Analog Forestry အတွက် ဒီဇိုင်းရေးဆွဲရာတွင် အခြေခံရမည့် ဖော်မြူလာ
သီးနှံတစ်မျိုးတည်းကို စီးပွားဖြစ် တအုပ်တမစိုက်ပျိုးထားတဲ့ စိုက်ခင်းတွေဟာ ဇီဝမျိုးကွဲတွေအတွက် နေထိုင်စရာနေရာတွေကို ဖျက်စီးပစ်ပြီး ဂေဟစနစ်ကို ပျက်ယွင်းစေတာကြောင့် အစိမ်းရောင်ကန္တာရတွေလို့ တင်စားကြပါတယ်။ အဲဒီအစိမ်းရောင်ကန္တာရတွေဆီ ဇီဝမျိုးကွဲစုံလင်မှုကို ပြန်လည်ယူဆောင်လာဖို့နဲ့ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့အတွက် အစိမ်းရောင်ကန္တရာတွေထဲမှာ သစ်တောပုံတူစိုက်ခင်း (Analog Forestry) တွေကို ဒီဇိုင်းရေးဆွဲပြီး ပြန်လည်ပျိုးထောင်စိုက်ပျိုးနိုင်ပါတယ်။
အဲဒီလို Analog Forestry အတွက် ဒီဇိုင်းရေးဆွဲရာမှာ အချက်အလက် အရင်းအမြစ် ၃ ခုကို စုပေါင်းပြီး ဟန်ချက်ညီညီ အချိုးကျကျရေးဆွဲရမှာ ဖြစ်ပါတယ်။ အဲဒီအချက်အလက် အရင်းအမြစ် ၃ ခုကတော့ (၁) Physiognomic ပုံသေနည်း (သစ်တောနှင့်စိုက်ခင်း သစ်ပင်ပေါက်ရောက်မှုပုံစံများကို နှိုင်းယှဉ်ဖော်ထုတ်သော ပုံသေနည်း) ၊ (၂) ထည့်သွင်းစိုက်ပျိုးနိုင်မည့် အပင်မျိုးစိတ်များစာရင်း (Database)၊ နဲ့ (၃) မြေပုံတို့ပဲ ဖြစ်ပါတယ်။

Physiognomic ပုံသေနည်း (သစ်တောနှင့်စိုက်ခင်း သစ်ပင်ပေါက်ရောက်မှု ပုံစံများကို နှိုင်းယှဉ်ဖော်ထုတ်သော ပုံသေနည်း)
Physiognomic ပုံသေနည်းဆိုတာကတော့ နေရာတစ်ခုမှာ ဘယ်လို အပင်အမျိုးအစားတွေ (Growth Categories) တွေဟာ ဘယ်လိုပုံစံ (Structural Categories) နဲ့ ဖြန့်ကျက်ရှင်သန် ပေါက်ရောက်နေသလဲဆိုတာကို ပုံသေနည်းတစ်ခုအဖြစ်နဲ့ ဖော်ပြတာဖြစ်ပါတယ်။ သဘာဝသစ်တောအုပ်ရဲ့ ဖော်မြူလာနဲ့ မိမိတို့ Analog Forestry အကောင်အထည်ဖော်ဆောင်ရွက်မယ့်နေရာရဲ့ ဖော်မြူလာတွေကို ကွင်းဆင်းတွက်ထုတ်ပြီး အဲဒီဖော်မြူလာနှစ်ခုရဲ့ ခြားနားချက် (Gap Analysis) ကို ရှာကြည့်လိုက်ရင် Analog Forestry စီမံကိန်းမှာ ဘယ်လိုအပင် အမျိုးအစားတွေကို၊ ဘယ်လောက်လောက် ထည့်သွင်းစိုက်ပျိုးရမယ်ဆိုတဲ့ အဖြေကို ရရှိလာမှာ ဖြစ်ပါတယ်။
ထည့်သွင်းစိုက်ပျိုးနိုင်မည့် အပင်မျိုးစိတ်များ စာရင်း (Database)
Analog Forestry စီမံကိန်းမှာ ဘယ်လို အပင်အမျိုးအစားတွေကို၊ ဘယ်လောက် ထည့်သွင်း စိုက်ပျိုးရမယ်ဆိုတာကို Physiognomic ပုံသေနည်းက တွက်ထုတ်ပေးထားပြီးတဲ့နောက် အဲဒီလို တွက်ထုတ်ပေးထားတဲ့ Growth Categories တွေထဲက ဘယ်အပင်မျိုးစိတ် (species) ကို စိုက်ပျိုးနိုင်မလဲ ဆိုတာကို သိရှိဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် မိမိရဲ့စီမံကိန်းနေရာမှာ “ထည့်သွင်းစိုက်ပျိုးနိုင်မည့် အပင်မျိုးစိတ်များစာရင်း (Database)” ကို ပြုစုထားဖို့ လိုအပ်ပါတယ်။
