အာလူးစောပင်ကျနာ (လောင်ပြောက်) ရောဂါ (Early blight of Potato)

11/01/2018 17:19 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား
ရောဂါဖြစ်ပွားလေ့ရှိသည့်ဒေသ
အာလူးစိုက်သည့် ဒေသများတွင် အချိန်တိုင်း ကျရောက်တတ်သည်။ လောင်မည်း ရောဂါဖြစ်ပေါ်မှုကို အားပေး သည့် ရာသီဥတုနှင့်မတူဘဲ မိုးရွာလိုက်၊ နေပူလိုက်ကာလ များ၌ပင် ရောဂါစတင်ကျရောက်လေ့ရှိပြီးတဖြည်းဖြည်း အရွက်များကြွေကျကာ အစာချက်လုပ်မှုကို လျော့နည်းစေကာအထွက်လျော့နည်းစေတတ်သည်။
ရောဂါပင်ပြလက္ခဏာ
အရွက်များတွင် အညိုရောင်ဒေါင့်ကွက်များ စတင်ဖြစ်ပေါ်ပြီး သေနတ်ပစ်မှတ်ကဲ့သို့ ဗဟိုတူ စက်ဝိုင်းရစ်များ ဖြစ်ပေါ်ပေါင်းစပ်သွားကာ အရွက်ခြောက်၍ ကြွေကျသွားသည်။ အာလူးသီးတွင်လည်း အမည်းရောင်ပြောင်းကာ ခြောက်ပုပ်သွားပါသည်။
 
 
ကာကွယ်နှိမ်နင်းနည်းများ
ပုံမှန်အားဖြင့် ဤရောဂါအတွက် ဆေးသီးခြားဖျန်းခြင်းမရှိဘဲ လောင်အမည်းရောဂါအတွက် ဖျန်းသော ဆေး အများစုမှာ ဤရောဂါအား ကာကွယ်နှိမ်နင်းနိုင်သည်။  မှတ်ချက်- meralaxyl တစ်ခုတည်းပါဝင်သော ဆေးများ မှာ လောင်မည်းရောဂါတစ်ခုတည်းကိုသာ ကာကွယ်နှိမ်နင်းနိုင်ပြီး ဤရောဂါကို ကာကွယ် နှိမ်နင်း နိုင်ခြင်းမရှိပါ။
 
 
 
ကိုးကား - စိုက်ပျိုးရေးဦးစီးဌာန

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်