီးထွားမှုကို ရပ်တန့်စေသည်။ ကိုင်းဖြားခြောက်ခြင်းနှင့် အပင်ခြောက်သေခြင်းကို ဖြစ်ပေါ်စေသည်။

(ဃ) နေလောက်ကွက်များ (Sun Blotch)ဗိုင်းရပ်ကြောင့်ဖြစ်ပေါ်သည့် အရွက်ကြောပေါ် ရှိနေလောင်ကွက်များ၊ သက်နု ပင်စည်များနှင့် ကိုင်းများပေါ်တွင်နေလောင် သကဲ့သို့တွေ့ရသော အကွက်များ ဖြစ်သည်။ အပင်ကို လှုပ်ကြည့်ခြင်း၊ ကိုင်းများကို ခါကြည့်ခြင်းဖြင့် နေလောင်ခြင်း ဟုတ်၊မဟုတ် သိနိုင်ပြီး အင်းဆက်ကြောင့် ကူးစက်ခြင်း မဟုတ်ဘဲ ခြံလုပ်ငန်းသုံး ကိရိယာများမှ ကူးစက်တတ်သော ရောဂါ ဖြစ်သည်။ ကိုင်းကူးရာတွင်လည်း ဂရုစိုက်၍ ရွေးချယ်ခြင်းသည် ပိုမို ထိရောက်သော ကာကွယ်ခြင်း ဖြစ်သည်။ အပင် သုံးနှစ်သား အထိ ပိုက်စိမ်း အုပ်ပေးခြင်းက ကြိုတင် ကာကွယ်ခြင်း ဖြစ်ပြီး ကိုင်းချိူင်ပေးခြင်းနှင့် ဘေးကိုင်းထိပ်ဖျား တိခြင်းကို ပြုလုပ်ပေးသင့်သည်။

ရွှေရည်လင်း

ကိုးကား-Department: Agriculture, Forestry and Fisheries REPUBLIC OF SOUTH


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်