မြန်မာ့အစေ့ထုတ်ပြောင်းကို ဖေဖော်ဝါရီလမှာ ထိုင်းကိုစတင်တင်ပို့သွားမည်

07/01/2020 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာစတင်ကာ မြန်မာ့အစေ့ထုတ်ပြောင်းကို ထိုင်းနိုင်ငံကို စတင် တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။

ပြည်တွင်းမှာထွက်ရှိနေတဲ့ အစေ့ထုတ်ပြောင်းကို ထိုင်းနိုင်ငံမှဝယ်ယူရန် ကမ်းလှမ်းခဲ့တဲ့အတွက် လာမယ့်လ (၁) ရက်နေ့မှာစတင်ကာ တင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဌ ဦးမင်းခိုင်ကပြောပါတယ်။

ထိုင်းနိုင်ငံက မြန်မာ့အစေ့ထုတ်ပြောင်းကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့ပြီးတော့ အခုဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စတင်တင်ပို့သွားမှာပါ။ တန်ချိန်ကတော့ သူတို့ကလိုချင်တဲ့ပမဏကို ဝယ်ဖို့လည်း ကမ်းလှမ်းခဲ့ပါတယ်

ထိုင်းနိုင်ငံမှ မြန်မာ့အစေ့ထုတ်ပြောင်းကို ၁.၂၅ တန်ဝယ်ယူနိုင်ရန် ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

နှစ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနဲ့ ထိုင်းနိုင်ငံ ကုန်သည်အစုအဖွဲ့အသင်းကြီးတို့မှ မြန်မာ့အစေ့ထုတ်ပြောင်းကို တင်ပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

မြန်မာ့အစေ့ထုတ်ပြောင်းကို တရုတ်နဲ့ ထိုင်းနိုင်ငံပြည်ပစျေးကွက်များကို တင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်