နာနတ်သီးတွင် ကျရောက်လေ့ရှိသော ရောဂါများ

12/01/2018 10:23 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

Black Rot or Soft Rot (အသီးပျော့ပုတ်၊ မဲပုတ်)

ရိတ်သိမ်းပြီးနောက်ပိုင်းကာလမှ စတင်ကာ မစားသုံးမှီအချိန်အတွင်းကျရောက်တတ်သော ရောဂါမျိုးဖြစ်ပါသည်။ မှိုကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး အသီးတွင်းအောက်ခြေမှစကာ ပျော့ရိမဲကာ ပုတ်လာသော လက္ခဏာပြပါသည်။ ရောဂါဖြစ်စေသော မှိုများသည် ခူးဆွတ်ချိန်တွင် ရလာသော ဒဏ်ရာမှ တစ်ဆင့်ဝင်ခြင်းဖြစ်ပြီး လက္ခဏာသည် အူတိုင်အဆုံးဖက် အသီးအောက်ခြေမှစ၍ပြပါသည်။ ရေစိုနာကွက်မှ စတင်ကာ အသီးပျော့၍ပုတ်လာပြီး အသီးတစ်ခုလုံးလိုက်ကာ ပုတ်သော အနံ့ထွက်လာပါသည်။

Control:ရောဂါမဖြစ်စေရန်အတွက် အသီးခူးဆွတ်ချိန်မှ သယ်ယူပို့ဆောင်သော ကာလ တစ်လျောက်တွင် အသီးကို ထိခိုက်မှုနည်းစေရန် သတိထားရမည်ဖြစ်ပါသည်။
ဓာတုဆေးအားဖြင့် Thiabendazole (၁၀၀ ppm) သို့မဟုတ်Benomyl ( ၃၀၀၀ ppm) တွင်လည်းကောင်း ၅ မိနစ်ခန့် အသီးကို စိမ်ပြီးနောက်ပိုင်းတွင် ပျော့ပုတ်ရောဂါကို ကာကွယ်နိုင်ပါသည်။ 

Heart-rot (Phytophthora parpsitica) (အူတိုင်ပျော့ပုတ်ရောဂါ)

Phytophthora မှိုကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး အလယ်အူတိုင်ပုတ်သော လက္ခဏာကိုတွေ့ရပါသည်။ ထိပ်ဆုံးအရွက်သည် အညိုရောင်ပြောင်းလာပြီးနောက် အရွက်အောက်ခြေများသည် ပုတ်သော လက္ခဏာများ ပြပြီးနောက် အနံ့ထွက်လာတတ်ပါသည်။ မြေသားဖွဲ့စည်းမှုမကောင်းခြင်းနှင့် ရေသွင်းရေထုတ်မှု မကောင်း ခြင်းကြောင့် ရောဂါပျံ့နှံ့မှုပိုမိုဆိုးနိုင်ပါသည်။ 

Control: ရောဂါပျံ့ပွားမူ အနည်းဆုံးဖြစ်စေရန်အတွက် ရေသွင်းရေထုတ်တွင် ဂရုစိုက်ခြင်းဖြင့်သော် လည်းကောင်း သန့်ရှင်းသော (အသီးများစွန်းထင်းမှုကင်းသော) သီးနှံသုံး ကိရိယာများကို သုံးခြင်းဖြင့် လည်းကောင်း ကာကွယ်နိုင်ပါသည်။ ဓာတုဆေးအားဖြင့် Chlorthalonil 20g Zineb 20g ကို ရေသန့်ဘူး ၁၀ ဘူးနှင့်ရောကာ ဖြန်းပေးနိုင်ပါသည်။ ဆေးဒြပ်ပေါင်းများကို ဆေးဆိုင်တွင် ပြသကာ ရှာဖွေနိုင်ပါသည်။

