အပူပိုင်းဒေသအတွက် ကြက်ဟင်းခါးသီးစပ်မျိုးလိုင်းများ သုတေသနပြုဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။
တောင်သူများအတွက် သင့်လျော်တဲ့ ကြက်ဟင်းခါးမျိုးများ ရရှိနိုင်ဖို့အတွက် ဆက်လက်သုတေသနပြု ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးက ပြောပါတယ်။
“အပူပိုင်းဒေသမှာဖြစ်ထွန်းတဲ့ ကြက်ဟင်းခါးစပ်မျိုးတွေကို သုတေသနပြုဆောင်ရွက်နေတယ်။ တောင်သူတွေနဲ့လည်း သင့်လျော်တဲ့မျိုးဖြစ်ရမှာပေါ့။ အရင်နှစ်ကတော့ သုတေသနပြုဆောင်ရွက်ခဲ့တယ်။ အခုဒီနှစ်မှာလည်း ဆက်လက်သုတေသနပြု ဆောင်ရွက်သွားမယ်”
ကြက်ဟင်းခါးစပ်မျိုးလိုင်းများဖြစ်တဲ့ AVBG 1701၊ AVBG 1702 ၊ AVBG 1703 နဲ့ AVBG 1601 တို့ကို ဟင်းသီးဟင်းရွက် ၊သစ်သီးဝလံနှင့်ပန်းမာန် သုတေသနဌာနစုမှ ဆက်လက် သုတေသနပြု ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
တောင်သူများနဲ့သင့်လျော်တဲ့ ကြက်ဟင်းခါးမျိုးများကိုလည်း ကမ္ဘာ့ဟင်းသီးဟင်းရွက်ဗဟိုဌာနနဲ့ ပူးပေါင်းကာ မျိုးစပ်မွေးမြူထုတ်လုပ်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါ တယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more