ဒူးရင်းသီး သီးထိုးပိုး (Durain Fruit Borer )
ဒူးရင်း သီးထိုးပိုး ( Durian Fruit Borer )ကို အင်္ဂလိပ်အမည် Durian fruit borer , Yellow peach moth ရုက္ခဗေဒ အမည်မှာ Conogethes punctiferalis ၊ မျိုးရင်းအမည် Lepidoptera တွင် ပါဝင်ပါသည်။
ဘဝဖြစ်စဉ်
အရွယ်ရောက်ဖလံအမက ဒူးရင်းသီးပေါ်တွင် ဥများ ဥချပါသည်။ ဥ များ ဥပြီး (၄) ရက် အကြာတွင် ဥမှ အကောင်များ ပေါက်လာသည်။ ဥ မှ ပေါက်ခါစ အကောင်ငယ် သည် ကိုယ်ထည်အဖြူရောင်ဖြစ်ပြီး ဦးခေါင်းမှာ အညိုရောင်ရှိသည်။ အကောင်ငယ်များမှာ ဒူးရင်းသီး အသီးငယ်နှင့် ရင့်မှည့်သောအသီးများ၏ အပြင်အခွံကို စားသောက်ကြသည်။ တဖြည်းဖြည်း ကြီးထွားလာသည်အခါ သူတို့ စားသောက်သည့်နေရာမှ အသီးအတွင်းသို့ ထိုးဖောက် ဝင်ရောက်ကြသည်။ တဖြည်းဖြည်းကြီးလာသော အကောင်ငယ်သည် ကိုယ်ခန္ဓာအရောင် အညို နုရောင်သို့ ပြောင်းလာပြီး ဆက်လက်ကြီးလာတဲ့အခါ ကိုယ်ခန္ဓာတစ်လျှောက် အညိုရင့်ရောင်သို့ အနက်ရောင် အစက် အပြောက်များ ရှိလာသည်။ ၁.၅-၁.၈ စင်တီမီတာ ရှည်သော အရွယ်ရောက်လောက်ကောင်သည် ၁၂- ၁၃ ရက်ခန့် ရုပ်ဖုံး ဘဝ ကို အသီးရဲ့ဆူးများကြား ကုန်ဆုံး ပြီးချိန် ၇-၉ ရက်အကြာ ပိုးဖလံဘဝသို့ရောက်ရှိလာ သည်။ အရွယ်ရောက်ဖလံအမသည် အဝါရောင်ပေါ်တွင် အနက်ရောင်အစက်ကလေးများ ရှိသည်။
လက်ခံပင်များ
သံပုရာပင်၊ သဘောင်္ပင်၊ ခရမ်းပင် များတွင်လည်း ကျရောက်မှုရှိသည်။
က်ေရာက္မႈ လကၡဏာ
အသီးရှိ ဆူးများကြားတွင် ပိုးကောင်၏ အညစ်အကြေးများကို တွေ့ရမည်။ အသီးအတွင်း ပိုးကျရောက် မှုကြောင့် နောက်ဆက်တွဲမှိုရောဂါကို ဖြစ်စေသည်။ မှိုရောဂါကြောင့် အသီးများတွင် အနာဖြစ်စေပြီး ပုပ်၍ကြွေစေသည်။ ပိုးကျရောက် ဖျက်ဆီးသော အသီးများတွင် ဒဏ်ရာများရှိနေသဖြင့် အသီးတန်ဖိုးကို ကျဆင်းစေသည်။ အသီးထိုးပိုး ကျရောက်မှု အများဆုံးတွေ့ရသည်မှာ အသီးနှစ်လုံး ပူးကပ်သီးနေတဲ့အခါ တွင်ဖြစ်သည်။
ကာကွယ်နှိမ်နင်းနည်း
အပြာရောင် အလင်းထောင်ချောက်များဖြင့် အရွယ်ရောက်ဖလံအမများကို ဖမ်းယူနှိမ် နင်းနိုင်ပါသည်။ အပင်ပေါ်မှ ပိုးကျနေသောအသီးများကို ခြွေစေပြီး မီးရှို့ဖျက်ဆီးပါ။ အသီးပေါ်တွင်တွေ့ရသော ဥမှပေါက်ခါစ ပိုးကောင်များအား တုတ်ချောင်းများဖြင့် ဖယ်ရှားနိုင် ပါသည်။
တမာပိုးသတ်ဆေးကို အသုံးပြုလျှင် ပိုကောင်းပါသည်။ ပုပ်ပြီးကြွေကျသောအသီးများအား မီးရှို့ (သို့) မြေမြုပ်ဖျက်ဆီးပါ။ ပိုးကျရောက်မှုများခြင်း၊ (စီးပွားရေးထိခိုက်နိုင်သောအဆင့် = ETL ( economic threshold level) အပင်ပေါ်ရှိ အသီး ၁၀ရာခိုင်နှုန်း ပိုးကျရောက်မှုရှိပါက တမာပိုးသတ် ဆေးကို အသီးများပေါ်သို့ ဖြန်းပါ။ - ထိသေစားသေပိုးသတ်ဆေး ( ai – cypermethrin , chlorpyrifos , lambda-cyhalothrin) တို့မှ တစ်မျိုးမျိုးပါဝင်သော ပိုးသတ်ဆေးများကို သုံးစွဲနိုင်ပါသည်။ ထိုဆေး များသည် ဖျက်ပိုးဥများကို စားသောက်သော သဘာဝ သားရဲကောင်များကို သေစေနိုင်သလို အကျိုးပြု မိတ်ဆွေပိုး ပျားများကိုပါသေစေနိုင်သဖြင့် စီးပွားရေးအရ ထိခိုက်နိုင်သော အဆင့်ရောက်မှ ဆေးဖြန်းသင့်ပါသည်။
အသီးကင်းများခြွေသောအခါ ပူးကပ်နေသောအသီးများ ချန်ရစ်ထားခြင်း မပြုလုပ်ဘဲ ခြွေရပါမည်။ ပူးကပ်နေသော အသီးများဖြစ်ပါက အိတ်စွပ်ခြင်း နှင့် အသီးများပူးကပ်လွန်း၍ ပိုးမကျစေရန် အသီးတစ်လုံးနှင့်တစ်လုံး ထိကပ်မနေစေရန် ကြိုးများဖြင့် ထိန်းညှိထားခြင်း ဖြင့် ကာကွယ်နိုင်ပါသည်။
Aye Thanda Soe
15.7.2017
ဆက်စပ်မေးခွန်းများ
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
fipronil profenofos beta.cypermethrin ဒီဆေးသုံးမျိုးအတွဲကမတ်ပဲမှာဘာပိုးတွေကိုနှိမ်နှင်းပေးပါသလဲဖြေပေးပါအုံးဆရာတို့
ဦးစိုး • ဖြေကြားချက် 1 ခု
profenofos beta.cypermethrin frpronil ဒီဆေး3မျိုးအတွဲကဘယ်လိုကာကွယ်ကုသပေးနိုင်ပါသလဲဖြေပေးပါအုံးဆရာတို့
myantthirikhet • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020