လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]

07/05/2023 19:00 PM တွင် ThitsaWorks Solutions Myanmar Co., Ltd. ThitsaWorks Solutions Myanmar Co., Ltd. မှ ရေးသား ပြီး ThitsaWorks ThitsaWorks မှ ပေးပို့ထားပါသည်။

ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ ဒစ်ဂျစ်တယ်ငွေကြေးနည်းပညာနဲ့ပတ်သက်ပြီး လေ့လာခဲ့ကြတာ တော်တော် ခရီးပေါက်လာခဲ့ပြီနော်။ 

ဒစ်ဂျစ်တယ်နည်းပညာခေတ်ရဲ့ အခေါ်အဝေါ်တွေနဲ့ မိုဘိုင်းလ်ဝေါလက်အကြောင်းလဲ တော်တော်လေး သိလာခဲ့ပြီလို့ မျှော်လင့်ပါတယ်။ 

ဒီအကြောင်းအရာတွေကို မဖတ်လိုက်ရသေးဘူး ဒါမှမဟုတ် မေ့သွားခဲ့တယ်ဆိုရင်လည်း ပေးထားတဲ့ လင့်ခ်တွေကတစ်ဆင့် ပြန်လည် လေ့လာဖတ်ရှုနိုင်ပါတယ်နော်။

အပိုင်း [၁]  https://bit.ly/42sw2Zj

အပိုင်း [၂]   https://bit.ly/42nVAqd

အပိုင်း [၃]  https://bit.ly/3LScg2L

အပိုင်း [၄]  https://bit.ly/3AVku4P

 

ဒီလို ဒစ်ဂျစ်တယ်နည်းပညာခေတ်မှာ လူတိုင်းရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးက အရေးကြီးလာပါတယ်။ ဒါကြောင့် . . . ဒီတစ်ခေါက်တော့ ဒစ်ဂျစ်တယ်မသမာမှုတွေအကြောင်းနဲ့ ဘယ်လိုရှောင်ရှားသင့်တယ်ဆိုတာတွေ ပြောပြမယ်နော်။ ကဲ . . . လေ့လာလိုက်ကြရအောင်။

ဒစ်ဂျစ်တယ်ကိုယ်ရေးအချက်အလက်လုံခြုံရေး

မသမာသူတွေဟာ နည်းအမျိုးမျိုး သုံးပြီး လိမ်လည်တတ်ကြပါတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာလည်း နည်းမျိုးစုံသုံးပြီး မိုဘိုင်းလ်ဝေါလက်ထဲက ပိုက်ဆံတွေကို လိမ်လည်ထုတ်ယူတာမျိုး လုပ်ဆောင်နေကြပါတယ်။ ဒီလို လိမ်လည်လှည့်ဖြားခြင်းတွေက ကင်းဝေးအောင် သတိထားလုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

တစ်ယောက်ယောက်က မိုဘိုင်းဝေါလက်ကုမ္ပဏီ သို့မဟုတ် ဘဏ်ကလို့ပြောပြီး အချက်အလက်တွေတောင်းရင်ဘယ်လိုလုပ်မလဲ

  • လိမ်လည်သူတွေဟာ မိုဘိုင်းလ်ဝေါလက်ကုမ္ပဏီ သို့မဟုတ် ဘဏ်က ဝန်ထမ်းယောင်ဆောင်ပြီး အိုတီပီ )OTP) ၊ ပင်န် )PIN) နံပါတ်တို့ကို လိမ်ညာတောင်းလေ့ရှိတတ်လို့ သတိထားရပါမယ်။ 
  • မိုဘိုင်းလ်ဝေါလက်အကောင့်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် “ပန်န် (PIN)” နံပါတ်ပြောင်းချင်တဲ့အခါတွေမှာ ဖုန်းပိုင်ရှင် ဟုတ်/မဟုတ် စစ်ဆေးတဲ့အနေနဲ့ မိုဘိုင်းလ်ဝေါလက်ကုမ္ပဏီက ကိုယ့်ဖုန်းဆီကို “အိုတီပီ (OTP)” ပို့ပါတယ်။ ဒီ “အိုတီပီ (OTP)” ကို တခြားသူသိသွားရင် ကိုယ့်အကောင့်ရဲ့ “ပန်န် (PIN)” နံပါတ်ကို ပြောင်းပစ်လိုက်ပြီး ကိုယ့်အကောင့်ထဲမှာရှိတဲ့ ငွေတွေကို ခိုးယူသွားလို့ရပါတယ်။ 
  • ဒါ့ကြောင့် ကိုယ့်ဆီရောက်လာတဲ့ “အိုတီပီ (OTP)” တွေကို အခြားသူကို အသိမပေးသင့်ပါဘူး။ တခြား ကိုယ်ရေးအချက်အလက်တွေ တောင်းရင်လည်း ချက်ချင်းပြန်ပို့ပေးလိုက်တာမလုပ်ဘဲ အမှန်အကန်လား၊ အလိမ်အညာလားဆိုတာ အရင်ဆုံး စစ်ဆေးသင့်ပါတယ်နော်။

