ကုလားပဲ မြစ်ခြောက်ဆွေး ရောဂါ
မြစ်ခြောက်ဆွေးရောဂါ (Dry Root Rot)
၁။ ရောဂါလက္ခဏာ
ရောဂါဖြစ်စေသက်ရှိမှာ Rhizoctonia bataticola ကြောင့် ဖြစ်ပါသည်။ ကုလားပဲ စိုက်ခင်းများတွင် အပင်သေများသည် နေရာအနှံ့တွင် ပြန့်ကျဲ၍ တွေ့ရှိနိုင်သည်။ ရောဂါဖြစ်သော အပင်သည် ထိပ်ဖျားညှိုးကျသည် မှအပ အခြားအရွက်များ ညှိုးကျခြင်းမရှိပါ။ အရွက်များနှင့် ပင်စည်များသည် တစ်ဖြည်းဖြည်း ကောက်ရိုးရောင်သို့ ပြောင်းသွားသည်။ တစ်ခါတစ်ရံ အောက်ပိုင်းရွက် များသည် အညိုရောင်ရှိတက်သည်။
အပင်ကို နှုတ်ကြည့်ပါက မြစ်မွှာများ ပြတ်ကျန်ခဲ့ပြီး ရေသောက်မြစ် တစ်ခုတည်းလောက်သာ တွေ့ရတက်သည်။ အမြစ်မှာခြောက်နေပြီး အမြစ်ပေါ်တွင် မီးခိုးရောင်မှိုမျှင်ကို တွေ့နိုင်သည်။ သေနေသောအမြစ်၏ အဖျားပိုင်းကို ချိုးကြည့်ပါက ကျွတ်ဆက်သည်ကိုတွေ့ရသည်။ အခေါက်၏ အတွင်းဘက်တွင် လည်းကောင်း၊ အသားထဲတွင်လည်းကောင်း၊ သေးငယ်သော အနက်လုံးငယ် (စကလိုရှား) ကလေးများ မှန်ဘီလူးအကူအညီဖြင့် တွေ့နိုင်ပါသည်။

၂။ ရောဂါသံသရာ
ဤရောဂါသည် အပူချိန် ၂၀ ဒီဂရီမှ ၃၀ ဒီဂရီစင်တီဂရိတ်ကျော်အတွင်း အဖြစ်များပြီး ဤအပူချိန်အတွင်း ရောဂါရုတ်တရက် ဆိုးရွားလာနိုင်ပါသည်။ ဤရောဂါသည် သဲနုံးမြေတွင် မြေစေးထက် ပိုမိုဖြစ်ပွားနိုင်ပါသည်။
၃။ ကာကွယ်နိုမ်နင်းနည်းများ
(၁) ရောဂါခံနိုင်သော မျိုးကိုသုံးပါ။
(၂) ပူသောရာသီလွတ်ရန် စိုက်ချိန်စောစိုက်ပါ။
(၃) Iprodione, Azoxystrobin, Benomyl, Carbendazim, Mancozeb စသော မှိုသတ်ဆေးတစ်မျိုးဖြင့် ပတ်ဖျန်းနိုင်ပါသည်။
ကိုးကား-ပဲမျိုးစုံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကုလားပဲမြစ်ခြောက်ဆွေးရောဂါ
ဦးထက်
လွန်ခဲ့သော ၂ နှစ် ကအမြစ်ပိုးဆွဲရောဂါနဲ့ အတူတူဘဲမို့လား
ဆက်စပ်မေးခွန်းများ
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
စပါးခင်း ယခုလိုပိုးကျတာဘာဆေးဖျန်းသင့်လဲဗျ
zaw winnaing • ဖြေကြားချက် 1 ခု
ဘီးစပ်ရွက်၊တမာရွက်များကိုထုထောင်းပြီးရလာသောအရေည်ကိုရွှေခရုများကိုနှိမ်နင်းလို့ရနိုင်မလာဗျို့။
U Win Zaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....