ဒန့်သလွန်သီး ခူးဆွတ်ရောင်းချရာတွင် ယခင်နှစ်ကထက် ဈေးနှုန်းများ ထက်ဝက်ကျဆင်းနေကြောင်း တောင်သူများက ပြောသည်။
ဈေးတွေက ထက်ဝက်လောက်ကို ကျဆင်းသွားတာပါ။ အခုအချိန်မှာ ဝင်ငွေနည်းနေတော့လည်း ဘာမှကိုမတတ်နိုင်ပါဘူး။ ဈေးကွက်ကို ထိန်းမရဘူးလေ။ အားလုံး အနှုတ်ပြနေပါတယ်။ ချွေတာစားကြရုံပါပဲ။
ဟု မွန်ပြည်နယ်၊ သထုံမြို့မှ နှစ်ရှည်ပင်စိုက်ပျိုးသည့် တောင်သူ ဦးဝင်းအောင်က ပြောသည်။
၂ဝ၁၉ ခုနှစ်က ဒန့်သလွန်သီးတစ်တောင့်လျှင် ကျပ် (၈ဝ)မှ ကျပ် (၁ဝဝ) အတွင်း ဈေးနှုန်းရရှိခဲ့သော်လည်း ယခုအခါ ဒန့်သလွန်သီးတစ်တောင့်လျှင် ကျပ် (၄ဝ) ဝန်းကျင်သာ ဈေးနှုန်းရရှိကြောင်း သိရသည်။
ကျွန်တော်က ဒန့်သလွန်ပင်ကို ကြားသီးနှံအဖြစ်စိုက်ပျိုးတဲ့ တောင်သူတစ်ယောက်ပါ။ ကြက်မောက်၊ ဒူးရင်း၊ ပိန္နဲပင်တွေအပြင် ဒန့်သလွန်ပင်ကိုလည်း အပင် ၁၅ဝ လောက်စိုက်ထားပါတယ်။ အခုဆိုရင် ဒန့်သလွန်သီးဈေးတွေက ခူးခလောက်ပဲရတော့ မခူးရောင်းတော့ဘူးလေ။
ဟု ဦးဝင်းအောင်က ဆက်လက်ပြောသည်။
နှစ်စဉ် နိုဝင်ဘာလမှ သြဂုတ်လအတွင်းကာလများတွင် ဒန့်သလွန်သီး ခူးဆွတ်ရောင်းချလေ့ရှိကြောင်း သိရသည်။
နန်းထက်ထက်ချစ်(ABM)
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator