နို့စားနွားမက နို့ညစ်နေရင်း နို့ပျက်ကျပြီး သေဆုံးသွားတယ်။ ဘာလို့လဲ……

15/11/2018 14:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Moonlight Dairy Farm မှ နွားမွေးမြူသူတောင်သူ ကိုမောင်မောင်တာ ရွှေဘိုမြို့က မေးထားတဲ့မေးခွန်းလေးပါ။ ဖေါ်ပြပါနွားမသည်ကလေး မွေးပြီး ၄ ရက် ရသောအခါ ဘာရောဂါမှဖြစ်မနေဘဲ နို့ညှစ်ရင်း နို့လုံးပြတ် ထွက်သွားပါသည်။ ကျန်နို့လုံးများမှာလည်း အသားများရိနေပါသည်။ ထိုနေ့ညနေခင်းမှာပင် လဲသေသွားပါသည်။ ၎င်းနွားမနှင့်ပတ်သက်၍ မည်သည့်ရောဂါဖြစ်နိုင်ကြောင်း ကူးစက်ရောဂါဖြစ်နိုင်ပါသလား။ မည်သို့ကာကွယ်ရမည်ကို အကြံပေးပါရန်။

ထိုမေးခွန်းကို အစိမ်းရောင်လမ်းရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MDEP) မှ အောက်ပါအတိုင်းပြန်လည် ဖြေကြားပေးထားပါတယ်။

ဖြစ်နိုင်သည့် ရောဂါ ၂ မျိုး ပြောချင်ပါသည်။ (၁) နွား၏ နို့အုံများကြားရှိ အပေါ်ယံ အရေပြားများ (သို့) နို့တိုင်အနားရှိ အရေပြားများသည် ပွတ်တိုက်မှုကြောင့် ထိခိုက်မှုကြောင့် ပွန်းပဲ့အနာများ ဖြစ်လာသည်။ အနာကို သတိမထားမိပါက ပိုးဝင်ရောက်ကာ ပြင်းထန်လာပြီး နောက်ဆုံး သွေးဆိပ်သင့်ကာ သေဆုံးနိုင်သည်။ ထိုသို့ နို့အုံနှင့် နို့အုံတစ်ဝိုက်တွင် ထိခိုက်မှုကြောင့် အနာဖြစ်ခြင်းမျိုးမရှိ လျှင် (၂) နို့အုံရောင် (Mastitis) ကြောင့်ဖြစ်နိုင်ပါသည်။ နို့အုံရောင်ရောဂါသည် ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ရောဂါဖြစ်ပါသည်။ ရောဂါပိုးသည် နို့အုံအတွင်း နို့လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ကာ ပိုမိုလျင်မြန်လာပြီး နို့အုံရောင်ခြင်းဖြစ်စေသည်။ နို့အုံရောဂါဖြစ်စေသည့် ပိုးများသည် (၁) နို့အုံရောင်ရောဂါပိုးရှိသော နွားနို့မှတစ်ဆင့် တစ်ကောင်နှင့်တစ်ကောင် ကူးဆက်ခြင်း (၂) နွားခြံရှိ အခင်း၊ မြေကြီး၊ နွားချေး အညစ်အကြေးများမှတစ်ဆင့် ကူးဆက်ခြင်း ဟူ၍ လမ်းကြောင်း ၂ မျိုး ရှိသည်။ ကူးဆက်ရောဂါပိုးများတွင် Staphylococcus aureus နှင့် Streptococcus agalactiae ပိုများသည်။ နို့ညစ်ချိန်တွင် ကူးစက်နိုင်သည်။  Streptococcus uberis နှင့် Coliform, E.coli ပိုးများသည် နို့ခမ်းချိန်နှင့် မွေးဖွားချိန်တို့တွင် ကူးဆက်နိုင်ပါသည်။

