ဒူးရင်းသီးစိုက်ပျိုးနည်း

04/08/2022 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာအမည်- ဒူးရင်း

အင်္ဂလိပ်အမည်- Durian, Civet- Cat Fruit

ရုက္ခဗေဒအမည်- Durio zibethenus

မျိုးရင်းအမည်- Bombaceae

၁။ မူရင်းဒေသ

မလေးရှား၊ ယိုးဒယားနှင့် အင်ဒိုနီးရှားတို့၌ များစွာစိုက်ပျိုးဖြစ်ထွန်းသည်။

၂။ ဒူးရင်းမျိုးများ

ယခင်က ဒေသမျိုးများကိုသာ အသုံးပြုစိုက်ပျိုးလေ့ရှိပြီး ယခုအခါ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ နိုင်ငံခြားမျိုးများဖြင့် ကိုင်းဆက်မျိုးပွားထုတ်လုပ်ထားသည့် မိချောင်းခေါင်းမျိုး၊ ကန်ကလေး ၁ နှင့် ကန်ကလေး ၂ မျိုးများကို အသုံးပြုစိုက်ပျိုးကြပါသည်။

မျိုးကောင်းမျိုးသန့်ဒူးရင်းရွယ်ချယ်ရာတွင်

(၁) အသီးထွက်ကောင်းရမည်။

(၂) အိမ်မြွာကြီးပြီး အသားထူ၊ အရသာကောင်းရမည်။

(၃) စောစောသီးပွင့်ရမည်။

၃။ စိုက်ပျိုးသည့်ဒေသ

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် အများဆုံးဖြစ်ထွန်းသည်။ ပဲခူးတိုင်း၊ ရွှေကျင်နှင့် ကျောက်ကြီးဒေသတို့တွင်လည်း အနည်းငယ်စိုက်ပျိုးပါသည်။

၄။ ရေမြေရာသီဥတု

စွတ်စိုထိုင်းမှိုင်းသော မိုးရေချိန်လက်မ ၁၀၀- ၂၀၀ အတွင်း၊ အပူချိန် ၁၀- ၄၀ ဒီဂရီစင်တီဂရိတ် စိမ့်စမ်းကောင်းသည့် ရာသီဥတုကို နှစ်သက်ပါသည်။ သဲနုန်း၊ မြေပွ၊ မြေဆီမြေသားကောင်းသော လျှိုများ၏ တောင်စောင်းများ၊ မြစ်ချောင်း ကမ်းနဖူးများတွင် ကောင်းစွာ ပေါက်ရောက်သီးပွင့်ကြပါသည်။

 ၅။ မျိုးပွားခြင်း

ယခင်အပင်မှ အရည်အချင်းများကို ပြန်လည်ရရှိနိုင်သည့် လိင်မဲ့ မျိုးပွားနည်းစနစ်ဖြင့်သာ မျိုးပွားသင့်ပါသည်။ မျိုးပွားနည်း ၃မျိုးရှိပါသည်။

(၁) အစေ့မှမျိုးပွားခြင်း

(၂) အဖူးမြုပ် မျိုးပွားခြင်း

(၃) ကိုင်းကူးကိုင်းဆက်မျိုးပွားခြင်း

     ဒေသနှင့်ကိုက်ညီ၍ ရောဂါဒဏ်ခံနိုင်သော မျိုးများအနက် သီးထွက်နှင့် အရည်အသွေးကောင်းမွန်သော အပင်မှ အဖူးကိုင်းကိုရွေးချယ်၍ ကိုင်းဆက်အဖူးမြှုပ်မျိုးပွားထားသော ပျိုးပင်ကိုသာအသုံးပြုရပါမည်။ အဖူးမြှုပ်သွင်းရန် အောက်ခံပင်အနေဖြင့် ဒေသတွင်းမျိုးကိုသာ သုံးပါသည်။ အသက် ၁၅-၂၀ နှစ်ရှိအလောတော် အမြင့်ရှိအပင်များမှရောဂါပိုးမွှား၊ ရာသီဥတု ဒဏ်ခံနိုင်မှုအရှိဆုံးမျိုးပင်ကို ရွေး၍ ရင့်ပြီးကြွေကျသော အသီးများမှ အစေ့များကို ရွေးချယ်ပျိုးထောင်ရပါသည်။ အဖူးအဖြစ် ပြည်တွင်းမျိုးမှ အရသာကောင်း အမွှာကြီးပြီး အသီးများများတင်သည့် မျိုးကိုသုံးပါ။ နိုင်ငံခြားမျိုးများကိုလည်း အဖူးအဖြစ်သုံးကြပါသည်။

