ထူးခြားရှားပါး …………….ရေနဂါးများ

17/02/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရေနဂါး(seahorse)ကို ပင်လယ်မြင်း (သို့မဟုတ်) ရေနဂါး ဟု လူသိများကြပါသည်။ ရေနဂါးမှာ ငါးမျိုးစိတ်တစ်မျိုးဖြစ်ပြီး ရေထဲမှာပဲ နေကြသည်။ ပါးဟက် နှင့် အသက်ရှုပြီး ဗိုက်ထဲမှာ စီဖောင်းများရှိကြပါသည်။ သို့သော် သူတို့အမြီးက ရေကိုယက်ပြီး ကူးခတ်နိုင်သည့် ဆူးတောင်မဟုတ်ပါ။ မျိုးကွဲများစွာ ရှိကြပြီး ထူးခြားချက်မှာ အကြေးခွံမပါခြင်း၊ အခြားငါးများကဲ့သို့ အလျားလိုက် ရေမကူးဘဲ ဒေါင်လိုက်ရေကူးနိင်ခြင်း တို့ ဖြစ်ပါသည်။

ခန္ဓာကိုယ်အရွယ်အစား 1.5 cm မှ 3.5 cm(.၆ လက်မ မှ ၁၄.၀ လက်မ) ထိရှိကြပါသည်။ မျိုးစိတ် ၄၅ ခုရှိပြီး genus (မျိုးစု) - Hippocampus တွင် ပါဝင်ပါသည်။

ရေနဂါး(seahorse)များ၏ မျက်လုံး() ဖက်မှာ တစ်ဖက် တစ်နေရာစီ ခွဲပြီး ကြည့်လို့ရပါသည်။ ထို့ကြောင့် ညာဘက်မျက်လုံးနှင့် အစာရှာနေစဥ်မှာ ကျန်တဲ့ဘယ်ဖက်မျက်လုံးတစ်ဖက်နဲ့ ရန်သူကို မျက်ခြေမပြက် စောင့်ကြည့်နေနိင် ကြပါသည်။

ရေနဂါးမှာ ရေသတ္တဝါဖြစ်သော်ငြား အတော်ထူးခြားလှပါသည်။ ခေါင်းပိုင်ချည်းကွက်ပြီးကြည့်လျှင် ကုန်းနေသတ္တဝါ 'မြင်း'နှင့် အတော်တူပါသည်။ ရေနဂါးတွေကို အပူပိုင်းနှင့် သမပိုင်းဒေသ ပင်လယ်ရေတိမ်တွေမှာ တွေ့ရတတ်သည်။ အရွယ်အစားမျိုးစုံရှိကြပြီး တချို့က လက်မတစ်ဝက် (/)အရွယ်လောက်သာရှိကြပြီး အချို့မှာ ၁၄လက်မ လောက်ထိ ကြီးထွားကြသည်။

ရေနဂါးမှာ ပုံသဏ္ဍာန်အားဖြင့် လှပသည့်အပြင် ချစ်စဖွယ်အလေ့အထတစ်ခုမှာ သူတို့၏ ချစ်ခြင်းမေတ္တာတစ်ခုပင် ဖြစ်သည်။ ရေနဂါး အထီးရော၊ အမပါ သူတို့ရဲ့ လက်တွဲဖော် တစ်ကောင်ကောင်ကို ရွေးချယ်ပြီးပါက နောက်ထပ် ဘယ်ရေနဂါးနှင့်မှ ထပ်မတွဲကြတော့ပေ။ Lifetimeတစ်ခုအတွက် လက်တွဲဖော်တစ်ဦးသာ ရွေးချယ်နေထိုင်ကြခြင်း ဖြစ်သည်။ အမြဲတတွဲတွဲနေလေ့ရှိပြီး နေရာဒေသတစ်ခုမှ တစ်ခုသို့ ပြောင်းရွေ့သောအခါတွင်လည်း တစ်ကောင်နှင့်တစ်ကောင် အမြီးချင်းချိတ်၍ သွားလာတတ်ကြပါသည်။

