သွင်ပြင်ထူးခြား……..ငါးမောင်းမငါး

09/11/2021 10:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ငါးမောင်းမငါးမှာ Catfish နွယ်ဝင် ငါးတစ်မျိုးဖြစ်ပြီး အကြေးခွံမပါသည့် အကြေးခွံမဲ့ ရေချိုမြစ်ငါးတစ်မျိုးဖြစ်သည်။ ငါးမောင်းမငါးကို အင်္ဂလိပ်လို “Dwarf goonch“ ဟုခေါ်ဆိုကြပြီး သိပ္ပံအခေါ်မှာ Bagarius Spp မျိုးစိတ်များဖြစ်ကြသည်။ မျိုးရင်း(Family) – Sisoridae အောက်တွင်ပါဝင်ကြပြီး ငါးမောင်းမငါးမှာ မျိုးစိတ်ပေါင်း (၅-၆)ခုထိ ရှိကြသည်ကို လေ့လာခဲ့ရဖူးပါသည်။

    ငါးမောင်းမငါးမှာ ချက်စားလို့ရပြီး ငါးအရသာမှာ ချို၏။ အသားမှာ အဝါရောင်သန်းပြီး တချို့ ဒေသတွင် “မီးနေသည်ငါး”ဟုလည်း ခေါ်ကြသည်။ ဧရာဝတီမြစ်ကြောင်းတွင်လည်း တွေ့ရတတ်ပြီး “ဧရာဝတီမြစ်ငါး” ဟူ၍လည်း ခေါ်ကြပါသည်။

    ငါးမောင်းမငါးမျိုးစိတ်များကို တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရလေ့ရှိပြီး ပါကစ္စတန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒို၊ မြန်မာ စတဲ့နိုင်ငံတွေမှာ တွေ့ရလေ့ရှိပါသည်။

    ငါးမောင်းမမျိုးစိတ်များတွင် အတော်အသင့် ကြီးမားကျယ်ပြန့်တဲ့ ဦးခေါင်းပါရှိကြပြီး ပါးစပ်မှာကျယ်ကာ အောက်သို့ အနည်းငယ်ကျနေပါသည်။ ပါးဟက်ဝမှာလည်း ကျယ်၏။ ကျောနှင့် ရင်ဘက်ပိုင်းတွင် မာကျောသော ဆူးချွန်များပါရှိကြပြီး ဆူးတောင်များမှာ ချောမွေ့ကြကာ လွှသွားပုံစံမျိုး ရှိကြသည်။ တချို့မှာ လိပ်ပြာတောင်ပံကဲ့သို့ ပုံစံမျိုးရှိကြသည်။ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ကြမ်းရှသည့်အရေပြားဖြင့် ဖုံးလွှမ်းထားကြပါသည်။

    ငါးမောင်းမငါးမျိုးစိတ်များမှာ တစ်မျိုးနှင့်တစ်မျိုး ပုံသဏ္ဍန်မတူကြပေ။ တချို့ ငါးမောင်းမမှာ ကိုယ်ထည်တွင် အစက်အပြောက်ပါရှိကြပြီး တချို့မှာ ပြောင်ချောကြီးလိုဖြစ်နေပြီး တချို့မျိုးစိတ်မှာ အကွက်လေးတွေ ပါရှိကြပါသည်။ 

    အရွယ်အစားအားဖြင့်လည်း ငါးမောင်းမငါးမျိုးစိတ်များမှာ မျိုးစိတ်တစ်ခုနှင့်တစ်ခု အရွယ်မတူကြပေ။ တချို့မျိုးစိတ်မှာ (20-70)cm အရွယ်အစားထိ၊ တချို့မျိုးစိတ်များမှာ (100) cm ထိ ကြီးထွားနိုင်ကြပြီး  Bagarius yarelli ငါးမောင်းမမျိုးစိတ်မှာ အလွန်ကြီးမားလှပြီး (200) cm ထိကြီးထွားနိုင်ကြသည်။

    ငါးမောင်းမငါးများမှာ အသားစား(carnivorous)များဖြစ်ကြပြီး ငါးငယ်၊ ပုစွန်၊ အင်းဆက်စသည်တို့ကို သူတို့၏အစာအဖြစ် စားလေ့ရှိကြပါသည်။ ငါးမောင်းမငါးကို ပုန်းရည်ကြီးဖြင့် ချက်စားပါက အရသာထူးသည်ဟု ဆိုကြပါသည်။ 

    ငါးမောင်းမငါးမျိုးစိတ်များမှာ တခြားငါးမျိုးစိတ်များလို ပေါပေါများများ မတွေ့ရှိရသော်လည်း သွင်ပြင်တစ်မူထူးခြားလှသော မျိုးစိတ်တစ်ခုဖြစ်ပါကြောင်း လေ့လာသိရှိခဲ့ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

Ref: Wikipedia. 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်