သီးနှံပင်များကို ရောဂါဖြစ်စေတဲ့ အခြေခံအချက် ၃ ချက်
ဥယျာဉ်စိုက်ခင်းတွေနဲ့ သီးနှံပင်တွေဆိုတာ အချိန်ရာသီမရွေး အဖျက်ပိုးနဲ့ ရောဂါတွေ ကျရောက်နိုင်တာ ဖြစ်ပါတယ်။ သီးနှံစိုက်ခင်းတွေမှာ ရောဂါကျရောက်ဖို့အတွက် အခြေခံအားဖြင့်အချက် ၃ ချက်ရှိဖို့ လိုအပ်ပါတယ်။ အပင်ရောဂါဗေဒပညာရှင်တွေ ရည်ညွှန်းခေါ်ဆိုလေ့ရှိတဲ့ disease triangle ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ရောဂါဖြစ်ပေါ်လာဖို့အတွက်
- လက်ခံပင် (host plant)
- ရောဂါဖြစ်စေသော သက်ရှိ (pathogen) နဲ့
- ပတ်ဝန်းကျင်အခြေအနေ (environmental condition) စတာတွေ ဖြစ်ပါတယ်။

အထက်ပါ အချက် ၃ ချက်ရှိမှသာလျှင် သီးနှံပင်တွေမှာ ရောဂါ ဖြစ်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် ယခုဆောင်းပါမှာ အဆိုပါ အချက် ၃ ချက်ကို လေ့လာရမှာဖြစ်ပါတယ်။
၁။ လက်ခံပင် (host plant)
“လက်ခံပင်” ဆိုတာဟာ ရောဂါဖြစ်စေတဲ့သက်ရှိ ကူးစက်ဝင်ရောက်ပြီး ရှင်သန်နေထိုင်တဲ့ အပင်ကိုဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာ မည်သည့် အပင် (သက်ရှိ) မဆို အခြား အပင် (သက်ရှိ) တစ်ခုရဲ့ လက်ခံပင် ဖြစ်နိုင်ပါတယ်။ ဥပမာ - သင်မွေးထားတဲ့ ခွေးမှာ သန်ကောင်ရှိနေတယ်ဆိုပါက အဲ့ဒီခွေးဟာ သန်ကောင်ရဲ့ လက်ခံသက်ရှိ (အိမ်ရှင်) ဖြစ်ပါတယ်။ အကယ်လို့ သင်စိုက်ပျိုးထားတဲ့ အလှစိုက်ပန်းပင်မှာ ဖားဥမှိုရောဂါ (powdery mildew) ကျရောက်နေတယ်ဆိုရင် သင့်ရဲ့ပန်းပင်ဟာ ရောဂါရဲ့ လက်ခံပင်ဖြစ်ပါတယ်။
အပင်ရောဂါများစွာဟာ ၎င်းတို့ကူးစက်ဝင်ရောက်ရာမှာ အကန့်အသတ်ရှိပြီး အများအားဖြင့်တော့ အပင်မျိုးစိတ်တစ်ခုအတွင်းမှာပဲ ရောဂါကျရောက်တာ ဖြစ်ပါတယ်။ အကယ်လို့ အပင်ရောဂါတစ်မျိုး ဖြစ်ပွားဖို့အတွက် သက်ဆိုင်ရာလက်ခံပင် အပင်မျိုးစိတ်မရှိဘူးဆိုပါက အဲ့ဒီနှစ် စိုက်ပျိုးရာသီရဲ့ သီးနှံစိုက်ခင်းတွေထဲမှာ ရောဂါဖြစ်ပွားတာမျိုးကို တွေ့ရမှာမဟုတ်ပါဘူး။
ဥပမာအားဖြင့် နှစ်ရှည်လများစိုက်ပျိုးပြုစုလာခဲ့တဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းမှာဆိုရင် လွန်ခဲ့တဲ့နှစ်တွေက ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီစိမ်းမှာ တင်းပုတ်မြစ်ရောဂါ (clubroot) ကျရောက်ခဲ့ပြီး ယခုနှစ်မှာ အဲ့ဒီအပင်တွေကို မစိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့ပါက တင်းပုတ်မြစ်ရောဂါ (clubroot) ကျရောက်တာကို တွေ့ရှိရတော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိုက်ခင်းထဲမှာ တင်းပုတ်မြစ်ရောဂါ (clubroot) ကျရောက်ဖို့အတွက် brassica မျိုးရင်းဝင်အပင်မျိုးစိတ် တနည်းအားဖြင့် လက်ခံပင် မရှိတာကြောင့် ဖြစ်ပါတယ်။
