နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားနည်းမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
မိုးဇလ
ဆက်စပ်ဆောင်းပါးများ
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အိမ်မှာအိုးထဲမြေထဲ့ပြီးသီးပင်စားပင်လေးစိုက်ချင်တယ်ကင်ပွန်းချဥ်ပင်တို့ဖရုံတို့စိုက်ချင်ပါတယ် အကြံပေးပါအုန်းဗျဘယ်လောက်အိုးအကျင် အမြင့်ဆိုရလဲ မြေဆီလွာဘာတွေရောစပ်သင့်လဲဗျ
soe moe aung • ဖြေကြားချက် 0 ခု
စပါးအဖုံးထွက်ချိန်နှံစုပ်ဂျပိုးအန္တရာယ်ကိုဘယ်ဆေးသုံးရင်ကောင်းမလဲ
ကိုစိုးမင်းပိုင် • ဖြေကြားချက် 0 ခု
ပဲတောင့်ရှည်ပင်ရဲ့အရွက်တွေမှာ ဒီလိုတွေ၀ါလာတာ ဘာဆေးသုံးရမလဲရှင်
Hnin Yi Aung • ဖြေကြားချက် 0 ခု
ပဲမြစ်ဖုမြေဩဇာကို ကိုယ်တိုင်လုပ်လို့ရလား
Khing Hein • ဖြေကြားချက် 0 ခု
နှစ်ပေါင်း နှစ်ဆယ်လောက် စားကျက်လို ပုံစံမျိုးဖြစ်နေတဲ့ မြေမှာ pH 5.6ပဲရှိပြီး ကျန်တဲ့အာဟာရတွေမရှိတဲ့မြေကို မြေပြုပြင်ချင်တဲ့အတွက် ကျွန်မ အော်ဂဲနှစ်နည်းနဲ့ ပဲပုပ်နဲ့ပိုက်ဆံလျှောက်စိုက်ပျိုးခဲ့ပါတယ်ရှင့်။ 1.5.2026မှာ စိုက်ခဲ့တဲ့ပဲပုပ်ပင်ဟာ Julyလ 7လ ပိုင်းမှာ မိုးတစ်လပြတ်တာနဲ့ကြုံလိုက်ရပါတယ်ရှင့်။ ဓာတ်ပုံကတော့ မိုးပြတ်တုန်းကအပင်အခြေအနေပါ။ 9လပိုင်းမှာ သီးနှံရိတ်သိမ်းခဲ့ပါတယ်ရှင့်။ အထွက်နှုန်းမရဘဲ ပိုးကျတဲ့ သီးနှံနည်းနည်းပဲရလိုက်ပါတယ်ရှင့်။ မိုးပြတ်ပြီး 8လပိုင်း မိုးပြန်ရွာချိန်မှာ ရုတ်တရက်ပိုးကျလာတာမနိုင်သလိုဖြစ်သွားပါတယ်ရှင့်။အဲဒါ ဘာကြောင့်ပိုးကျသွားတာလဲသိချင်လို့ပါရှင့်။ ပိုးမကျခင်တုန်းကတော့ သဘာ၀ပိုးသတ်ဆေးတမာဆေးသုံးခဲ့ပါတယ်ရှင့်
မနွယ် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
07/10/2026
အယ်လ်နီညိုကာလမှာ သီးနှံပင်တွေ မခြောက်သွေ့စေမယ့် မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနည်း
07/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026