ကိုယ်ရေးအချက်အလက် အခိုးမခံရအောင် ဘယ်လို ကာကွယ်မလဲ

  • ကိုယ့်ဆီကို ကိုယ်ရေးအချက်အလက်တောင်းတဲ့ အီးမေးလ်တွေ၊ စာတွေရောက်လာရင် ချက်ချင်း စာမပြန်သင့်ပါဘူး။ အမှန်ဖြစ်နိုင်၊ မဖြစ်နိုင် စုံစမ်းစစ်ဆေးပြီးမှ စာပြန်သင့်ပါတယ်။
  • ကိုယ့်ရဲ့စကားဝှက်ကို လူတွေမြင်လွယ်တဲ့ နေရာမှာ ရေးမှတ်ထားတာမျိုးမလုပ်သင့်ပါ။
  • ခန်းမှန်းရလွယ်တဲ့ စကားဝှက်မျိုး (ဥပမာ - ၁၂၃၄၅၆၊ ၁၁၁၁၁၁ စတဲ့ ဂဏန်းတွေ၊ မွေးနေ့၊ ဖုန်းနံပါတ်စတာတွေ) မပေးသင့်ပါ။
  • ကိုယ့်အကောင့်ကို တခြားသူရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာမှာ ဖွင့်ခဲ့တယ်ဆိုရင်လည်း ပြန်ထွက်ဖို့ (log out) သတိရပါ။

ကိုယ့်ရဲ့ စကားဝှက် (ပတ်စ်ဝတ် - Password) ကို ဘယ်လိုလုံခြုံအောင်ထားမလဲ

  • စကားဝှက်ထားတဲ့အခါ ကိုယ့်အတွက် မှတ်လို့လွယ်ပေမယ့် တခြားသူတွေလွယ်လွယ်နဲ့ မခန့်မှန်းနိုင်လောက်တဲ့ စကားဝှက်မျိုးဖြစ်ရပါမယ်။  ဥပမာ - mgsoe လို့ ထားမယ့်အစား mG$@E637 ဆိုပြီး ခန့်မှန်းရခက်တာမျိုးကို ထားသင့်ပါတယ်။ 
  • ဒါ့အပြင် ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေထဲမှာရှာလို့ရမယ့် စကားလုံးတွေ၊ နံပါတ်တွေ(ဥပမာ-အိမ်မွေးတိရစ္ဆာန်နာမည်၊ မွေးနေ့ စသဖြင့်) ကို စကားဝှက်အဖြစ် မပေးသင့်ပါဘူး။

မိုဘိုင်းလ်ဝေါလက်ထဲက ဒစ်ဂျစ်တယ်ပိုက်ဆံတွေကို လုံခြုံအောင်ဘယ်လိုထားကြမလဲ

  • မိုဘိုင်းလ်ဝေါလက်အကောင့်ပိုင်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ အိုတီပီ (OTP) နဲ့ ပန်န် (PIN) တွေကို အခြားသူကို အသိမပေးသင့်ပါဘူး။ မိုဘိုင်းလ်ဝေါလက်ကုမ္ပဏီကိုတောင် မပြောသင့်ပါ။ 
  • အကောင့်မရှိတဲ့သူများအနေနဲ့ ကိုယ်စားလှယ်ဆီက ငွေထုတ်မယ်ဆိုရင် စကားဝှက် (၆) လုံး ကအဓိကဖြစ်ပါတယ်။ အဲ့ဒီ စကားဝှက်ကို ငွေလက်ခံမယ့်သူမဟုတ်ဘဲ အခြားသူက သိသွားရင် ကိုယ်စားလှယ်ဆီမှာ စကားဝှက်ကိုပြောပြီး ငွေတွေထုတ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ငွေထုတ်မပြီးမချင်း စကားဝှက် (၆) လုံး ကို အခြားသူ မသိစေသင့်ပါဘူး။

ဘယ်သူတွေ ဘယ်လိုပဲ လိမ်လည်ပါစေ မိမိမှာသာ ဒစ်ဂျစ်တယ်ငွေကြေးအသိပညာများ ပြည့်ဝနေပြီး ကိုယ့်အကောင့်ကို လုံခြုံစွာ ထားမယ်ဆိုရင် မသမာသူတွေလက်က ကင်းဝေးနိုင်ပြီ မဟုတ်လား။

ဒါ့ကြောင့် အထက်မှာပြောပြခဲ့တဲ့ နည်းလမ်းတွေကို မိတ်ဆွေတို့ကိုယ်တိုင် ကျင့်သုံးပြီး ကိုယ့်ရဲ့ အပေါင်းအသင်း ဆွေမျိုးမိတ်ဆွေ မိသားစုဝင်တွေကိုလည်း ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့နော်။

ဒီလို ဒစ်ဂျစ်တယ်ငွေကြေးအသိပညာတွေကို စဥ်ဆက်မပြတ်လေ့လာချင်တယ်ဆိုရင်တော့  bit.ly/3KWHsx4 အာရ်အီးတွမ်တီဝမ်း (Re21) ဖေ့စ်ဘုတ်ပေ့ချ်ကို လိုက်ခ် (Like) နဲ့ ဖောလိုး (Follow)လုပ်ထားပြီး လေ့လာလို့နိုင်ပါတယ်။ 

#DFL #MobileWallet #မိုဘိုင်းလ်ဝေါလက် #KBZPay #WavePay #ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်