နံနံ (မြန်မာ)

05/06/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါးခရမ်းချဉ်သီးချက် ထဲ နံနံပင်လေးအုပ် လို့ပဲဖြစ်ဖြစ်၊ အတို့အမြှုပ်အနေနဲ့ပဲဖြစ်ဖြစ် မြန်မာတို့အများဆုံးစားသုံးကြသော ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ မြန်မာနံနံ စိုက်ပျိုးနည်းအကြာင်းကို တင်ပြလိုပါတယ်။

နံနံပင်သည် နှစ်ချင်းစားသီးနှံဖြစ်ပြီး ဆီလင်ထရိုမျိုးမှ အရွက်ကို စားရပြီး၊ ကော်ရီယင်ဒါးမျိုးမှ အစေ့ကို စားသုံးရသည်။ အရွက်ပြားရှိသော အီတလီပါစလီနှင့်ဆင်တူသဖြင့် လွဲမှားနိုင်သည်။ အီတလီပါစလီနံနံသည် မတူညီသောအနံ့ (၂) မျိုးကို ပေးစွမ်းနိုင်သည်။ အနံ့တစ်မျိုးမှာ ထူးခြားသည့်စူးရှသောအရွက်မှ အနံ့ဖြစ်သည်။ အချို့ကနှစ်သက်သည်။ အချို့ကမုန်းတီးသည်။ အခြားသောအနံ့တစ်မျိုးမှာ ထောင်းထားသောအစေ့မှ သံပရာအမွှေးအကြိုင်နံ့ဖြစ်သည်။ ဆီလင်းထရိုနံနံရွက်အနံ့သည် တောင်အာရှနှင့် မက္ကဆီကိုအစာများ(စီဗစ်ခ်ျနှင့် ဂွါကာမိုးလ်) တွင် မပါမဖြစ်အရေးကြီးသည်။ အမှုန့်ကြိတ်ထားသောနံနံစေ့ကို အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပအစားအစာများ (ကူဆင်းစတျူး၊ ဆော့ဆိတ်ခ်ျ၊ ကိတ်) တွင် သုံးစွဲကြသည်။

(၁) စိုက်ပျိုးခြင်း

အစေ့ကို နွေဦးပေါက်ရာသီတွင် စိုက်ပျိုးရသည်။ ဆောင်းရာသီအအေးလျော့ပြီး၊ နွေရာသီ၌ အလွန်ပူပြင်းသောဒေသတွင် ဆောင်းဦးပေါက်ရာသီတွင် စိုက်ပျိုးရသည်။ ရင့်သောအပင်များကို အစေ့များ ကွဲထွက်သည်အထိ ထားပေးလျှင် အစေ့များ အလေ့ကျအပင်ပေါက်နိုင်သည်။

ရေထွက်ကောင်းသောမြေကွက်၊ အချဉ်ဓာတ်အနည်းငယ်ရှိသောမြေကွက်၊ နေရောင်ခြည်ကောင်းစွာရသော သို့မုဟုတ် အနည်းငယ်သာအရိပ်ကျသောနေရာမျိုးတွင် စိုက်ပျိုးရသည်။ ရေသောက်မြစ် အလွန်ရှည်သဖြင့် ပျိုးထောင်၍ ပြောင်းရွှေ့စိုက်ပျိုးရန် မသင့်ချေ။ အစေ့နှင့်ပျိုးပင်ငယ်များအတွက် အစိုဓာတ်ညီညာစွာရရှိရန် လိုအပ်သည်။ ၁ ပေခြားချန်၍ ကျန်သောအပင်များကို တဖြည်းဖြည်းချင်းနှုတ်ပစ်ရသည်။ နံနံကို ခရမ်းချဉ်၊ ငရုတ်၊ ပဲ (တိုင်ထောင်) များနှင့်ရော၍ (ညှပ်၍) စိုက်ပျိုးနိုင်သည်။

