ခါးပုမုန်လာ(နီကိုဥ) စိုက်ပျိုးနည်း

22/10/2021 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

နီကိုဥပင်သည် အအေးကြိုက်သောသီးနှံမျိုးဖြစ်ပြီး ၂ နှစ်ခံသီးနှံကို နှစ်ချင်းစားသီးနှံအဖြစ် စိုက်ပျိုးကြသည်။ အရွက်ကိုရော​ ဥကိုပါစားသုံးနိုင်ပြီး အပင်အမြင့်မှာ ၉-၁၂ လက်မခန့်ရှိ၍ အကျယ်မှာ ၉-၁၂ လက်မရှိသည်။ ဥဟုခေါ်သော်လည်း အမှန်တကယ်မှာ မြေပေါ်ကပ်၍ဖြစ်ပေါ်လာသော ပင်စည်ဖုသာဖြစ်သည်။ ဥသည် အရသာချိုပြီး ကြွပ်ဆတ်ဆတ်ဖြစ်သည်။ ထိုဥကို အသုပ်ဖြစ်စေ၊ ချက်ပြုတ်ရာ၌ဖြစ်စေ အသုံးပြုကြသည်။

စိုက်ပျိုးခြင်း

မြေဆီလွှာအပေါ်ပိုင်းကို မြေဆွေး ၂ လက်မခန့်ထူအောင် တင်ပေးရသည်။ အစေ့ကို တိုက်ရိုက်မြေတွင်ချစိုက်ပျိုးပါက လက်မဝက်ခန့် နက်စေရသည်။ အတန်းတွင် တစ်စေ့နှင့်တစ်စေ့ တစ်လက်မခြားပြီး တတစ်တန်းနှင့်တစ်တန်း ၁၈ လက်မခြားရသည်။ အပင်ပေါက်လာပြီး အရွက်စစ်ထွက်လာသောအခါ ၈ လက်မခြားချန်၍ ကျန်အပင်များကို နှုတ်ပယ်ပစ်ရသည်။ အကယ်၍ ပျိုးထောင်ပြီး ပျိုးပင်ပေါက်ကို ပြောင်းရွှေ့စိုက်ပျိုးလျှင်လည်း တစ်ပင်နှင့်တစ်ပင် ၈ လက်မခွာ၍စိုက်ရသည်။ စိုက်တန်းကိုလည်း ၁၈ လက်မ ခြားသည်။ နီကိုဥပင်သည် မုန်လာမျိုးတွင် အနုဆုံးသီးနှံပင်ဖြစ်သည်။ မြေအပူချိန် ၄၅ ဒီဂရီဖာရင်ဟိုက်အောက်ရောက်ရှိနေပါက အပင်သည် အရွယ်မရောက်သေးပဲ ပန်းပွင့်တတ်သည်။​ ပူလွန်းပြန်လျှင်လည်း ဥသည်မာတောင့်ပြီး သစ်သားကဲ့သို့ ဖြစ်လာတတ်သည်။

အပင်ကိုစိုက်ပျိုးပြီး ၃ ပတ်ကြာလျှင် အချိုးညီဓာတ်မြေသြဇာ ၅-၅-၅ ကို စိုက်တန်းဘေးမှ ထည့်ပေးရသည်။ ရေကိုလည်း လိုအပ်သလို ပေးရသည်။ အကြမ်းအားဖြင့် တစ်ပတ်လျှင် တစ်လက်မခန့် (ဧကလက်မ) ပေးရသည်။ အပေါ်ယံရှိအမြစ်များ မထိခိုက်စေဘဲ လက်ပေါင်းဝင်ပေးရသည်။ မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းထားနိုင်စေရန် ကောက်ရိုး သို့မဟုတ် မြက်ခြောက်တို့ဖြင့် ဖုံးပေးရသည်။ ထိုအခါ မြေဆီလွှာလည်းအေးပြီး ပေါင်းမြက်လည်း သက်သာသည်။