မွေးပြီး လေးရက်တွင် ဘာရောဂါမှ မဖြစ်သည့်အတွက် ထိုနွားမကို တစ်သားနှင့် တစ်သားကြား (၁) နို့နားကာလ ၂လအပြည့် ပေးပါသလား။ နို့နားကာလ ၂ လ မပေးဘဲ နို့ဆက်လက် ညှစ်ယူခံရသည့် နွားမများတွင် ရောဂါဖြစ်နိုင်ချေရှိသည်။ (၂) နို့နားကာလ ၂ လ အပြည့်ပေးသည်ဆိုလျှင် နို့နားမပေးခင် နောက်ဆုံးညှစ်ယူရာတွင်  နို့အုံအတွင်း နို့ကျန်ခြင်းရှိလျှင် ဖြစ်နိုင်ပေသည်။ ထိုနွားမသည် နို့နားချိန်ကာလတွင် ရောဂါပိုးစတင်ဝင်ရောက်ကာ တဖြည်းဖြည်းနို့အုံပျက်ဆီးလာတာ ဖြစ်ပါတယ်။ ပြီးတော့ ဝင်သည့်ပိုးသည် ပိုမိုပြင်းသည့် E.coli အမျိုးအစားဖြစ်နိုင်ပေသည်။ ရောဂါပိုးအမျိုးအစားအတိအကျ သိချင်လျှင် ဓာတ်ခွဲခန်းတွင် စစ်ဆေးနိုင်ပါသည်။

နို့အုံရောင်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါသည်။ နို့ထွက်သည့် နို့တိုင်ပြွန်ချောင်းလေးသည် နို့ညှစ်ပြီး နာရီဝက်ခန့် အကြာမှ ပြန်ပိတ်ပါသည်။ ထိုသို့ နို့တိုင်မပိတ်ခင် နို့တိုင်သည် အခင်းရှိ အညစ်အကြေးများ၊ ပတ်ဝန်းကျင်မသန့်ရှင်းမှုနှင့် ထိတွေ့သည့်အခါ ပိုဝင်ရောက်နိုင်ပါသည်။  ထို့ကြောင့် နို့ညှစ်ပြီးတိုင်နို့တိုင်များကို အိုင်အိုဒင်းဆေးရည်ဖြင့် စွတ်ပေးရမည်။ အိုင်အိုဒင်းဆေးရည်သည် နို့တိုင်ကို ပိတ်ပေးထားပြီး ပိုးသတ်ပေးသည်။ နို့ညှစ်ပစ္စည်းအသုံးအဆောင် အလုံသန့်ရှင်းရမည်။ ဒါ့ပြင် နို့နားကာလမပေးခင် နောက်ဆုံးနို့ညှစ်ပြီးနောက်  Dry Cow Therapy (DCT) နို့နားနွားမများအတွက်သုံးသည့် နို့တိုင်အတွင်း ထိုးထည့်သည့် ဆေးပိုက်ချောင်းကို နို့တိုင်အားလုံးတွင် ထည့်ပေးရမည်။

ယခုထိုနွားသည် ပြင်းထန်သည့် ရောဂါပိုးဝင်ရောက်ကာ နောက်ဆုံးသွေးဆိပ်သင့်် သေဆုံးခြင်းဖြစ်သည်။ နို့အုံရောင်ရောဂါ စစ်ဆေးခြင်းနှင့် ကာကွယ်ခြင်းကို အစိမ်းရောင်လမ်းရဲ့ မွေးမြူရေးကဏ္ဍအောက်က  နွားကဏ္ဍတွင် ဝင်ရောက် လေ့လာဖတ်ရှု့ နိုင်ပါတယ်။