Leaf and Fruit-rot (Cyratostomella paradoxa) Cyratostomella paradoxa ကြောင့့်ဖြစ်သော အရွက်နှင့် အသီးပျော့ပုတ်ရောဂါ
လုံလောက်သော လေမရနိုင်သော အခြေအနေတွင် အစိုဓာတ်များလွန်းသောသီးနှံများကို ထားမိသောကြောင့် အသီးအောက်ခြေများပုတ်လိုက်လာကာ မှိုများဝင်လာကာ ပျော့ပုတ်များဖြစ်တတ်ပါသည်။ ပေါင်းလိုက်ခြင်းကဲ့သို့သော စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများကြောင့် ရနိုင်သော ထိခိုက်ဒဏ်ရာများမှ ကွင်းဆက်အကွက်လေးများဖြစ်ကာ ရောဂါဝင်ရောက်နိုင်ပါသည်။ ဆိုးရွားသော အခြေအနေသို့ရောက်လာပါက အပင်တစ်ပင်လုံးသည် အမဲရောင်သို့ပြောင်းကာ ၂ ရက်မှ ၃ ရက်အတွင်း ပုတ်ရိကျ နိုင်သည်အထိဖြစ်နိုင်ပါသည်။

Control: ရောဂါဖြစ်နေသော အပင်များကို ဖျက်ဆီးခြင်းဖြင့်သော်လည်းကောင်း၊ Sucker(အပင်ပွား)များကို ထပ်မပွားစေခြင်းအားဖြင့်သော်လည်းကောင်း ကာကွယ်နိုင်ပါသည်။ ဓာတုဆေးအားဖြင့် ကော့ပါးပါဝင်သော ဆေးများကို အပင်မှ အရွက်များ လောင်နေသော လက္ခဏာများတွေ့ရချိန်တွင် စတင်ဖြန်းပေးနိုင်ပါသည်။ နောက်တစ်နည်းအားဖြင့် 0.3% Dithane Z-78 ကို အပင်များတွင် ဖြန်းပေးခြင်း သို့မဟုတ် အပင်စိုက်ရာတွင် သုံးသော ကိရိယာများကို စိမ်ပေးခြင်းကို ပြုလုပ်ပေးခြင်းအားဖြင့် ကာကွယ်နိမ်နှင်းနိုင်ပါသည်။

Leaf Spot (Phytophthotra sp.) ရွက်ပြောက်ရောဂါ

အိန္ဒိယအရှေ့ဖက်ပိုင်းတွင် ဖြစ်လေ့ရှိသော ပူနွေးစိုစွတ်သော ရာသီမျိုးတွင် စတင်ဖြစ်ပေါ်လေ့ရှိပြီး အရွက်များတွင် ရေစိုနာကဲ့သို့သော အကွက်များကို တွေ့နိုင်ပါသည်။ အကွက်များသည် တဖြည်းဖြည်းကြီးလာပြီး အကွက်နေရာများတွင် ခြောက်သွေ့သွားပါသည်။ 

Control : ရောဂါပြန့်ပွားမှုနည်းစေရန်အတွင် ရေသွင်း ရေထုတ်ကို ဂရုစိုက်ပေးရန်လိုအပ်ပြီး ကောင်းမွန်သန့့်ရှင်းသော အပင်သုံးကိရိယာများကို သုံးခြင်းအားဖြင့် ကာကွယ်နိုင်ပါသည်။ Chlorthalonil 20g Zineb 20g ကို ရေ (၁၀) ဘူးဖြင့်ရောကာ ပက်ဖျန်းခြင်းဖြင့်သော်လည်းကောင်း နှိမ်နင်းနိုင်ပါသည်။

Thielaviopsis rot (Thielaviopsis paradoxa) 

Thielaviopsis paradoxa ကြောင့်ဖြစ်သော ပုတ်ရိရောဂါဖြစ်ပါသည်။ ပင်စည်တွင် လက္ခဏာစပြပြီး အပြင်ဖက်တွင် ရေစိုနာကြောင့်ဖြစ်သော အကွက်မဲများဖြစ်ပေါ်လာပြီးနောက် အကွက်အောက်ဖက်ရှိ အသားများ စတင်ပုတ်ရိလာပါသည်။ ဆိုးသောအခြေအနေတွင် ပင်စည်ကို တွန်းရုံမျှဖြင့် အပင်ကျိုးသော အခြေအနေအထိ ဖြစ်နိုင်ပါသည်။ 

Control: လူကြောင့်ဖြစ်သော အနာတရများ တတ်နိုင်သလောက် နည်းစေရန် သတိထားရမည် ဖြစ်ပါသည်။ မှိုသတ်ဆေးဖြစ်သော Thiabendazole(TBZ) ကို သုံးနိုင်ပါသည်။ ရိတ်သိမ်းပြီးနောက်တွင် သင့်တော်သော အစိုဓာတ်နှင့် အပူချိန်ရောက်အောင် ထားရှိပေးရပါမည်။

ထွန်းဝင်းကျော် 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်