ကင်းမွန်နှင့် ပြည်ကြီးငါး

09/12/2019 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရေငန်ပိုင်းနေ အခွံမဲ့ ရေနေသတ္တဝါ (no shell) များဖြစ်သော ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ ပုံသဏ္ဍာန်တူသည်ဟု ထင်ရသော်လည်း ကွဲပြားခြားနားပါသည်။ ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ ကျောရိုးမဲ့ရေနေသတ္တဝါ (Invertebrate) များဖြစ်ကြပြီး ကင်းမွန်(squid)၏ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် (Body- shaped)မှာ ရှည်မျောမျောရှိပြီး ပြည်ကြီးငါး (cuttlefish)၏ ပုံစံမှာ လုံးဝန်းနေပါသည်။

ကင်းမွန်နှင့် ပြည်ကြီးငါးမှာ လက်တံ()ချောင်းပါရှိပြီး သူတို့လက်တံများပြတ်သွားပါက အသစ်ပြန်ထွက်သော သဘာဝရှိကြပါသည်။ ထူးခြားချက်မှာ နှလုံး()ခု ပါရှိပြီး မှင်ရှည်အိတ်()အိတ် ပါရှိပါသည်။ ပင်မမှင်ရည်အိတ်မှာ ခန္ဓာကိုယ်အတွင်းပိုင်းတွင်ပါရှိပြီး အခြားသေးငယ်သည့် မှင်ရည်အိတ်မှာ မျက်လုံးနောက်၌ ပါရှိပါသည်။ သူတို့၏ မှင်ရည်အိတ်မှာ နက်ပြာရောင်ရှိပြီး ချက်ပြုတ်မစားသောက်မီ သူတို့၏ခန္ဓာကိုယ် အတွင်းရှိ အညစ်အကြေးများကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောရပါမည်။ ကင်းမွန်အမမှာ ဥပေါင်း ()သိန်းကျော်ထိ ဥ ဥနိုင်ကြပါသည်။ ဧပြီ၊ မေလများသည် ကင်းမွန်များ ငါးပေါက်ရာသီဖြစ်သောကြောင့် ထိုကာလ၌ ကင်းမွန်ဖမ်းခြင်း ရပ်ဆိုင်းထားသည်ဟု သိရပါသည်။  

ဈေးကောင်းပြီး ဈေးကွက်ဝင်လှသော ကင်းမွန်နှင့် ပြည်ကြီးငါးများကို တနင်္သာရီ၊ ရခိုင်ကမ်းရိုးတန်းဒေသနှင့် မြိတ်ကျွန်းစုတို့တွင် အများဆုံးတွေ့ရှိရပါသည်။ မွန်ပြည်နယ်တွင် ရေးမြို့နယ်(အစင်)ဘက်မှ ကင်းမွန်မီးထွန်းလှေများမှလည်း ဖမ်းဆီးရမိကြပါသည်။

ကင်းမွန်နှင့် ပြည်ကြီးငါးများကို အငန်နှုန်း(Salinity) 17 ppt အထက်တွင် တွေ့ရှိရပြီး အများအားဖြင့် အငန်နှုန်းမြင့်မားသော အပိုင်းတွင် တွေ့ရများတတ်ကြောင်း တွေ့ရှိရပါသည်။ အိန္ဒိယနိုင်ငံနောက်ပိုင်း၊ တောင်တရုတ်ပင်လယ်၊ ဂျပန်နိုင်ငံအလယ်ပိုင်းတို့တွင် ကင်းမွန်၊ ပြည်ကြီးငါးများမှာ ပျံ့နံ့လျက်ရှိကြပါသည်။

