အောက်ချင်းငှက်မျိုးစိတ်(၁၀)ကောင်အား မူရင်းကျက်စားရာ နေရာသို့ ဘေးမဲ့လွှတ်ခြင်း ဆောင်ရွက်

02/11/2018 12:03 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အနောက်ဘက် မင်းဘူး-အမ်း လမ်း မိုင်တိုင်အမှတ်(၅၃)အနီး နတ်ရေကန်တောင်ဒေသ ရေထိန်းတောင်တွင် မကွေးမြို့နယ်မှ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာနမှ ထိန်းသိမ်းထားရှိသည့် အောက်ချင်းငှက်မျိုးစိတ် (၁၀) ကောင်အား ယမန်နေ့ နံနက်ပိုင်းက ဘေးမဲ့လွှတ်ပေးခဲ့သည်။

“နတ်ရေကန်တောင်ဒေသမှာ ဘေးမဲ့ပေးထားတဲ့ အောက်ချင်း၊ အောင်လောင်ငှက်တွေ အများကြီးရှိပါတယ်၊ အခုလွှတ်တာက မကွေးမြို့ပေါ်က ကုန်သည်ဆီက ဖမ်းမိတဲ့အကောင်တွေပါ။ တောင်ပေါ်ဒေသခံများနဲ့ အများပြည်သူများ မိမိဒေသပတ်ဝန်းကျင်မှ အောက်ချင်းငှက်မျိုးစိတ်များ ထိန်းသိမ်းကြစေရန် ရည်ရွယ်ပြီး တိုင်းဒေသကြီး သစ်တောဦးစီးဌာနနဲ့ တောင်ပေါ်ဒေသ ရိုးမလူငယ်အလင်းတန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်" ဟု တောင်ပေါ် အရှိုချင်း တိုင်းရင်းသားဒေသခံ ကိုရန်နောင်ထွန်း ကပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမြင့်သိန်းခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကျော်၊ ခရိုင်သစ်တောမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒု-ရဲမှူး အောင်ကိုနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ငဖဲမြို့နယ် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ မြို့နယ်သစ်တောဦးစီးမှူး ဦးမိုးအာကာကျော်နှင့် တောင်ပေါ်ဒေသမှ ဒေသခံပြည်သူ (၇၅) ဦး တက်ရောက်ခဲ့ပြီး တာဝန်ရှိသူတို့က သစ်တောထိန်းသိမ်းရေး အကြောင်း အရာများနှင့်ပတ်သက်၍ ဒေသခံပြည်သူများအား အသိပညာပေး ရှင်းလင်း ဟောပြောခဲ့ကြကြောင်း သိရသည်။ 

သန်းနိုင်ဦး(ငဖဲ) 1-11-2018(MOI)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်