နွားနို့နှင့် အကျိုးပြု အကျိုးမပြုဘက်တီးရီးယား

15/08/2019 20:00 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

ဘက်တီးရီးယား (bacteria) ဆိုသည်မှာ မျက်စိဖြင့်မမြင်နိုင်သော အဏုဇီဝပိုးမွှားများဖြစ်ပြီး အကျိုးပြုဘက်တီးရီးယားနှင့် အကျိုးမပြုဘက်တီးရီးယားဆိုပြီး (၂)မျိုးရှိပါတယ်။ နွားနို့တွင် ဘက်တီးရီးယားပိုးများသည် နို့ညှစ်စဉ်အတွင်း၊ ကိုင်တွယ်လုပ်ဆောင်စဉ်အတွင်း၊ သိုလှောင်စဉ်အတွင်း နှင့် အခြားသော ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်များတွင် ဝင်ရောက်နိုင်သည်။

(၁) အကျိုးပြုဘက်တီးရီးယား (Lactic acid bacteria - လက်တစ်အက်ဆစ် ဘက်တီးရီးယား)

- ဒီဘက်တီးရီးယားအုပ်စုသည် နို့ထဲမှာရှိတဲ့ လက်တို့စ် (lactose) ကို လက်တစ်အက်ဆစ် (lactic acid) အဖြစ် အချဉ်ဖောက်ပါတယ်။ အထူးသဖြင့် နို့ထုတ်ကုန်ပစ္စည်းများ (ဥပမာ-ဒိန်ချဉ်) ပြုလုပ်ရာတွင် culture အနေနဲ့အသုံးပြုပါတယ်။

(၂) အကျိုးမပြုဘက်တီးရီးယား

ဥပမာ- 

Brucella spp.

Bacillus cereus

Listeria monocytogene

E. coli O157:H7

Salmonella spp.

Yersinia enterocolitica

Campylobacter jejuni စသည်ဖြင့်.....

ထိုဘက်တီးရီးယားများသည် ထုတ်ကုန်များကို ပျက်စီးစေပြီး စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေပါသည်။ ဘက်တီးရီးယားပိုး အများစုသည် နို့ပေါင်း (pasteurization - သတ်မှတ်အပူချိန်ပေး၍ ပိုးသတ်ခြင်း) ပြုလုပ်လိုက်သည့်အခါ သေနိုင်သော်လည်း တစ်ချို့ မသေနိုင်သည့် ပိုးများလည်းရှိသည်။

pasteurization လုပ်ခြင်းကြောင့် ဘက်တီးရီးယားပိုးများ သေသွားသော်လည်း နို့ပေါင်းဖြစ်ပြီးနောက်မှစ၍ နောက်ဆုံးထုတ်ကုန်ဖြစ်သည်အထိ ထုတ်ပိုးကိုင်တွယ်လုပ်ဆောင်သည့် အဆင့်တိုင်း၌ အသုံးအဆောင်ပစ္စည်း၊ လူ၊ ပတ်ဝန်းကျင်၊ သိုလှောင်မှု စနစ်တကျသန့်ရှင်းမှုမရှိလျှင် ပြင်ပမှ ဘက်တီးရီးယားပိုးများ ဝင်ရောက်လာနိုင်သည်။ ဒါကို သတိထားဖို့လည်းလိုပါတယ်။

*** နို့စိမ်းမှာကတည်းက ဘက်တီးရီးယားပိုး ပါဝင်မှုနည်းပြီး အရည်အသွေးကောင်းသည့် နို့သည် ပိုကောင်းမွန်သည့် ထုတ်ကုန်ကိုပေးနိုင်မှာ ဖြစ်ပါတယ်။ (အနံ့အရသာကောင်းမွန်ခြင်း၊ ရေရှည်အထားခံခြင်း စသည်)

*** နွားနို့တွင် လူကို ဘေးဥပါဒ်ဖြစ်စေမည့် ဘက်တီးရီးယားပိုးများပါဝင်မှုကို ထိန်းချုပ်နိုင်ဖို့ နွားမှစ၍ နောက်ဆုံးထုတ်ကုန်အထိ အဆင့်တိုင်းက အရေးကြီးကြောင်း ပြောကြားလိုပါတယ်။

***အဆင့်တိုင်းတွင် သန့်ရှင်းစွာ လုပ်ဆောင်မှု အရေးကြီးပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်