စွန့်ပစ်ပစ္စည်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု

16/01/2018 17:25 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဦးစည်သူလွင် (Training consultant, Myanmar Environmental Education Team)

မြန်မာပြည်မှာ လေထုညစ်ညမ်းမှု (Air pollution, Air Quality Standard) က မြန်မာ ပြည်မှာ မရှိဘူး။ ရေတို့၊ မြေကြီးတို့နဲ့ ပတ်သတ်တာတွေလည်း  မရှိသေးဘူး။ အခုဆိုရင် အရက်ချက် စက်ရုံတွေဆိုလည်း ချောင်း၊ မြောင်းတွေထဲ အလွယ်တကူ စွန့်ပစ်ကြတယ်။ အခု ရန်ကုန်မြို့အနေနဲ့ ဆိုရင်လည်း လေထုညစ်ညမ်းမှု (pollution) ပြဿနာက ကြီးတယ်။ လူတွေရဲ့ ကျန်းမာရေးကို တကယ် ထိခိုက်နိုင်တယ်။ ဥပမာပေးရရင် သာကေတ ဆီအုန်းစက်ရုံက မီးခိုးခေါင်းတိုင်က ထွက်လာတဲ့ ဖုန်တွေက တစ်ရပ်ကွက်လုံးကို ဖုံးနေတယ်။ ဖုန်တွေက လက်နဲ့တောင် ကိုင်ကြည့်လို့ ရတယ်။ ကိုယ်တိုင်သွားကြည့်ရင် ပိုကောင်းမယ်။ အနံ့ကလည်း ဆိုးတယ်။ အဲဒီ စက်ရုံကို ရပ်ကွက်ကလည်း အကြိမ်ပေါင်းများစွာ ပြောင်းပေးပါ၊ ပိတ်ပေးပါ ပြောတယ်။ အဲဒီ စက်ရုံက (မန်နေဂျာ အဆင့်) တာဝန်ရှိတဲ့ လူကြီးပိုင်းက လာပြီး ဟိုလဒီလ အပြီးပေးမယ်လို့ ကတိတွေ အကြိမ်ကြိမ်ပေးပြီး ယနေ့အထိ ဘာမှ ဖြစ်မလာဘူး။

မြန်မာ နိုင်ငံရဲ့ ပြဿနာက ဥပဒေ ပြုနေတဲ့ လူတွေကိုယ်တိုင် သာမန်ပြည်သူတွေရဲ့ ဘဝနဲ့ အသက်ကို ဂရုမစိုက်ဘဲ သူတို့ အကျိုးစီးပွား အတွက်ပဲ ထင်သလိုလုပ်နေရင် Rule of Law မရှိဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ရင် Rule of Law ရှိမှ ရမှာ။ ရှိဖို့ကလည်း ဥပဒေပြုနေတဲ့ အမတ်တွေကိုယ်တိုင် အဲဒီဥပဒေတွေကို လေးစားလိုက်နာဖို့ လိုတာ။ သူတို့ကိုယ်တိုင် အဲဒီနေရာမှာ ဝင်ထိုင်နေပြီး သူတို့ အကျိုးစီးပွားအတွက်ပဲ ကာကွယ်နေလို့ ကတော့ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးက ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း အောင်မြင် ချင်ရင် တရားဥပဒေ စိုးမိုးမှ ဖြစ်မယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေလည်း အမြန်ဆုံး ထွက်လာမှ ဖြစ်မယ်။ ဥပဒေကို ကိုင်တွယ် အသုံးပြုမယ့် လူတွေကိုယ်တိုင်နဲ့ ဥပဒေ ပြုတဲ့ လူတွေကိုယ်တိုင် လေးစားလိုက်နာဖို့လိုတယ်။ အခု ဒီအခြေအနေ တွေက ရန်ကုန်မျာတင် ဖြစ်နေတာ။ လောလောဆယ် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဥပဒေတွေ ထွက်ထားပြီးပေမယ့် လိုက်နာရမယ့် နည်းဥပဒေက ထွက်မလာသေးဘူး။ နည်းဥပဒေကို ပြဌာန်းဖို့ လုပ်နေတဲ့ အထဲမှာလည်း ခရိုနီတွေ ကိုယ်တိုင်ပါတယ်။ အဲဒီတော့ ကြာဦးမှာ။ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲံ ခေါင်းစဉ်က ကျယ်ပြန့်တယ်။ တို့နိုင်ငံရဲ့ အနာဂတ်ကို ဆက်ပြီး သယ်ဆောင်သွားမှာက ကလေးတွေဖြစ်တဲ့အတွက် ကလေးအရွယ်ကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိတွေ ထည့်ပေးသင့်တယ်။ ဒီအထဲမှာ ရေ၊ အချိုရည်၊ အမြန်စာ၊ သရေစာ (fast food, Junk food) တွေကိုလည်း ဂရုစိုက်ဖို့လိုတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လူတွေ နားလည်အောင်၊ သူတို့ စိတ်ထဲရောက်သွားအောင် မီဒီယာတွေကလည်း ဝိုင်ဝန်းပြီး လုပ်ပေးသင့်ပါတယ်။

ဆွေဆွေဇော်

Ref: The Earth Journal


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်