ခံနိုင်ရည်ရှိတဲ့ အပင်မျိုးတွေဟာလည်း disease triangle ကနေ လက်ခံအပင်ကို ဖယ်ရှားနိုင်ပါတယ်။ သီးနှံတွေကို စိုက်ပျိုးပြုစုရာမှာ ရောဂါခံဒဏ် ခံနိုင်ရည်ရှိတဲ့ အပင်မျိုးတွေနဲ့ အစားထိုးစိုက်ပျိုးခြင်းဟာ တောင်သူအများစု သိရှိထားပြီးသား (သို့မဟုတ်) ထပ်တလဲလဲ ဖြစ်ပွားနေတဲ့ အပင်ရောဂါပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
၂။ ရောဂါဖြစ်စေသော သက်ရှိ (pathogen)
ရောဂါဖြစ်စေတဲ့ သက်ရှိဆိုတာ လက်ခံပင်ကို ကူးစက်နိုင်တဲ့ ရောဂါပိုးကို ဆိုလိုတာဖြစ်ပါတယ်။ အပင်မှာကျရောက်တဲ့ ရောဂါဖြစ်စေသောသက်ရှိ (pathogen) တွေဟာ ဘက်တီးရီးယားနဲ့ မှိုကဲ့သို့ အလွန်သေးငယ်တဲ့ အနုဇီဝသက်ရှိတွေဖြစ်ကြပြီး တစ်ခါတစ်ရံ ၎င်းတို့ကနေ စပိုးတွေထုတ်လွှတ်တဲ့အခါမျိုးမှာသာ မြင်တွေ့နိုင်တာဖြစ်ပါတယ်။ သို့ပေမဲ့ ၎င်းတို့ဖြစ်ပေါ်တဲ့ ရောဂါလဏ္ခာတွေကို ကြည့်ပြီးတော့လည်း အမျိုးအစား ခွဲခြားသတ်မှတ်နိုင်တာ ဖြစ်ပါတယ်။
ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိ (ရောဂါပိုး) တွေဟာ ၎င်းတို့အနေနဲ့ ဘယ်လက်ခံပင်မှာ ကျရောက်မယ်ဆိုတာမျိုး အတိအကျရှိနေတာကြောင့် မယုံနိုင်လောက်အောင် တစိတ်တပိုင်းအားဖြင့်တော့ ကွဲပြားနေကြတာဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ သက်ရှိအများစုဟာ ၎င်းတို့ သတ်မှတ်ထားတဲ့ သက်ဆိုင်ရာမျိုးရင်းအုပ်စုထဲက အပင်တွေမှာသာလျှင် ရောဂါကျရောက်နိုင်တာဖြစ်ပါတယ်။
၃။ ပတ်ဝန်းကျင်အခြေအနေ (environmental condition)
ပတ်ဝန်းကျင် အခြေအနေဆိုရာမှာ ရောဂါဖြစ်စေသောသက်ရှိနဲ့ လက်ခံပင်တို့ ထိတွေ့နေရတဲ့ ရာသီဥတု၊ မြေဆီလွှာနဲ့ အခြားသော ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ ရောဂါတစ်ခုချင်းစီတိုင်းမှာ ၎င်းတို့နှစ်သက်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေ ရှိနေတာဖြစ်ပါတယ်။ အချို့သောရောဂါတွေဟာ မြေဆီလွှာ ချဥ်ငန်ကိန်း (pH) မြင့်မားတာကို ကြိုက်နှစ်သက်ကြပြီး အချို့ကတော့ အပူချိန်မြင့်မားတာ (သို့မဟုတ်) နိမ့်တာမျိုးကို ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။