အစိမ်းရောင်လမ်း


PROBIO ကြော်ငြာ
ကြက်/ဝက် မွေးမြူရေးလုပ်ငန်းတွေမှာ ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) များအစား၊ ပရိုဘိုင်အိုတစ် (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) များကို ဘာကြောင့်အစားထိုး အသုံးပြုသင့်တာလဲ။ ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) ဆိုတာကတော့ လူ၊ တိရစ္ဆာန်တွေမှာကပ်တွယ်ပြီး ကျန်းမာရေးကို အန္တရာယ်ပြုနိုင်တဲ့ အဏုဇီဝပိုးမွှားတွေကို ကြီးထွားပြန့်ပွားမှု့လျော့ကျအောင် ရှင်းလင်းသုတ်သင်ပေးတဲ့ ဆေးတစ်မျိုးဖြစ်ပြီး အထူးသဖြင့် မွေးမြူရေးကဏ္ဍမှာ ၇၀-၈၀% အထိ အသုံးပြုလျက်ရှိကြပါတယ်။ ကြက်မွေးမြူရေးကဏ္ဍမှာဆိုရင် အဆိုပါ ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) တွေဟာ ကြက်တွေမှာဖြစ်ပွားတတ်တဲ့ အသက်ရှုလမ်းကြောင်းရောဂါ၊ အူလမ်းကြောင်းရောဂါ၊ အခြားသောဘက်တီးရီးယားများကြောင့်ဖြစ်တဲ့ ရောဂါတွေကိုကုသရာမှာ အလွန်ထိရောက်ပါတယ်။ သို့သော်ငြားလည်း ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) တွေကိုအသုံးပြုတဲ့အခါ ဆေးမတိုးတော့တဲ့ အန္တရာယ်ရှိ အဏုဇီဝပိုးမွှားဗီဇပေါ်ထွက်လာနိုင်ပြီး ထိုမှတဆင့် အရေအတွက်အများအပြားအဖြစ်သို့ ပြန်လည်ပွားများလာကာ ပဋိဇီဝဆေးဆေးယဉ်ပါးမှု (𝐀𝐌𝐑) ကိုဦးတည်နိုင်စေပါတယ်။ ဒီနေရာမှာ အဆိုပါ ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) တွေအစား အစားထိုးအသုံးပြုသင့်တဲ့ ပရိုဘိုင်အိုတစ် (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) အကြောင်းကို ထပ်မံအကြံပြုဝေမျှပေးပါရစေ။ ပရိုဘိုင်အိုတစ် (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) ဆိုတာကတော့ မွေးမြူရေးတိရစ္ဆာန်တွေ ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ အကျိုးပြု အဏုဇီဝပိုးမွှားများဖြင့် ထုတ်လုပ်ထားတဲ့ဆေး (တနည်းအားဖြင့်) အစာ လို့လည်းဆိုနိုင်ပါတယ်။ ၂၀၀၂ ခုနစ်မှာ 𝐖𝐇𝐎 နဲ့ 𝐅𝐀𝐎 ကနေပြီးတော့မှ ပရိုဘိုင်အိုတစ်ဆိုတာ သက်ရှိအဏုဇီပိုးတွေပါဝင်သောဆေးဖြစ်ပြီး လုံလောက်တဲ့ ပမာဏ အထိ တိုက်ကျွေးမယ်ဆိုရင် ပဋိဇီဝဆေးတိုက်ကျွေးစရာမလိုပဲ မွေးမြူရေးတိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အကြံပြုထားတာတွေရှိပါတယ်။ ဒါကြောင့် မွေးမြူရေးလုပ်ငန်းတွေမှာ အဆိုပါ ပရိုဘိုင်အိုတစ် (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) ကို ပဋိဇီဝဆေးဝါးများအစား၊ အစားထိုးအသုံးပြုခြင်းက အန္တရာယ်ရှိအဏုဇီဝပိုးမွှားတွေရဲ့ ဆေးယဉ်ပါးမှု (𝐀𝐌𝐑) ဖြစ်ပွားနိုင်ချေ ရာခိုင်နှုန်းကိုလျော့ချနိုင်ပြီး မွေးမြူရေးတိရစ္ဆာန်တွေရဲ့ဇီဝကမ္မဖြစ်စဉ်များကို အနှောက်အယှက်ပြုခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ "စာရေးသားသူဒေါက်တာညွန့်ရွှေ (မွေးမြူ/ဆေးကု) " Myanmar Innovative Life Sciences Co., Ltd မှ ထုတ်လုပ်ဖြန့်ချိပြီး မြန်မာ 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နဲ့အညီ ပြည်တွင်း၌ထုတ်လုပ်ကာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များကို အဆင်သင့်ကူညီပေးမယ့် အရည်အသွေးမြင့် အစာလမ်းကြောင်းအားဖြည့်ဆေး PROBIO က အသင့်ရှိနေပါတယ်။ အခုပဲဒီလင့်မှာ ပြည့်စုံစွာဖောင်ဖြည့်ပြီးဆက်သွယ်လိုက်ပါ- https://tinyurl.com/MILS-PROBIO 𝐏𝐑𝐎𝐁𝐈𝐎 မှ မွေးမြူရေးဆိုင်ရာကျွမ်းကျင်ဝန်ထမ်းတွေကနေ တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီပေးမှာဖြစ်ပါတယ်။ 𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့်ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန်ရုံးချုပ်လိပ်စာ- အမှတ် (၁၆၅)၊ အောင်ဇေယျလမ်းသွယ် (၁) ၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ Hotline: 09 263 709 553, 09 267 287 608, Email: [email protected] #MILS #PROBIO
Read more မွေးမြူရေး အကူအညီရယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်