အဲဒီလို စာရင်းပြုစုရာမှာ မိမိကိုယ်တိုင်ရဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့တင် မလုံလောက်နိုင်ပါဘူး။ အဲဒီဒေသမှာရှိတဲ့ အခြားသော စိုက်ပျိုးရေးသမားတွေနဲ့ အတွေ့အကြုံရှိသူတွေရဲ့ အကူအညီကို ရယူဖို့ လိုအပ်ပါတယ်။ ဒေသခံ မျိုးရင်းအပင်မျိုးစိတ်တွေ၊ ဒေသခံ မျိုးရင်းတွေမဟုတ်ပေမယ့် အဲဒီဒေသမှာ ကောင်းကောင်း ရှင်သန်ပေါက်ရောက်နိုင်တဲ့ မျိုးစိတ်တွေ၊ ဈေးကွက်တင်ရောင်းချနိုင်မယ့် မျိုးစိတ်တွေကို စာရင်းပြုစုရမှာဖြစ်ပါ တယ်။ မျိုးစိတ်တစ်ခုချင်းစီအလိုက် သိပ္ပံအမည် (Scientific Name)၊ အရပ်ခေါ်အမည် (Common Name)၊ အပင်အမျိုးအစား (Growth Form) ၊ ရှင်သန်ပေါက်ရောက်သည့် ပတ်ဝန်းကျင်အခြေအနေ (Micro Habitat)၊ အမြစ်ရဲ့ဖွဲ့စည်းပုံ(Root Characteristics)၊ အစေ့နှင့် အပွင့်ပွင့်ပုံ (Seeds and Flowers)၊ ဂေဟဗေဒဝန်ဆောင် မှု (Ecological Functions)၊ ကြိုက်နှစ်သက်သည့် မြေအနေအထား (Soil Requirements)၊ ထုတ်လုပ်ပေးနိုင် သည့် ထုတ်ကုန်များ (Products)၊ ဈေးကွက်ရရှိနိုင်မှု (Markets)၊ အပင်ပွားယူနိုင်မည့်နည်းလမ်း (Propagation Information) တွေ ပါဝင်သင့်ပါတယ်။ (Database တစ်ခုရဲ့ ဥပမာကို အောက်မှာဖော်ပြထားပါတယ်။)

ဒီနေရာမှာ သတိပြုရမှာကတော့ “ထည့်သွင်းစိုက်ပျိုးနိုင်မည့် အပင်မျိုးစိတ်များစာရင်း (Database)” ထဲမှာ ပါဝင်တဲ့ အပင်မျိုးစိတ်တွေဟာ Physiognomic ပုံသေနည်းကို အသုံးပြုပြီး ဆောင်ရွက်ထားတဲ့ “သဘာဝ တောအုပ်နှင့် စီမံကိန်းနေရာ ကွာဟချက်သုံးသပ်ခြင်း (Gap Analysis)” ပြုလုပ်ရာမှာ ရရှိထားတဲ့ အပင်အမျိုးအစားဝင် အပင်မျိုးစိတ်တွေ ဖြစ်ဖို့လိုအပ်ပါတယ်။ တနည်းအားဖြင့် “Formula” နဲ့ “Database” ကို ဆက်စပ် စဉ်းစားရမယ်ဆိုတဲ့အချက်ကို သတိပြုရမှာ ဖြစ်ပါတယ်။
မြေပုံ
မြေပုံတွေဟာ Analog Forestry ထူထောင်ဖို့အတွက် အခြေခံအကျဆုံး ကိရိယာ ဖြစ်ပါတယ်။ ဒီဇိုင်း မရေးဆွဲမီ ကြိုတင်ပြုစုထားရမယ့် မြေပုံနှစ်ခုကတော့ ပထဝီအနေအထားပြမြေပုံ (Base Mapping/Biophysical Map) နဲ့ မြေယာအသုံးချထားမှုပြမြေပုံ (Site Mapping/ Existing land use map) တွေပဲ ဖြစ်ပါတယ်။ အဲဒီ မြေပုံနှစ်ခုကို ထပ်ကြည့်လိုက်မယ်ဆိုရင် Analog Forestry ဒီဇိုင်းရေးဆွဲမယ့် နေရာရဲ့ အခြေအနေ အားလုံးကို ခြုံငုံနားလည်နိုင်စေမယ့် (Overlay map) တစ်ခု ရရှိမှာ ဖြစ်ပါတယ်။
အဲဒီမြေပုံနှစ်ခုပေါ်မှာ Physiognomic ပုံသေနည်း နဲ့တွက်ထုတ်ထားတဲ့ “Gap Analysis ရလဒ်အဖြေ” နဲ့ “ထည့်သွင်းစိုက်ပျိုးနိုင်မည့် အပင်မျိုးစိတ်များ စာရင်း (Database)” အချက်အလက်တွေကို ထည့်သွင်းစဉ်းစား တွက်ချက်ပြီး Analog Forestry ရဲ့ “ဒီဇိုင်းမြေပုံ (Analog Forestry Design)” ကို ရေးထုတ်ရမှာ ဖြစ်ပါတယ်။
Analog Forestry ထဲမှာ ထည့်သွင်းစိုက်ပျိုးမယ့် အပင်မျိုးစိတ်တွေကို ရွေးချယ်ရာမှာ ပထဝီအနေအထားပြ မြေပုံမှာပါဝင်တဲ့ မြေမျက်နှာသွင်ပြင်အနိမ့်အမြင့်၊ နေလမ်းကြောင်း၊ လေလမ်းကြောင်း၊ ရေစီးရေလာ အစရှိတဲ့ သဘာဝဝန်းကျင်ဆိုင်ရာအချက်အလက်တွေနဲ့ ကိုက်ညီတဲ့ မျိုးစိတ်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဥပမာ လေတိုက်တဲ့ဒဏ်ကို မခံနိုင်တဲ့ အပင်မျိုးစိတ်တွေကို လေကွယ်တဲ့အရပ်မျက်နှာမှာ စိုက်ပျိုးဖို့ စဉ်းစားတာမျိုး၊ နေရောင်ခြည်ဒဏ် သိပ်မခံနိုင်တဲ့ အပင်မျိုးစိတ်ကို၊ နေလမ်းကြောင်းတည့်တည့်မကျဘဲ၊ နေရောင်ခြည်ရရှိမှု နည်းတဲ့ နေရာမှာ စိုက်ပျိုးတာမျိုးတွေကို စဉ်းစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အပင်တွေကို စိုက်ပျိုးရာမှာ မြေယာအသုံးချထားမှုပြမြေပုံနဲ့ နှိုင်းယှဉ်ပြီးလည်း စဉ်းစားရပါဦးမယ်။ ဥပမာ စိုက်ပျိုးထားတဲ့အပင်တွေက သီးနှံတွေရရှိလာရင် ဘယ်လိုသွားခူးဆွတ်မလဲ၊ ကုန်ထုတ်လမ်း အဖြစ် ဘယ်လမ်းကို အသုံးပြုမလဲ၊ အပင်တွေအတွက် အစပိုင်းမှာ ရေလိုအပ်မယ်ဆိုရင် ဘယ်လိုသွယ်တန်းယူမလဲစသည်ဖြင့် ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
အဲဒီအချက်တွေ အားလုံးစုပေါင်း စဉ်းစားပြီးတဲ့နောက် စီမံကိန်းရဲ့ ဘယ်နေရာမှာ ဘာပင်စိုက်ပျိုးမယ်ဆိုတာကို ဒီဇိုင်းမြေပုံထဲမှာ အသေးစိတ် ထည့်သွင်းရေးဆွဲထားရမှာ ဖြစ်ပါတယ်။
အဲဒီလို ဘယ်နေရာမှာ ဘယ်အပင်မျိုးစိတ်တွေကို ဘယ်လောက်စိုက်ပျိုးမယ်ဆိုပြီး မြေပုံပေါ်မှာ ဒီဇိုင်းရေးဆွဲရာမှာလည်း “Gap Analysis ရလဒ်အဖြေ” နဲ့ ကွာဟသွားခြင်းမရှိစေဖို့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
မမေ့အပ်သည့် တြိဂံပုံ
