“ငါးအငယ်စား….ငါးသံချိတ်ငါး”
ငါးသံချိတ်ငါးလေးများမှာ ငါးဘတ်မျိုးနွယ်ဝင် ငါးငယ်တစ်မျိုးဖြစ်ပြီး အင်္ဂလိပ်အမည်မှာ “dwarf catfish” ဟုခေါ်ဆိုကြပြီး သိပ္ပံမှာ “Pseudotropius acutirotris”ဟု သိရပါသည်။အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ငါးသံချိတ်ငါးလေးများကို တွေ့ရလေ့ရှိသည်။ ငါးသံချိတ်ငါးလေးများမှာ ဆူးတောင်ရိုးပျော့ငါး( ray-finned fishes) များဖြစ်ကြပြီး catfish မျိုးနွယ်ဝင် ငါးတစ်မျိုးဖြစ်သည်။ ရေချိုပိုင်းတွင် အများဆုံးတွေ့ရပြီး ရေအောက်ကြမ်းပြင်နေ (demersal fish)များဖြစ်ကြသည်။ အမြင့်ဆုံး ခန္တာကိုယ်အလျှား (body length)မှာ(၇.၈)စင်တီမီတာထိရှိကြသည်။ ဥမှအကောင်ပေါက်သော (oviparous) များဖြစ်ကြပြီး ငါးအမမှာ ၄င်း၏ဥများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း မရှိကြပေ။
စျေးကွက်တွင် ငါးသံချိတ်ငါးကို ငါးအစိုသာမက အသင့်စား ငါးသံချိတ်အကြွပ်ကြော်၊ အစပ်ကြော်ဟူ၍လည်းရောင်းချကြပါသည်။ ငါးသံချိတ်ငါးလေးများမှာ မြန်မာနိုင်ငံတွင် ချောင်းထဲကရသောငါးများဟု လူသိများကြသည်။ ရေချိုငါး ငါးသံချိတ်လေးများကို အိုးကပ်ချက်စားစား၊ အကြွပ်ကြော်စားစား အဆင်ပြေလှပါသည်။ ထို့ကြောင့် မြန်မာလူမျိုးတို့ နှစ်ခြိုက်လှသည့် ငါးသံချိတ်အိုးကပ်ချက်နည်းကို တင်ပြပေးပါမည်။

ငါးသံချိတ်အိုးကပ်ချက်နည်း
ချက်ပြုတ်ရာတွင် ငါးသံချိတ်ငါး၊ ရှာလကာရည်(သို့မဟုတ်)ဗီနီကာ၊ ကြက်သွန်ဖြူ/နီ၊ ခရမ်းချဥ်သီး၊ ငရုတ်စိမ်းတောင့်၊ ဆီ၊ ဆား၊ နနွင်း၊ အစိမ်းမှုန့်၊ ရသာမှုန့်တို့ လိုအပ်ပါသည် ။
ချက်ပြုတ်ပုံမှာ -
၁။ ပထမဦးစွာ ငါးသံချိတ်ငါးလေးများကို ခေါင်းနှင့်အမြီးဖြုတ်ပြီး ချေးဖောက်ရပါမည်။
၂။ ပြီးနောက် ငါးလေးများကို ရှာလကာရည် (သို့မဟုတ်) ဗီနီကာဖြင့် စိမ်ထားရပါမည်။
၃။ ထို့နောက် ခရမ်းချဥ်သီး ၂ လုံးခန့်၊ ကြက်သွန်နီ ၂ လုံးခန့်ကို ပါးပါးလှီးကာ ငရုတ်စိမ်းတောင့် ၄-၅ တောင့်ကိုလည်း ထက်ခြမ်းခွဲထားရပြီး ကြက်သွန်ဖြူ ၅ မွှာကို ဓားပြားရိုက်ထားရပါမည်။
၄။ အားလုံးအဆင်သင့်ဖြစ်ပါက စောနက ရှာလကာရည်စိမ်ထားသော ငါးလေးများကို ရေများများဖြင့် စင်ကြယ်အောင် ၄-၅ ကြိမ်လောက် ဆေးကြောရပါမည်။
၅။ ရေဆေးပြီးပါက ရေစစ်ပြီး ဆား၊ နနွင်း၊ ရသာမှုန့်ထည့်နယ်ပြီး နှပ်ထားရပါမည်။
