လာမည့်သုံးနှစ်အတွင်းမှာ အော်ဂဲနစ်ချင်းခြောက် တန်ချိန်(၃၀၀၀)ကို နယ်သာလန်နိုင်ငံကို တင်ပို့သွားမှာဖြစ်ကြောင်း ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တောင်သူများချင်းကို စီးပွားဖြစ်လုပ်သွားနိုင်ရန်အတွက် အော်ဂဲနစ်ချင်းများကိုစိုက်ပျိုးကာ သုံးနှစ်အတွင်းမှာ တင်ပို့သွားနိုင်ရန်အတွက် စီစဉ်လုပ်ဆောင်နေတာဖြစ်တယ်လို့ ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဇော်ညွှန့်ကပြောပါတယ်။
“နယ်သာလန်နိုင်ငံကနေပြီးတော့ မှာတဲ့အတွက် တင်ပို့နိုင်ဖို့ စီစဉ်လုပ်ဆောင်နေပါတယ်။ ဒီနှစ်မှာတော့ မျိုးတွေစပြီးစိုက်ပျိုးနေပါပြီ။ လာမယ့်သုံးနှစ်အတွင်းမှာ တင်ပို့နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ တောင်သူတွေလည်း ချင်းကို စီးပွားဖြစ်လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်သွားမှာပါ”
အော်ဂဲနစ်ချင်းမျိုးများကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံးစိုက်ပျိုးသွားမှာဖြစ်ပြီး ဧက(၃၀) ဝန်းကျင်စိုက်ပျိုးသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
အော်ဂဲနစ်ချင်းခြောက်များကို နယ်သာလန်နိုင်ငံမှ နည်းပညာများနဲ့မျိုးများပေးကာ စီစဉ်လုပ် ဆောင်သွားမှာဖြစ်ကြောင်းလည်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more