Analog Forestry ဒီဇိုင်းရေးဆွဲရာမှာ ပါဝင်တဲ့ အစိတ်အပိုင်း ၃ ခုကို အထက်မှာ ဆွေးနွေးခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအစိတ်အပိုင်း ၃ ခုဟာ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေပြီး တြိဂံပုံတစ်ခုလို ချိတ်ဆက်နေတာကို မမေ့သင့်ပါဘူး။ အဲဒီ အစိတ်အပိုင်း ၃ ခုထဲက တစ်ခုခုကို လစ်ဟာစေလိုက်တာနဲ့ Analog Forestry ရဲ့ ဒီဇီုင်းဟာ မပြည့်စုံတော့ဘဲ လိုချင်တဲ့ ရလဒ်ကို ဖော်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ တကယ်လို့ အဲဒီ အစိတ်အပိုင်း ၃ ရပ် ကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ခဲ့မယ်ဆိုရင်တော့ ဂေဟစနစ်ကို ပြန်လည်ရှင်သန်ဖွံ့ဖြိုးစေတဲ့အပြင် စီးပွားရေးအ ကျိုးရလဒ်တွေပါ ဖြစ်ထွန်းစေမယ့် သဘာဝသစ်တောပုံတူ စိုက်ခင်းတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက်မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သစ်တောပုံတူ စိုက်ခင်းတည်ထောင်ခြင်း
ဆက်စပ်ဆောင်းပါးများ
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
အကြောင်းအရာ ပံ့ပိုးသူ
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
ဆက်စပ်မေးခွန်းများ
ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရတယ်ဆိုလို့1လက်မခွဲပိုက်နဲ့ပေ200နီးပါးထိတူးထားတာပါ နွေရာသီမှာ ရေ level က100ကျော်ကျော်လောက်ထိပါ အခုသိရပြန်တာကဓါတ်ဆီအင်ဂျင်+air compressor ကအဆင်မပြေဘူးပြောကြပြန်လို့ ရေမြှုပ်ပန့်အသေးလေးရှာကြည့်ပြန်တာ 1.5လက်မတွင်းအတွက်မရှိဘူးပဲဖြစ်နေလို့ ဘယ်နည်းလမ်းအသုံးပြုလို့ရနိုင်မလဲသိချင်ပါတယ်ခင်ဗျာမျှဝေပေးချင်ပါတယ်ဗျ လျှပ်စစ်မီးမရှိ မြေအောက်ရေပဲသုံးလို့ရမယ့်နေရာဖြစ်နေလို့ပါဗျ
Oakkar • ဖြေကြားချက် 2 ခု
အပင်ဝါပြီးအမြစ်ကလည်းနီနေတာ/အမြစ်အားလည်းနည်းနေတာ/မိုင်ဇင်းပါတယ့်မှိုသတ်ဆေးတော့ဖြန်းထားတယ်တစ်ကြိမ်နှစ်ရက်ရှိပြီဖြန်းပြီးတာ/တစ်ခြားဘာလိုအပ်သေးလဲဖြေပေးကြပါဦးဆရာကြီးများ
Zaw Than Oo • ဖြေကြားချက် 2 ခု
ဒါက မြစ်ပိုးလား ရောဂါလားဗျာ ဘာလုပ်ရင် ကောင်းမလဲ ဖြေပေးကြပါအုံး😢😢😢
Nyi Nyi Aung • ဖြေကြားချက် 3 ခု
ဝက်၃လခံဆေး ဘယ်ချိန်မှာထိုးရမှာလဲ
Sai Kham • ဖြေကြားချက် 0 ခု
ကော်ဖီစိုက်က ပင်လယ်ရေမျက် ဘယ်လောက်ရှိမှ စိုက်လို့ကောင်တာလဲ
khunloonkyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
More from Khaing Kyi Thit
အားလုံး