ရာသီဥတုခြောက်သွေ့လျှင် ရေပေးရသည်။ အပင်သည် ပူပြင်းခြောက်သွေ့သောအခါ အနှံထွက်တတ်သည်။ တစ်နွေလုံးပေါက် နံနံပင် လိုချင်လျှင် ၂-၄ ပတ်ခြား စိုက်ပျိုးပေးရသည်။ ပူသောဒေသ၌ ဆောင်းဦးပေါက်တွင် စိုက်ပျိုးခြင်းဖြင့် နွေဦးပေါက်တွင် ရိတ်သိမ်းနိုင်သည်။ အေးသောဒေသ၌ မှန်လောင်အိမ်တွင် ဆီလင်ထရိုမျိုးကို ဆောင်းခိုသီးနှံအဖြစ်စိုက်ပျိုးနိုင်သည်။

(၂) ရိတ်သိမ်းခြင်း

လိုအပ်သလို အပင်သားခွဲ၍ စားသုံးနိုင်သည်။ ပင်စည်ရိုးတံများများထွက်လာသောအခါ အပင်အရင်းပိုင်းရှိ အရွက်များကို ခူးယူနိုင်သည်။ အပင်အရင်းမှ အရွက်များ (ဆီလင်ထရို သို့မဟုတ် ချိုင်းနီးစ်ပါစလီဟုခေါ်) သည် အရွက်ပြားသော အီတလီပါစလီနှင့် တူကြ၏။ ထို့သို့သောအပင်ရင်းမှ အရွက်များတွင် အပင်အပေါ်ပိုင်းရှိအရွက်များထက် လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်အနံ့ ပိုမိုပါရှိသည်။ ထိုအနံ့သည် စမြိတ်နံ့နှင့်တူသည်။

အပွင့်များသည် သေးငယ်ပြီး ရေမွှေးပန်းအုံကဲ့သို့ ထိပ်မှာပြားနေသည်။ ၎င်းအပွင့်များကို စားသုံးနိုင်သည်။ ပန်းပွင့်လာခြင်းသည် အပင်၏အနံ့မွှေးမှု အစွမ်းကုန်ပြီဖြစ်ကြောင်းပြသရာရောက်သည်။ အရွက်များကို စားခါနီးမှ ဟင်းလျာတွင် ထည့်ရသည်။ ကြာကြာထည့်ထားလျှင် အနံ့အသက်ပျောက်သွားနိုင်သည်။ အရွက်များကို အခြောက်လှန်း၍ သိုလှောင်ထားနိုင်သည်။ သို့ရာတွင် အနံ့အသက်လျှော့နည်းသွားသည်။

အရွက်များကို လတ်လတ်ဆတ်ဆတ်သုံးခြင်းက ပို၍ကောင်းသည်။ ရေခဲသေတ္တာထဲတွင် ၂ ပတ်အထိအစိုကို ထားနိုင်သည်။ အစေ့အုံ ညိုရောင်သန်းလာလျှင် ခေါင်း(အစေ့အုံ)ကို ဖြတ်ယူနိုင်ပြီဖြစ်သည်။ အစေ့အုံကို စက္ကူအိတ်တွင် ဇောက်ထိုးထားပြီး ချိတ်ဆွဲထားရသည်။ ကော်ရီယင်းဒါး နံနံစေ့ကဲ့သို့ အစေ့များကို အမှုန့်ထောင်းပြီး သုံးစွဲနိုင်သည်။

မျိုးများ

ဆန်တို(Santo)မျိုးသည် စိုက်ပျိုးနေသောမျိုးများတွင် လတ်လတ်ဆတ်ဆတ်အရွက်အတွက် လူကြိုက်အများဆုံးဖြစ်သည်။ ထိုမျိူးသည် အနှံအထွက်နှေးသဖြင့် အရွက်ပိုမိုရရှိသည်။

ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်