     ကိုင်းကူးကိုင်းဆက်ခြင်းဖြင့် မျိုးပွားရာတွင် အောက်ခံပင်ခြောက်လမှ တစ်နှစ်သားအရွယ်ထိ မျိုးပွားနိုင်ပါသည်။ အသုံးများသောနည်းမှာ သပ်သွင်းကိုင်းဆက်နည်း ( Wedge Grafting) ဖြစ်ပြီး အောင်မြင်မှုအများဆုံးဖြစ်ပါသည်။ အခြားနည်းမှာ အစေ့များကို ပလတ်စတစ်အိတ်ဖြင့် ပျိုးထောင်ပြီး ၃လသားအရွယ် အစေ့ရွက် မကွာမီအချိန်တွင် အောက်ခံပင်တွင်ချည်နှောင်ကာ ချဉ်းကပ်ကိုင်းဆက်နည်း ( Inarching) ဖြင့် မျိုးပွားနိုင်ပါသည်။ ငွေကြေးကုန်ကျသက်သာပြီး ဒူးရင်းတစ်ပင်မှ ပျိုးပင်များစွာကို ကိုင်းကူး၍ ရနိုင်ပါသည်။

၆။ စိုက်ပျိုးနည်း

   သုံးပေပတ်လည်အရွယ် ကျင်းတူး၍ အပေါ်ယံမြေလွှာနှင့် သဘာဝမြေဩဇာအတူရောထည့် စိုက်ပျိုးရန် ဖြစ်ပါသည်။ ကျင်းအကွာအဝေးကို ၁၈ x  ၂၄ ပေ မြေအနေအထားနှင့် မြေဆီထက်သန်မှုကိုကြည့်၍ စိုက်ကွက်ဖော်ပါ။ တစ်ဧကလျှင် အပင်ရေ ၁၀၀ပင် ဝင်ဆံ့နိုင်သည်။

   နှစ်နှစ် သုံးနှစ် သက်တမ်းရှိသော ကျန်းမာသန်စွမ်းသည့် ကိုင်းဆက်ပျိုးပင်ကြီးများ ရွေးချယ်၍ မိုးဦးကျ မေလနှင့် ဇွန်လများတွင် အပြီးစိုက်ပျိုးနိုင်ပါသည်။ အပင်ငယ်စဉ်တွင် နေပူရှိန်တိုက်ရိုက်ခံနိုင်စွမ်းမရှိ၍ နွေရာသီတွင် အရိပ်ပြုလုပ်ပေးလေ့ရှိကြပါသည်။ အဖူးမြုပ်မျိုးပွားထားသော အပင်များကို မြေပြန့်တွင်သာ စိုက်ပျိုးသင့်ပါသည်။ တောင်စောင်းလျှိုစောင်းများတွင် စိုက်ပျိုးပါက အရှေ့ဘက်သို့ လျှောကျသော စောင်းများတွင် စိုက်သင့်သည်။ သို့မှသာလေကာရရှိနိုင်သည်။

(စိုက်ပျိုးပညာပေးရေးဌာနခွဲမှ ထုတ်ဝေသော သစ်သီးဝလံစိုက်ပျိုးနည်းစာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)

 

အခုလိုမျိုး သီးနှံတွေရဲ့ စိုက်ပျိုးနည်းများအကြောင်းစာအုပ်ကို စိတ်ဝင်စားလို့ဝယ်ယူချင်ရင်တော့  အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်