ရောစပ်မဖျန်းသင့်သော ဓာတုပိုးသတ်ဆေးများ

16/11/2022 13:29 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

စိုက်ပျိုးရေးလုပ်ငန်း နယ်ပယ်အသီးသီးတွင် သီးနှံအထွက်နှုန်း ကောင်းမွန်ရေး၊ ပိုးမွှားရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ အားဆေးများကို မဖြစ်မနေ အသုံးပြုနေရပါသည်။

ထိုသို့အသုံးပြုရာတွင်..

- လုပ်သားစရိတ် သက်သာရန်

- အချိန်ကုန်သက်သာရန်

- ဖျက်ပိုးများကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ရန်

- လုပ်ငန်းဆောင်ရွက်မှု မြန်ဆန်စေရန် ရည်ရွယ်၍..

ဓာတုဆေးများကို တချိန်တည်း ၃/၄မျိုး ရောစပ်အသုံးပြုနေကြသည်ကို တွေ့ရပါသည်။

အချို့သော ဓာတုပစ္စည်းများမှာ ၂ မျိုး ရောစပ်အသုံးပြုနိုင်သော်လည်း အချို့သော ဓာတုဆေးများမှာ ရောစပ်အသုံးပြုလျှင် အချင်းချင်းဓာတ်မတည့်ခြင်း၊ သီးနှံပင် ထိခိုက်ပျက်စီးနိုင်ခြင်း၊ အာနိသင် ပျက်ပြယ်နိုင်ခြင်းများ ဖြစ်နိုင်ပါသည်။

စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးများမှာ ဓာတုဖွဲ့စည်းပုံအရ ထုတ်လုပ်ထားသည့်အားလျော်စွာ အချို့သည် အက်ဆစ်ပုံစံ(pH 6.0အောက်)ရှိပြီး အချို့သည် အယ်လ်ကာလီပုံစံ(pH 8.0 အထက်) ရှိကြပါသည်။

များသောအားဖြင့် အက်ဆစ်နှင့် အယ်လ်ကာလီပစ္စည်းများ ရောနှောအသုံးပြုခြင်း မပြုရပါ။

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများသည် အက်ဆစ်ပုံစံဖြင့်တည်ရှိသည် ဆိုသော်ငြားလည်း အယ်လ်ကာလီပုံစံလည်းရှိနိုင်သည်ကို သတိချပ်သင့်ပါသည်။

အချို့ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများသည် ရေငန်ဖြင့် ဖျော်စပ်ပါက ဆေးအာနိသင် လျော့နည်းသွားသည်ကို ကြုံဖူးကြပါလိမ့်မည်။

ဥပမာ - ဒေါင်းမြီးမြက်သတ်ဆေး(Fenoxaprop.p.butyle)

အကြမ်းဖျင်းအားဖြင့်..

- မှိုသတ်ဆေးများကို ရွက်ဖျန်းအားဆေးများနှင့် ရောစပ်အသုံးမပြုသင့်ပါ။

- ပေါင်းသတ်ဆေးကို အခြားပိုးဆေး၊ အားဆေးများနှင့် ရောစပ်မဖျန်းသင့်ပါ။

- ပိုးသတ်ဆေးနှင့် ရွက်ဖျန်းအားဆေးကို ရောစပ်အသုံးပြုနိုင်ပါသည်။

(ဖျက်ပိုး ဆိုးရွားချိန်တွင် ပိုးသတ်ဆေးကို ရွက်ဖျန်းအားဆေး/ဟိုမုန်းအားဆေးများနှင့် တွဲဖက်မဖျန်းသင့်ပါ)

အကယ်၍ Ai(Active ingredient )ဆေးအစစ်ပါဝင်မှု ပစ္စည်း ၂ မျိုးအထက် ရောစပ်အသုံးပြု လိုပါက...

အစမ်းကြိုတင် ရောစပ်ပြီးမှ အသုံးပြုသင့်ပါသည်။

ကြိုတင်ရောစပ်ခြင်း(Pre mix)

"""""""""""""""""""""""""""""""

  1. သီးခြား ဖန်ခွက်အလွတ်တခုကို၊ ရေတဝက်ခန့်ထည့်ပါ။
  2. ရောစပ်လိုသည့် ဆေး ၂ မျိုး သို့မဟုတ် ၃ မျိုးကို ၅ စီစီခန့် ထည့်ပါ။
  3. တုတ်တချောင်းဖြင့်မွှေပြီး နာရီဝက် စောင့်ကြည့်ပါ။

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုအရ...

-  အရောင်ပြောင်းလာခြင်း(ရေကဲ့သို့..)

- အလွှာကွဲလာခြင်း

- အနည်ထိုင်လာခြင်း

- အခဲ/အနှစ် ဖြစ်လာခြင်း

- အမြှုပ်များထွက်လာခြင်း စသည့်လက္ခဏာများတွေ့ရပါက ရောစပ်အသုံးမပြုရပါ။

သို့တည်းမဟုတ်ဘဲ ပုံမှန်အခြေအနေအတိုင်းဆိုပါက အသုံးပြုနိုင်ပါသည်။

(ဓာတ်ပြောင်းလဲမှု သဘောအရကိုတော့ သိရှိဖို့ ခက်ခဲနိုင်ပါသည်)

ရောစပ်အသုံးမပြုသင့်သည့် ဓာတုဆေးအုပ်စုများ

"ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အားဆေးတွေကို တခါတည်း ရောဖျန်းလို့ ရပါသလား..ခင်ဗျာ" လို့မေးနေကြသောအစိမ်းရောင်လမ်း ပရိသတ်များအတွက် ဖြေကြားပေးရင်း စာဖတ်သူစိုက်ပျိုးရေးသမားများဗဟုသုတအလို့ငှာ ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်