လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]

04/05/2023 19:00 PM တွင် ThitsaWorks Solutions Myanmar Co., Ltd. ThitsaWorks Solutions Myanmar Co., Ltd. မှ ရေးသား ပြီး ThitsaWorks ThitsaWorks မှ ပေးပို့ထားပါသည်။

ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ အရှေ့က အပိုင်း [၁],  အပိုင်း [၂]  နဲ့ အပိုင်း [၃] တို့ကို  ဖတ်ပြီးကြပါပြီလား။ 

ဒီအကြောင်းအရာတွေကို မဖတ်လိုက်ရသေးဘူး ဒါမှမဟုတ် မေ့သွားခဲ့တယ်ဆိုရင်လည်း ပေးထားတဲ့ လင့်ခ်တွေကတစ်ဆင့် လေ့လာလို့ရတယ်နော်။

အပိုင်း [၁]  https://bit.ly/42sw2Zj

 

အပိုင်း [၂]  https://bit.ly/42nVAqd

 

အပိုင်း [၃]  https://bit.ly/3LScg2L

 

ဒီတစ်ခေါက်တော့ ကိုယ့်ရဲ့ ငွေကြေးပိုင်ဆိုင်မှုဖြစ်တဲ့ မိုဘိုင်းလ်ဝေါလက်ကို လုံခြုံအောင် ဘယ်လိုအချက်အလက်တွေကို သိထားသင့်တယ်၊ ဆောင်ရွက်သင့်တယ်ဆိုတာတွေ ပြောပြမယ်နော်။ ကဲ . . . လေ့လာလိုက်ကြရအောင်။

မိုဘိုင်းလ်ဝေါလက်လုံခြုံရေး

ကိုယ့်ရဲ့ ခြံဝင်းလေးကို လုံခြုံအောင် သော့ခတ်ရသလို မိုဘိုင်းလ်ဝေါလက်သုံးတဲ့အခါလည်း ကိုယ့်အကောင့်ထဲက ဒစ်ဂျစ်တယ်ပိုက်ဆံတွေကို စကားဝှက်တွေနဲ့ လုံခြုံအောင် ထားထားရပါတယ်။ မိုဘိုင်းလ်ဝေါလက်လုံခြုံရေးအတွက် မဖြစ်မနေသိထားသင့်တဲ့ အခြေခံအကြောင်းအရာနှစ်ခုကတော့ အိုတီပီ (OTP) နဲ့ ပန်န် (PIN) တို့ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ မိုဘိုင်းလ်ဝေါလက်အကောင့်ကို အိုတီပီနဲ့ ပန်န်ဆိုတဲ့ ဒစ်ဂျစ်တယ်သော့နှစ်ချောင်းနဲ့ ခတ်ထားတယ်လို့ပြောနိုင်ပါတယ်။ ပန်န်ကတော့ ကိုယ်တစ်ဦးတည်းနဲ့ သက်ဆိုင်တာဖြစ်ပြီး အိုတီပီကတော့ မိုဘိုင်းလ်ဝေါလက်ဝန်ဆောင်မှု ကုမ္ပဏီနဲ့ ဖက်စပ်ပိုင်ဆိုင်တဲ့သဘောပါပဲ။

အိုတီပီ (OTP) ဆိုတာဘာလဲ

“အိုတီပီ (OTP - One time password)” ဆိုတာ တစ်ခါသုံး စကားဝှက်ပဲ ဖြစ်ပါတယ်။ မိုဘိုင်းလ်ဝေါလက်အကောင့်ထဲ စတင် ဝင်ရောက်ချိန်၊ ငွေကြေးကိစ္စတွေဆောင်ရွက်ချိန်တို့မှာ သက်ဆိုင်ရာ မိုဘိုင်းလ်ဝေါလက်ကုမ္ပဏီက ကိုယ့်ဖုန်းထဲကို ပေးပို့တဲ့ အတည်ပြုကုဒ်ဖြစ်ပြီး သတ်မှတ်ထားတဲ့ အချိန်တိုအတွင်းမှာသာ သုံးလို့ရပါတယ်။ သတ်မှတ်ချိန်ကုန်ရင်တော့ “အိုတီပီ (OTP)” အသစ်ကိုထပ်တောင်းဖို့လိုပါတယ်။ ကိုယ့်ရဲ့ “အိုတီပီ (OTP)” ကို မသမာသူတွေ သိသွားရင် ကိုယ့်ရဲ့ မိုဘိုင်းလ်ဝေါလက်ထဲက ငွေတွေကို လိမ်လည်ထုတ်ယူသွားတာမျိုး ဖြစ်နိုင်တဲ့အတွက် ဘယ်သူ့ကိုမှ ပြောမပြသင့်ပါဘူး။ 

အိုတီပီ (OTP) မ‌ရောက်ရင်ဘယ်လိုလုပ်ရမလဲ။

????

