လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]

04/05/2023 19:00 PM တွင် ThitsaWorks Solutions Myanmar Co., Ltd. ThitsaWorks Solutions Myanmar Co., Ltd. မှ ရေးသား ပြီး ThitsaWorks ThitsaWorks မှ ပေးပို့ထားပါသည်။

ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ အရှေ့က အပိုင်း [၁],  အပိုင်း [၂]  နဲ့ အပိုင်း [၃] တို့ကို  ဖတ်ပြီးကြပါပြီလား။ 

ဒီအကြောင်းအရာတွေကို မဖတ်လိုက်ရသေးဘူး ဒါမှမဟုတ် မေ့သွားခဲ့တယ်ဆိုရင်လည်း ပေးထားတဲ့ လင့်ခ်တွေကတစ်ဆင့် လေ့လာလို့ရတယ်နော်။

အပိုင်း [၁]  https://bit.ly/42sw2Zj

 

အပိုင်း [၂]  https://bit.ly/42nVAqd

 

အပိုင်း [၃]  https://bit.ly/3LScg2L

 

ဒီတစ်ခေါက်တော့ ကိုယ့်ရဲ့ ငွေကြေးပိုင်ဆိုင်မှုဖြစ်တဲ့ မိုဘိုင်းလ်ဝေါလက်ကို လုံခြုံအောင် ဘယ်လိုအချက်အလက်တွေကို သိထားသင့်တယ်၊ ဆောင်ရွက်သင့်တယ်ဆိုတာတွေ ပြောပြမယ်နော်။ ကဲ . . . လေ့လာလိုက်ကြရအောင်။

မိုဘိုင်းလ်ဝေါလက်လုံခြုံရေး

ကိုယ့်ရဲ့ ခြံဝင်းလေးကို လုံခြုံအောင် သော့ခတ်ရသလို မိုဘိုင်းလ်ဝေါလက်သုံးတဲ့အခါလည်း ကိုယ့်အကောင့်ထဲက ဒစ်ဂျစ်တယ်ပိုက်ဆံတွေကို စကားဝှက်တွေနဲ့ လုံခြုံအောင် ထားထားရပါတယ်။ မိုဘိုင်းလ်ဝေါလက်လုံခြုံရေးအတွက် မဖြစ်မနေသိထားသင့်တဲ့ အခြေခံအကြောင်းအရာနှစ်ခုကတော့ အိုတီပီ (OTP) နဲ့ ပန်န် (PIN) တို့ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ မိုဘိုင်းလ်ဝေါလက်အကောင့်ကို အိုတီပီနဲ့ ပန်န်ဆိုတဲ့ ဒစ်ဂျစ်တယ်သော့နှစ်ချောင်းနဲ့ ခတ်ထားတယ်လို့ပြောနိုင်ပါတယ်။ ပန်န်ကတော့ ကိုယ်တစ်ဦးတည်းနဲ့ သက်ဆိုင်တာဖြစ်ပြီး အိုတီပီကတော့ မိုဘိုင်းလ်ဝေါလက်ဝန်ဆောင်မှု ကုမ္ပဏီနဲ့ ဖက်စပ်ပိုင်ဆိုင်တဲ့သဘောပါပဲ။

အိုတီပီ (OTP) ဆိုတာဘာလဲ

“အိုတီပီ (OTP - One time password)” ဆိုတာ တစ်ခါသုံး စကားဝှက်ပဲ ဖြစ်ပါတယ်။ မိုဘိုင်းလ်ဝေါလက်အကောင့်ထဲ စတင် ဝင်ရောက်ချိန်၊ ငွေကြေးကိစ္စတွေဆောင်ရွက်ချိန်တို့မှာ သက်ဆိုင်ရာ မိုဘိုင်းလ်ဝေါလက်ကုမ္ပဏီက ကိုယ့်ဖုန်းထဲကို ပေးပို့တဲ့ အတည်ပြုကုဒ်ဖြစ်ပြီး သတ်မှတ်ထားတဲ့ အချိန်တိုအတွင်းမှာသာ သုံးလို့ရပါတယ်။ သတ်မှတ်ချိန်ကုန်ရင်တော့ “အိုတီပီ (OTP)” အသစ်ကိုထပ်တောင်းဖို့လိုပါတယ်။ ကိုယ့်ရဲ့ “အိုတီပီ (OTP)” ကို မသမာသူတွေ သိသွားရင် ကိုယ့်ရဲ့ မိုဘိုင်းလ်ဝေါလက်ထဲက ငွေတွေကို လိမ်လည်ထုတ်ယူသွားတာမျိုး ဖြစ်နိုင်တဲ့အတွက် ဘယ်သူ့ကိုမှ ပြောမပြသင့်ပါဘူး။ 

အိုတီပီ (OTP) မ‌ရောက်ရင်ဘယ်လိုလုပ်ရမလဲ။

????