ကင်းမွန်သဘာဝမှာ အများစုသည် နေ့ဘက်တွင် ပုန်းကွယ်လျက်ရှိကြပြီး ညဘက်တွင် လှုပ်ရှားကာ အစာရှာကြပါသည်။ နေ့ဘက်တွင် အလင်းရောင်နည်းသော ရေနက်ပိုင်းတွင် ရှိနေကြပြီး အများအားဖြင့် ရေနက်ပိုင်းကျယ်ပြန့်သော အလွှာများ၌ တွေ့ရလေ့ရှိကြပါသည်။ တချို့မှာမူ သူတို့၏အချိန်များကို ညမှောင်မှောင်ကမ်းဦးရေတိမ်များ၌ ကုန်ဆုံးစေသည်လည်း ရှိကြပါသည်။ သတ္တဗေဒသဘောအရ ကင်းမွန်မျိုးစိတ်များသည် ဥပေါက်သည့်ရာသီ၊ ဥပေါက်ဖွားရာ အချိန်အတောအတွင်း ကြီးမားသောအစုအဝေးများ ဖြစ်ပေါ်တည်ရှိနေတတ်ကြပါသည်။ ကင်းမွန်၊ ပြည်ကြီးငါးများမှာ တစ်နှစ်ပတ်လုံး သားပေါက်လေ့ရှိကြပြီး အများအားဖြင့် ရေအပူချိန် တိုးလာချိန်များ၌ ပိုပြီးသားပေါက်ကြပါသည်။ အသေးဆုံးကင်းမွန်များသည် တစ်နှစ်အရွယ်တွင် မျိုးအောင်ကြပြီး ခန့်မှန်းအားဖြင့် ကင်းမွန်များသည် ထူးခြားစွာအသက်()နှစ်သာ ရှည်ကြပါသည်။

ကင်းမွန်များကို အများအားဖြင့် လမမြင်မှ ဖမ်းဆီး၍ရကြပြီး လပြည့်ကျော် ()ရက်လောက်တွင် ကင်းမွန်လှေများထွက်ကြသည်ဟု သိရပါသည်။ ကင်းမွန်များကို ဖမ်းဆီးခြင်းသည် အခြားပင်လယ်ပြင်တွင် ငါး၊ ပုဇွန် ဖမ်းသည့်ပုစံမျိုး မဟုတ်ဘဲ တမူထူးခြားလှပါသည်။

ပေ ၅၀ မှ ၁၀၀အကြား ရှည်လျားသည့် အလင်းရောင်စူးရှသည့် မီးသီးများပါဝင်သည့် လက်တံများသည် ကင်းမွန်ဖမ်းလှေများထဲမှ ဘယ်ညာဆန့်တန်းကာ ထွက်ပေါ်နေကြပါသည်။ ၎င်းတို့မှာ "ကင်းမွန်ငါးဖမ်းလှေ" များဖြစ်ကြပါ၏။ ထိုမီးသီးများအောက်သို့ ကင်းမွန်များ စုဝေးရောက်ရှိလာကြသည့် အချိန်တွင် လှေပေါ်မှ ပိုက်ချကာ ကင်းမွန်များကို ဖမ်းဆီးခြင်းဖြစ်ပါသည်။ ကင်းမွန်နှင့် အတူ မျိုးတူပြည်ကြီးငါးများလည်း ဖမ်းဆီးရမိကြပါသည်။ ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ တစ်နှစ်ပတ်လုံး ရမိကြပြီး အထူးသဖြင့် ဆောင်းဦးအစမှ နွေဦးပေါက်သည်အထိ အမိများကြောင်း သိရပါသည်။

ကင်းမွန်နှင့် ပြည်ကြီးငါးများကို မျိုးစိတ်ခွဲရာ၌ အဓိကအားဖြင့် ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် (body shaped) ၊နှာမောင်း၊ လက်တံများ(the pen)၊ အရိုးနု၊ အရိုးပျော့(cuttlebone)၊ စုပ်ခွက် (the sucker)၊ ကိုယ်ထည်အလျား( mantle length)နှင့် အရောင်ပုံစံ(color pattern) ကို အခြေခံလေ့လာကြခြင်း ဖြစ်ပါသည်။

ကင်းမွန်နှင့် ပြည်ကြီးငါးများမှာအခွံမဲ့ (no shell) များ ဖြစ်ကြသောကြောင့် သူတို့၏ သန်မာလှသော လက်တံများ၊ နောက်ဆစ်တွဲအဆစ်အပိုင်းများနှင့် ရွေ့လျားသွားလာကြခြင်း ဖြစ်ပါသည်။ သမုဒ္ဒရာရေပြင်တွင် Cephalopods (ကင်းမွန်၊ ပြည်ကြီးငါးနှင့် ရေဘဝဲ) အုပ်စုများ မြောက်မြားစွာ ရှိကြပြီး နက်ရှိင်းသော ချောက်များမှ ရေတက်၊ ရေကျတွင် ဖြစ်ပေါ်လေ့ရှိသော အိုင်များနုင့် အီကွေတာမှ ဝင်ရိုးစွန်းထိ ရေပြင်တို့တွင် နေထိုင်ကြပါသည်။