ပိုးမွှားရောဂါ

အခြားမုန်လာမျိုးများအပေါ် ကျရောက်တတ်သော ပိုးမျိုးနှင့်ရောဂါမျိုး ကျရောက်နိုင်သည်။ ပျပိုး၊ ဖလီးကျိုင်း(Flea Beetle) မုန်လာလောက်ကောင်၊ မုန်လာခူကောင် (Cabbage Looper) များကို အရွက်တွင် စီစစ်ရှာဖွေရသည်။ ရောဂါဒဏ်မှကာကွယ်ရန် မြေကွက်ကို အလှည့်ကျ စိုက်ပျိုးခြင်း၊ ယခင်သီးနှံအကျန်များကို ဖယ်ရှားခြင်း ပြုလုပ်ပေးရသည်။

ရိတ်သိမ်းခြင်း

ပျိုးပင်စိုက်ပျိုးပြီး ၄၅-၆၅ ရက်ကြာလျှင် ဥအရွယ် ၁ လက်မခန့်အချင်းရှိ ဥကိုဖြတ်ယူပါက အကောင်းဆုံးဖြစ်သည်။ သို့ရာတွင် ဥအရွယ်အချင်း ၃ လက်မခန့်အထိ ခူးယူနိုင်သည်။ နီကိုဥမျိုးအများစုသည် ဥအရွယ်အချင်း ၃ လက်မကျော်သွားလျှင် မာကျောပြီး သစ်သားကဲ့သို့ဖြစ်သွားသည်။ သို့ရာတွင် အချို့မျိုးသည် ဥကြီးထွားသော်လည်း နူးညံ့မြဲနူးညံ့နေသည်။ နီကိုဥကို ရေခဲသေတ္တာထဲတွင် သိုလှောင်ပါက ၃ ပတ်ကျော်အထိ အထားခံသည်။ ဥကိုအခွံခွာထားသည်ဖြစ်စေ၊ စင်းထားသည်ဖြစ်စေ၊ ရေနွေးဖျောထားသည်ဖြစ်စေ၊ ရေခဲသေတ္တာတွင် သိုလှောင်နိုင်သည်။ အရွက်နုကိုလည်း အခြားမုန်လာဥများနည်းတူ ရေနွေးနှင့်ပေါင်းပြီး စားသုံးနိုင်သည်။ 

မျိုးများ

ဗီယင်နာသက်နုအဖြူမျိုး (Early White Vienna) မျိုးသည် အသက်ရက် ၅၅ ရှိပြီး ချောပြီး အစိမ်းနုရောင်အခွံနှင့် နူးညံ့သော အဖြူရောင်အသားရှိသည်။ အနံ့မပြင်းပဲ သင်းရုံသာရှိသည်။ ဂျိုင်ဂန့်တ် (Gigante) မျိုးသည် အသက်ရက် ၁၃၀ ရှိပြီး၊ ချက်နိုင်ငံ၏ မိရိုးဖလာမျိုးဖြစ်သည်။ ဥအရွယ်အချင်း ၁၀ လက်မခန့်ရှိ၍ အလေးချိန် ၂၅ ပေါင်ခန့်ရှိသည်။ အသားဖြူပြီး နူးညံ့သည်။ အနံ့သင်းပျံ့သည်။ ကိုလီဘရီ (Kolibri) မျိုးသည် အသက်ရက် ၄၅ ရှိပြီး အခွံခရမ်းရောင်နှင့် အသားဖြူပြီး အမျှင်မပါချေ။ ကို့(စ်)ဆတ်(ခ်) (Kossack Hybrid) မျိုးသည် အသက်ရက် ၈၅ ရှိပြီး ဥအရွယ် အချင်း ၈-၁၀ လက်မခန့်နှင့် အခွံစိမ်းပြီး အသားဖြူသည်။ ဥအရွယ်ကြီးသော်လည်း အသားမှာ သစ်သားကဲ့သို့မဖြစ်ချေ။

အာဟာရဓာတ်

ရာခိုင်နှုန်းအားဖြင့် ရေငွေ့ ၉၂.၁၊ ပရိုတိန်း ၁.၁၊ အဆီ ၀.၂၊ သတ္တု ၀.၇၊ ကာဗိုဟိုက်ဒရိတ် ၅.၉၊ ထုံး ၀.၀၂၊ မီးစုန်း ၀.၀၄ ပါဝင်သည်။ ဂရမ် ၁၀၀ လျှင် သံ ၀.၄ မီလီဂရမ်၊ ကယ်လိုရီ ၃၀၊ ဗီတာမင် C ၈၅ မီလီဂရမ်ပါရှိပါသည်။

နည်းပညာများကို ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်