ဒီမေးခွန်းရဲ့ အဖြေကို သိချင်တယ်ဆိုရင်တော့ ဒီလင့်ခ်ကနေတစ်ဆင့်   https://onelink.to/d62vxy အာရ်အီးတွမ်တီဝမ်း (Re21) အပလီကေးရှင်းကို‌ ဒေါင်းလုတ်လုပ်ပြီး “လေ့လာ” ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ခုပဲ ဆက်လက်လေ့လာလိုက်ပါ။ 

ပန်န် (PIN) ဆိုတာဘာလဲ

“ပန်န် (PIN - Personal Identification Number)” ဆိုတာ ဂဏန်းလေးလုံးမှ ခြောက်လုံးအထိရှိတဲ့ စကားဝှက် ဖြစ်ပါတယ်။ “ပန်န် (PIN)” ကိုရွေးတဲ့အခါ ကိုယ့်အတွက် မှတ်ရလွယ်ပြီးတော့ တခြားလူတွေခန့်မှန်းလို့ မရနိုင်လောက်တဲ့ နံပါတ်ကိုရွေးချယ်သင့်ပါတယ်။ “ပန်န် (PIN)”  နံပါတ်ဟာလည်း အရေးကြီးတဲ့ စကားဝှက်ဖြစ်တဲ့အတွက် တခြားသူတွေကို ပြောမပြသင့်ဘူးနော်။

အခုဆိုရင် မိုဘိုင်းလ်ဝေါလက် လုံခြုံရေးနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေ လေ့လာပြီးသွားပါပြီ။ ကိုယ့်အကောင့်လေး လုံခြုံနေစေဖို့ “အိုတီပီ (OTP)” နဲ့ “ပန်န် (PIN)” ကို လုံခြုံစွာ ထိန်းသိမ်းဖို့ ထပ်ဆောင်းအသိပေးလိုက်ပါရစေ။

ကျူအာကုတ် (QR Code) ဆိုတာဘာလဲ

တချို့စျေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ အဖြူနဲ့ အမည်းရောထားတဲ့ လေးထောင့်အကွက်လေး ကပ်ထားတာတွေ့ဖူးကြလား ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ . . . 

အဲ့ဒီအကွက်လေးကို “ကျူအာကုတ်(QR Code)” လို့ခေါ်ပါတယ်။ ကျူအာကုတ် အမှတ်အသား ပြထားတဲ့ ဆိုင်တွေမှာ ငွေသားကိုင်စရာမလိုဘဲ ကိုယ့်ရဲ့ မိုဘိုင်းလ်ဝေါလက်ကနေ “စကန်န်” ဆိုတဲ့ ခလုတ်လေးကို နှိပ်၊ ဆိုင်က ကျူအာကုတ်ကို “စကင်(န်) (Scan)” လုပ်လိုက်ပြီး ငွေရှင်းလို့ရနိုင်ပါတယ်။ 

ကိုယ် ငွေလွှဲချင်တဲ့၊ ငွေပေးချင်တဲ့ မိုဘိုင်းလ်ဝေါလက် အကောင့်ရဲ့ အချက်အလက်တွေကို ရိုက်ထည့်နေစရာမလိုတော့ လွယ်ကူ မြန်ဆန်သလို အမှားအယွင်းနည်းနိုင်ပါတယ်။ ဒါ . . . ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုရဲ့ အားသာချက်တစ်ခုပဲပေါ့။

ဒီလို ဒစ်ဂျစ်တယ်ငွေကြေးအသိပညာတွေကို စဥ်ဆက်မပြတ်လေ့လာချင်တယ်ဆိုရင်တော့ bit.ly/3KWHsx4 အာရ်အီးတွမ်တီဝမ်း (Re21) ဖေ့စ်ဘုတ်ပေ့ချ်ကို လိုက်ခ် (Like) နဲ့ ဖောလိုး (Follow)လုပ်ထားပြီး လေ့လာလို့နိုင်ပါတယ်။ 

#DFL #MobileWallet #မိုဘိုင်းလ်ဝေါလက် #KBZPay #WavePay #ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်