ဒါ့ကြောင့်လည်း ရေနဂါးအရုပ်လေးများကို ချစ်ခြင်းရဲ့သင်္ကေတအဖြစ် နိုင်ငံတော်တော်များများမှာ လက်ဆောင်ပစ္စည်းအဖြစ် ပေးလေ့ရှိကြပါသည်။

ရေနဂါးတွေရဲ့ ဗိုက်မှာ အပေါက်ပါတာ အထီးဟုသိရပြီး အထီးက ကလေးမွေးရလို့ ဗိုက်မှာ အပေါက်ပါသည်ဟု သိရသည်။ ထူးခြားဆန်းပြားလှပေသည်။ ရေနဂါးတွေ မိတ်လိုက်ချိန်မှာ အမဟာ အဖိုရဲ့ ဝမ်းဗိုက်အိတ်(pouch)ထဲသို့ ဥ ဥချပါသည်။ ဝမ်းဗိုက်ပူနေသော ရေနဂါးများမှာ အဖိုများသာ ဖြစ်ပါသည်။ အကောင်ပေါက်သည်အထိ ပြုစုစောင့်ရှောက်တာ ရေနဂါးအဖိုတွေဖြစ်သည်။

ရေနဂါးအထီးမှာ (၂ – ၄) ပတ်အကြာ သန္ဓေသားကို လွယ်ထားရသည်။ (၂ – ၄) ပတ်အကြာတွင် အောင်မြင်တဲ့ ဥတွေဟာ ရင့်မှည့်လာကြပြီး အထီးမှာ ခန္ဓာကိုယ်ကို ကွေးချည်ဆန့်ချည်လုပ်ပြီး ရေနဂါးလေးတွေကို တစ်ကောင်ချင်း မွေးထုတ်ရပါသည်။ တစ်ခါမွေးလျှင် ပုံမှန်အားဖြင့် အကောင် ၁၀၀ – ၂၀၀ ဝန်းကျင်ရှိကြသည်။ အနည်းဆုံး ၅ ကောင်မှ အများဆုံးကောင်ရေ ၁၅၀၀ လောက်အထိ မွေးတတ်ကြပါသည်။

ရေနဂါးလေးများမှာ ပင်လယ်မြက်ပင်ဖြစ်ဖြစ်၊ သန္တာကျောက်ဆောင်ဖြစ်ဖြစ် တစ်ခုခုကို အမြီးနှင့် ဆုပ်ကိုင်ထားပြီး ရေစီးကြောင်းတွင် မျောပါလာသော ရေမှော်ပင်၊ ရေပိုးမွှားလေးများကို ဖမ်းစားတတ်ကြသည်။ ရေနဂါးတစ်ကောင်သည် တစ်နေ့ကို ရေငန်ပုစွန်ဆိတ်ကောင်ရေ (၃၀၀၀) ကျော်ခန့်စားနိုင်ကြသည်။ ငါးသားပေါက်နှင့် အခွံမာ ရေသတ္တဝါငယ်လေးများကို စားကြပါသည်။ သို့သော် ရေနဂါးများမှာ အစာအများကြီး စားလို့ မဖြစ်ချေ။ သူတို့တွင် အစာအိမ် မရှိသလို သွားလည်း မရှိကြပေ။ ပါးစပ်က စားလိုက်တဲ့ အစာမှာ အောက်ကနေ အချိန်တိုအတွင်း ပြန်ထွက်သွားပါသည်။

ရေနဂါးများမှာ ရှားပါးရေနေသတ္တဝါစာရင်းတွင် ပါဝင်နေသဖြင့် ဖမ်းဆီးခြင်း၊ ရောင်းဝယ်စုဆောင်းခြင်း မပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်ထားသော ရေသတ္တဝါလည်း ဖြစ်ပါသည်။

ပင်လယ်ပြာ ( ငါးဦးစီးဌာန)

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်