မျိုးပေါင်းစု Phylum- Mollusca မှ ဆင်းသက်လာသော Cephalopods (ကင်းမွန်၊ ပြည်ကြီးငါးနှင့် ရေဘဝဲ) အုပ်စုဝင်များသည် ရေငန်ပိုင်းနေ အုပ်စုဖွဲ့ ရေသတ္တဝါများ ဖြစ်ကြပါသည်။ Cephalopods အုပ်စုဝင်အားလုံးမှာ ဦးခေါင်းပေါ်ရှိ လက်တံများသည် ပါးစပ် ဝန်းကျင်၌ ပုံသေဆွဲထားကြပြီး ချိတ်ကဲ့သို့ ရှည်လျားသော ရေဘဝဲ လက်ချောင်းသဏ္ဍာန်စုပ်ခွက်များနှင့် လက်တံများမှာ တစ်ဆင့်ပြီး တစ်ဆင့် ကြီးထွားလာကြပြီး ရေသတ္တဝါများကို ဖမ်းဆီးရန် (သို့) အမကိုဖမ်းရန် (သို့) အထီးများ မျိုးစေ့အနည်ကျရန် တည်ရှိကြလေသည်။ Cephalopods အုပ်စုဝင်များမှာ အခြေခံအားဖြင့် ဦးတိုက်သွား ရေနေသတ္တဝါများဖြစ်ကြပြီး သူတို့၏ ဦးခေါင်းပိုင်းတွင် လက်တံများ (tentacles) များ နေရာယူထားကြပြီး ရောင်ပြေးတလျှက် ရှိကြပါသည်။

ကင်းမွန်နှင့် ပြည်ကြီးငါးမှာ အဆီပါဝင်မှု နည်းပါးပြီး protein (အသားဓါတ်) မြင့်မားစွာ ပါဝင်သောကြောင့် လူသားတို့၏ ကျန်းမာရေးအတွက် အထောက်အကူပြုသော ရေနေသတ္တဝါမျိုး ဖြစ်ကြပေသည်။ ကင်းမွန်ငါးကို အကြော် (Fried)၊ အပေါင်း(steamed)၊ အကင် (Roasted)၊ အချက် (curry)၊ အသုပ် (salad) စသည်ဖြင့် အသုံးပြုကြပါသည်။ ဟိုတယ်များတွင်လည်း ကင်းမွန်နှင့် ပြည်ကြီးငါး ဟင်းလျာများမှာ နာမည်ကြီးလှပါသည်။ ကင်းမွန်နှင့် ပြည်ကြီးငါးကုန်းဘောင်ကြော်၊ ချိုချဥ်ကြော်၊ ကင်းမွန်/ ပြည်ကြီးငါး အကွင်းကြော်၊ ကင်းမွန်/ ပြည်ကြီးငါး ကောက်ညှင်းအစာသွပ်၊ ပင်လယ်စာ အစာသွပ်၊ ခရုဆီပေါင်း၊ သံပရာပေါင်းအပြင် ကင်းမွန်/ ပြည်ကြီးငါး ချဥ်စပ်သုပ်၊ ရခိုင်သုပ်၊ အချိုသုပ်၊ ယိုးဒယားသုပ်၊ အကင်၊ အထောင်း စသည့် ဟင်းလျာများမှာ နာမည်ကြီးလှပေသည်။

ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ ထူးခြားသော သဘာဝရှိပြီး ပြည်တွင်းတွင်လည်းဈေးကောင်း၊ ပြည်ပပို့ကုန်အဖြစ်လည်း ဈေးကွက်ဝင်ကာ တန်ဖိုးမြင့် ရေနေသတ္တဝါဖြစ်ပါကြောင်းကို "ကင်းမွန်နှင့် ပြည်ကြီးငါး"ဟူသော ခေါင်းစဥ်ဖြင့် လေ့လာမိသမျှ ရေးသာလိုက်ရပါသည်။

 ပင်လယ်ပြာ (ငါးလုပ်ငန်းဦးစီးဌာန)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်