ဒီမေးခွန်းရဲ့ အဖြေကို သိချင်တယ်ဆိုရင်တော့ ဒီလင့်ခ်ကနေတစ်ဆင့်   https://onelink.to/d62vxy အာရ်အီးတွမ်တီဝမ်း (Re21) အပလီကေးရှင်းကို‌ ဒေါင်းလုတ်လုပ်ပြီး “လေ့လာ” ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ခုပဲ ဆက်လက်လေ့လာလိုက်ပါ။ 

ပန်န် (PIN) ဆိုတာဘာလဲ

“ပန်န် (PIN - Personal Identification Number)” ဆိုတာ ဂဏန်းလေးလုံးမှ ခြောက်လုံးအထိရှိတဲ့ စကားဝှက် ဖြစ်ပါတယ်။ “ပန်န် (PIN)” ကိုရွေးတဲ့အခါ ကိုယ့်အတွက် မှတ်ရလွယ်ပြီးတော့ တခြားလူတွေခန့်မှန်းလို့ မရနိုင်လောက်တဲ့ နံပါတ်ကိုရွေးချယ်သင့်ပါတယ်။ “ပန်န် (PIN)”  နံပါတ်ဟာလည်း အရေးကြီးတဲ့ စကားဝှက်ဖြစ်တဲ့အတွက် တခြားသူတွေကို ပြောမပြသင့်ဘူးနော်။

အခုဆိုရင် မိုဘိုင်းလ်ဝေါလက် လုံခြုံရေးနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေ လေ့လာပြီးသွားပါပြီ။ ကိုယ့်အကောင့်လေး လုံခြုံနေစေဖို့ “အိုတီပီ (OTP)” နဲ့ “ပန်န် (PIN)” ကို လုံခြုံစွာ ထိန်းသိမ်းဖို့ ထပ်ဆောင်းအသိပေးလိုက်ပါရစေ။

ကျူအာကုတ် (QR Code) ဆိုတာဘာလဲ

တချို့စျေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ အဖြူနဲ့ အမည်းရောထားတဲ့ လေးထောင့်အကွက်လေး ကပ်ထားတာတွေ့ဖူးကြလား ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ . . . 

အဲ့ဒီအကွက်လေးကို “ကျူအာကုတ်(QR Code)” လို့ခေါ်ပါတယ်။ ကျူအာကုတ် အမှတ်အသား ပြထားတဲ့ ဆိုင်တွေမှာ ငွေသားကိုင်စရာမလိုဘဲ ကိုယ့်ရဲ့ မိုဘိုင်းလ်ဝေါလက်ကနေ “စကန်န်” ဆိုတဲ့ ခလုတ်လေးကို နှိပ်၊ ဆိုင်က ကျူအာကုတ်ကို “စကင်(န်) (Scan)” လုပ်လိုက်ပြီး ငွေရှင်းလို့ရနိုင်ပါတယ်။ 

ကိုယ် ငွေလွှဲချင်တဲ့၊ ငွေပေးချင်တဲ့ မိုဘိုင်းလ်ဝေါလက် အကောင့်ရဲ့ အချက်အလက်တွေကို ရိုက်ထည့်နေစရာမလိုတော့ လွယ်ကူ မြန်ဆန်သလို အမှားအယွင်းနည်းနိုင်ပါတယ်။ ဒါ . . . ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုရဲ့ အားသာချက်တစ်ခုပဲပေါ့။

ဒီလို ဒစ်ဂျစ်တယ်ငွေကြေးအသိပညာတွေကို စဥ်ဆက်မပြတ်လေ့လာချင်တယ်ဆိုရင်တော့ bit.ly/3KWHsx4 အာရ်အီးတွမ်တီဝမ်း (Re21) ဖေ့စ်ဘုတ်ပေ့ချ်ကို လိုက်ခ် (Like) နဲ့ ဖောလိုး (Follow)လုပ်ထားပြီး လေ့လာလို့နိုင်ပါတယ်။ 

#DFL #MobileWallet #မိုဘိုင်းလ်ဝေါလက် #KBZPay #WavePay #ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်