ပဲပုပ်ကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရေး ဆွေးနွေး

12/07/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ပဲပုပ်ကို တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေးအတွက် ပဲပုပ်စီမံကိန်းဆွေးနွေးပွဲမှာ အကြံပြုတင်ပြခဲ့ကြောင်းစိုက်ပျိုး ရေးဦးစီးဌာနမှသိရပါတယ်။ 

ပဲပုပ်ကို စိုက်ပျိုးထုတ်လုပ်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနဲ့ ဆက်လက်ပြီး တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင် ရန်လိုအပ်ကြောင်းကို ဆွေးနွေးခဲ့ပါတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ကပြောပါတယ်။

“ပဲပုပ်က တန်ဖိုးမြှင့်သီးနှံလုပ်ဖို့အတွက် အကောင်းဆုံးသီးနှံပါ။ တိရစ္တာန်အစာ၊ ဆီထွက်လုပ်တဲ့ လုပ်ငန်းတွေ ပဲပုပ်ကို နိုင်ငံခြားကနေ ဝယ်ယူတင်သွင်းနေမယ့်အစား စက်ရုံ၊ အလုပ်ရုံတွေ၊ ပေါ်ပေါက်လာမယ်ဆိုရင် ပြည်တွင်းမှာပဲစား၊ ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်မယ်ဆိုရင် တန်ဖိုးမြှင့် ထုတ်ကုန်တွေအတွက် ပိုကောင်းလာမှာပါ”

ပဲပုပ် စိုက်ပျိုးထုတ်လုပ်သူတောင်သူများနဲ့ လုပ်ငန်းရှင်များအတွက် နည်းပညာများ ပံ့ပိုးပေးနေကြောင်းလည်း အဆိုပါဌာနမှသိရပါတယ်။ 

မြန်မာ့ပဲပုပ်ကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပဲနို့ရည်၊ ပဲပြား၊ ဖယောင်းတိုင်နဲ့ ဆပ်ပြာများ ထုတ် လုပ်နေမှုများ ရှိနေတာဖြစ်ကြောင်းလည်း စိုက်ပျိုးရေးဦးစီးဌာနမှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်