ခါကြက်ဥမျိုးရင်းဝင် ချာဗီး(လ်) 

24/04/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ချာဗီး(လ်)ပင်သည် နှစ်ချင်းစားသီးနှံဖြစ်ပြီး အရွက်ကိုစားရသည်။ အပင်အမြင့် ၁-၂ ပေရှိပြီး အကျယ် ၁ ပေရှိသည်။ ခါကျက်ဥမျိုးရင်းဝင် အပင်ဖြစ်ပြီး ချာဗီး(လ်) လတ်လတ်ဆတ်ဆတ်သည် အရေးပါသော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။

ချာဗီး(လ်) သည် ဗီတာမင်စီ၊ ဗီတာကယ်ရိုတိန်း၊ သံဓာတ်နှင့် မဂ္ဂနီစီယမ်ဓာတ်များ ကြွယ်ဝသည်။ ချာဗီး(လ်)၏ နွယ်ချိုနံ့ပျော့ပျော့သည် ဆယ်လ်မွန်(Salmon) ငါး၊ ကညွှတ်၊ ကြက်ဥ၊ ခရင်အရည်သောက်ဟင်း၊ ကော့တိတ်ချိစ်(ဒိန်ခဲ)၊ ထောပတ်၊ မယောနိ(စ်)၊ ခါကျက်ဥ၊ ပဲစေ့(အလုံး) သို့မဟုတ် အာလူးတို့နှင့် လိုက်ဖက်ညီသောအတွဲဖြစ်သည်။

စိုက်ပျိုးခြင်း

ပျိုးပင်ကို ပြောင်းရွှေ့စိုက်ပျိုးပါက ကောင်းစွာမဖြစ်ထွန်းချေ။ ထို့ကြောင့် အစေ့ကိုမြေချပြီး တိုက်ရိုက်စိုက်ပျိုးရ၏။ နွေဦးပေါက်ရာသီအစောပိုင်းတွင်ဖြစ်စေ၊ ဆောင်းတွင်း၌ အအေးပေါ့သောဒေသတွင် ဆောင်းဦးပေါက်တွင်ဖြစ်စေ စိုက်ပျိုးနိုင်သည်။ အထက်တွင်ဖော်ပြထားသောရာသီတို့တွင် မျိုးစေ့ကို အကြိမ်ကြိမ်ကြဲပတ်စိုက်ပျိုးခြင်းဖြင့် အရွက်များကို အချိန်ကြာမြင့်စွာ ခူးယူနိုင်သည်။

အစေ့သည် အပင်ပေါက်ရန် အလင်းရောင်လိုအပ်သည်။ သို့ရာတွင် အပင်သည် အရိပ်အနည်းငယ်ရရှိမှသာ ကောင်းစွာဖြစ်ထွန်းသည်။ ချာဗီး(လ်) ကို အခြားမြင့်သော အပင်များနှင့် ရောနှောစိုက်ပျိုးပါက အရိပ်ရသဖြင့် ပိုမိုဖြစ်ထွန်းသည်။ အမြစ်များရှိသောနေရာသည် အစိုဓာတ်အမြဲရှိနေရန် လိုအပ်သည်။ အပင်သားခွဲ၍ရသော အပင်ကလေးများကို စားသုံးနိုင်သည်။ အပင်ခြေရှိမြေကြီးကို ကောက်ရိုးဖုံးပေးခြင်းဖြင့် အမြစ်များ အေးနေပြီး အစိုဓာတ်ရရှိနေမည်။

ရိတ်သိမ်းခြင်း

ချာဗီး(လ်)အပင်သည် အပင်ပေါက်ပြီး ရက် ၃၀-၄၀ ရှိလျှင် စားသုံးနိုင်ပြီဖြစ်သည်။ အပင်၏အပြင်ဘက်ဆုံးအရွက်များကို လိုအပ်သလို ခူးယူရသည်။ ခူးပြီး အမြန်ဆုံးအသုံးပြုရသည်။ အရွက်များသည် ၎င်းတို့၏အနံ့ပျောက်လွယ်ပြီး ချက်ပြုတ်၍ မစားရချေ။

ပိုးမွှားနှင့်ရောဂါ အနည်းငယ်သာ ကျရောက်တတ်သည်။

မျိုးများ

ချာဗီး(လ်)မျိုးတွင် အရွက်ပြန့်မျိုးနှင့် အရွက်တွန့်မျိုးဟု နှစ်မျိုးရှိသည်။ အရွက်တွန့်မျိုးသည် အနည်းငယ်ခါးသက်သော အရသာရှိသည်။ ဘရပ်ဆယ်မျိုး (Brussels Winter) သည် ပိုမိုကြီးပြီး အနှံထွက်မှု နောက်ကျသည်။ 

ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်