၆။ ပြီးနောက် မီးဖိုပေါ်ဒယ်အိုးတင် ဆီထည့်ပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်နီနှင့် ဆီသတ်၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆားအနည်းငယ်နှင့် ခရမ်းချဥ်သီးပါးပါးလှီးထားတာကို ထည့်ပြီးပါက ခရမ်းချဥ်သီးလိပ်အောင် တည်ရပါမည်။
၇။ ခရမ်းချဥ်သီးလိပ်သွားပါက နယ်နှပ်ထားသော ငါးလေးများကို ထည့်ရပါမည်။
၈။ ပြီးနောက် ထက်ခြမ်းခွဲထားသော ငရုတ်စိမ်းတောင့်ရှည်နှင့် ကြက်သွန်ဖြူဓားပြားရိုက်ထားတာကို ထည့်ပြီးပါက ရေခမ်းခြောက်အောင်တည်ရပါမည်။
၉။ အောက်ခြေမကပ်အောင် အိုးကို လှုပ်လှုပ်ပေးရမှာဖြစ်ပြီး ရေ(လုံးဝ) ခမ်းပြီး ဆီပြန်လာပြီဆိုပါက အနံ့အရသာနှင့်ပြည့်စုံသော ငါးလေးအိုးကပ်ဟင်း ကျက်ပါပြီ။
ငါးသံချိတ်ငါးလေးများမှာ အဖိုးလည်းနည်း အာဟာရလည်းဖြစ်၊ ကျန်းမာရေးနှင့်လည်း ညီညွှတ်ပြီး အရိုးပါမကျန် စားသုံးလို့ရသော ငါးငယ်တစ်မျိုးဖြစ်သည်။ ထို့ကြောင့်လည်းရှေးလူကြီးများက “ ခေါင်းတစ်ရာသားစားပါ“ ဟူ၍ ဆုံးမစကားအဆိုရှိခဲ့ကြပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
ဆက်စပ်မေးခွန်းများ
ပဲတောင့်ရှည် က အပွင့်တွေကြွေနေပါတယ် ရောဂါနဲ့ ဆေးအသုံးပြုပုံဖြေကြားပေးပါခင်ဗျာ🙏
bominthu • ဖြေကြားချက် 0 ခု
ပန်းပွင့်ချိန်မှာ..ငါးအမိုင်နို...အင်ဇိုင်းအပွင့်အသိးတင်ဆေး...လက်ချားမုန့်တို့ရောပြီးပတ်လိုအဆင်ပြေနိင်လားဗျ.....အဲထဲဘိတာစိလိုပိုးသတ်ဆေးထည့်ရင်ကောရမလားဗျ....
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့ ဖြန်းရရင် ပဲဘယ်အရွယ်မှာ ဘယ်လောက်ဖြန်းသင့်သလဲ 2.မကြဲခင် 10ရက်ခန့် စောပြီး ပေါင်းကြမ်းဆေး(glyphosate)ဖြန်းခဲ့ပါတယ် ခု ပဒေါ်လို ပေါင်းနဲနဲကျန်ပြီး ခြွေလှေ့ကျတဲ့ စပါးတစ်ချို့ ပြန်ပေါက်လာပါတယ် (13/14မိုးရွာပါတယ်) ပေါင်းဆေးထပ်ဖြန်းသင့်လား ဖြန်းရင် ဘယ်လိုဆေးမျိးဖြန်းရမလဲ သိချင်ပါတယ်ခင်မျ
Thiha • ဖြေကြားချက် 5 ခု
ခရမ်းချဉ်စသီးနေပီး15ပတ်လည် 10Sကို ရေလီတာ200ပုန်းဆိုဘယ်လောက်ချိုးထည့်ရမလည်း
စိုင်းအိုက်လှိုင် • ဖြေကြားချက် 1 ခု
#တောင်ယာစပါး မျိုးစေ့ ရောင်းဝယ် နေရာ စိုက်နည်း ပေါင်းဆေး အားဆေး အော်ဂဲနစ် ဘယ်အမျိုးက ဘယ်နေရာနဲ့သင်တော်လဲဆိုဒါ ပညာရှင်များ ပြောပြပေးလို့ရလား
အိုအေ • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
More from နှင်းဖြူဖြူ
အားလုံး
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....