ရောဂါအားလုံးနီးပါးအတွက် လိုအပ်တဲ့ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတစ်ခုကတော့ အစိုဓာတ် (moisture) ပဲ ဖြစ်ပါတယ်။ နေအိမ်ခြံဝင်းနဲ့ ဥယျာဉ်စိုက်ခင်းတွေမှာ မိုးရွာခြင်း၊ နှင်းကျခြင်း သို့မဟုတ် ရေလောင်းခြင်းတို့ကြောင့် အရွက်တွေ စိုစွတ်ခြင်းနေခြင်းဟာ အပင်မှာကျရောက်မဲ့ ရောဂါပိုးမွှားတွေရဲ့ ဘဝစက်ဝန်း (lifecycle) အတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ အကယ်လို့ ပတ်ဝန်းကျင်ရာသီဥတု အခြေအနေဟာ မိုးခေါင်ရေရှားပြီး အပူချိန်မြင့်မားနေမယ်ဆိုရင် အစိုဓာတ်ကိုလျော့နည်းသွားစေမှာဖြစ်ပြီး အစိုဓာတ်ကြိုက်နှစ်သက်တဲ့ ရောဂါတွေရဲ့ဖြစ်ပွားမှုကိုလည်း လျော့ကျသွားစေမှာ ဖြစ်ပါတယ်။
ထို့ကြောင့် အပင်တွေမှာ ရောဂါဖြစ်ပွားဖို့ဆိုရင် အထက်မှာဖော်ပြတဲ့ အချက် ၃ ချက် ရှိနေဖို့ မဖြစ်မနေလိုအပ်တယ်ဆိုတာကို သိရှိထားသင့်ပါတယ်။
ရောဂါကျရောက်မှု ပြင်းထန်တယ်ဆိုတာကလည်း အဆိုပါ အချက် ၁ တစ်ခုချင်းစီရဲ့ အခွင့်သာတဲ့ပေါ်မှာမူတည်ပြီး ဖြစ်ပွားလေ့ရှိတာ ဖြစ်ပါတယ်။ အကယ်လို့ အဲ့ဒီအချက် ၃ ချက်ထဲက တစ်ခု မရှိခဲ့ဘူးဆိုပါက ရောဂါဖြစ်ပွားနိုင်မှာမဟုတ်ပါဘူး။
သီးနှံတွေ စိုက်ပျိုးထုတ်လုပ်ရာမှာ သီးလှည့်စိုက်ပျိုးတာမျိုး၊ ခံနိုင်ရည်ရှိတဲ့ မျိုးကွဲတွေ အစားထိုးအသုံးပြုတာမျိုး၊ စိုက်ခင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်တာမျိုး နဲ့ ရောဂါရှိတဲ့ အပင်တွေကို ဖယ်ရှားဖျက်ဆီးပစ်တာမျိုးတွေဟာ disease triangle မှ ရောဂါဖြစ်စေတဲ့ သက်ရှိနဲ့ လက်ခံပင်တို့ကို ဖယ်ရှားပြီး ရောဂါရဲ့ ဘဝစက်ဝန်းကို ဖြတ်တောက်ပစ်တာမျိုး လုပ်ဆောင်ရာရောက်ပါတယ်။ ဒါ့ကြောင့် သီးနှံစိုက်ပျိုးရာမှာ ကျင့်သုံးကြလေ့ရှိတဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေဟာ disease triangle ကို ချေဖျက်နိုင်ပြီး ရောဂါတွေဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပေါ်ဆန်းစပါးပါဗျအသက်ကတော့2လခွဲ။ရှိပါပြီးဗျမြေဩဇာကတော့2လသားမှာ15ပတ်လဲတစ်အိပ်နဲ့N15 or K30တစ်အိပ်တော့ရောပက်ထားပါတယ်အကျယ်ကတော့4ဧကလောက်ရှိပါတယ် ဘာဖြစ်တာလဲဗျ
Sanay • ဖြေကြားချက် 1 ခု
ဘာဆေးဖျန်းသင့်ပါသလဲ။အပင်တေလဲညိုးသေနေပါတယ်။
ko thant • ဖြေကြားချက် 1 ခု
အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
ကိုရဲကို • ဖြေကြားချက် 1 ခု
စပါး အဖုံးလုံးနေပီ ဘာရောဂါကျနေလည်း မသိ
နံပတ်2 • ဖြေကြားချက် 1 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
Ye Soe • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026